BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • Mask တပ်ခြင်းနဲ့ ပတ်သက်တဲ့...
Top Block

Mask တပ်ခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတအမှား

ဒီရက်ပိုင်းအတွင်းမှာ ကိုဗစ် ၁၉ ကာကွယ်ရာမှာ အရေးကြီးတဲ့ Mask တပ်ခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတ အမှားတစ်ခု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Sept 2020 9:36 AM IST
  • Mask တပ်ခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတအမှား

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို အကောင့်ပေါင်း များစွာက ဖြန့်ဝေထားကြတာ ဖြစ်ပြီးတော့ အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်မှာ Mask

    အသုံးပြုခြင်းနဲ့ပတ်သက်လို့ လူထုကြားအမှတ်မှားစေနိုင်တဲ့ရေးသားဖြန့်ဝေမှုတွေပါဝင်ပါတယ်။

    မူရင်းရေးသားမှုထဲမှာ "ကူးစက်လူနာကြားထဲ မဟုတ်ပါက လုံခြုံလွန်းသော Mask များ မတပ်ထားပါနဲ့" လို့ ရေးသားထားပါတယ်။ ၎င်းပိုစ့်ရဲ့အတွင်းပိုင်းမှာတော့ "တစ်ကယ်ဖြစ်နိုင်တယ်။ ကျွန်မတို့ မနက် 9 နာရီကနေ ည 9 နာရီထိ အလုပ်ချိန်အတွင်းမှာ မတပ်မနေရ တပ်ထားရလို့ နေထိုင်မကောင်းဖြစ်ချင် လာနေပြီ အရင်လို မလန်းဆန်းတော့ဘူး" လို့ အစချီရေးသားထားပြီး "နှာခေါင်းစည်း (Mask) တပ်ခြင်းဖြင့် Covid19 ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ နှာခေါင်းစည်း ကြာရှည်စွာ တပ်ထားခြင်းဖြင့် သင့်ကျန်းမာရေး ထိခိုက်လာနိုင်တယ်ဆိုတာကော သင်သိပြီးပလား" လို့ ဆက်လက်ရေးသားထားပါတယ်။

    အဲ့ဒီပိုစ့်အတွင်းမှာတော့ Mask တပ်ထားသူဟာ Oxygen ရရှိမှု နည်းသွားပြီး ကိုယ်ရှုထုတ်လိုက်တဲ့ Carbon dioxide ကိုသာပြန်ရှုနေရတဲ့အတွက် မောပန်း နွမ်းနယ်ခြင်းတွေ၊ စိတ်တိုတာတွေ ဒေါသထွက်လွယ်တာတွေ အစားမစားချင်တာတွေ၊ ညအိပ်မပျော်တာတွေကနေ အဆုပ်ရောဂါ နှလုံးရောဂါပါ ရစေနိုင်တယ်လို့ ဖော်ပြထားပြီး အကယ်၍ လူကြားထဲသွားလာနေရသူ ဖြစ်လျှင် ၁၅ မိနစ် တစ်ကြိမ် Mask ကိုချွတ်ထားပြီး အဆုပ်ထဲ လေကောင်းလေသန့်ရအောင် ရှုသွင်းပေးသင့်တယ် ရေးသားထားပြီး ကူးစက်လူနာတွေ ကြားထဲမှာ မဟုတ်ရင် အရမ်းလုံခြုံတဲ့ Mask တွေ တပ်မထားသင့်ဘူးလို့ ရေးသားထားပါတယ်။

    ရေးသားမှု အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို အကောင့်ပေါင်းများစွာက ကူးယူဖော်ပြထားကြပြီး ထပ်ဆင့်ဝေမျှသူ ပေါင်းများစွာနဲ့ လူပေါင်း သိန်းဂဏာန်းကျော်အထိ ပျံနှံ့နေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ကူးစက်လူနာတွေ ကြားထဲ မဟုတ်ရင် အရမ်း လုံခြုံတဲ့ Mask တပ်မထားဖို့နဲ့ ၁၅ မိနစ်တစ်ခါ Mask ကို ချွတ်ပြီး လေကောင်းလေသန့် ရအောင် ရှုသွင်းပေးသင့်တယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ အင်္ဂလန်နိုင်ငံ Cardiff စီရင်စု မှာရှိတဲ့ University Hospital of Wales က ဆေးရုံက အကြီးတန်းဆရာဝန် ဒေါက်တာချမ်းသာစိုးကို ဆက်သွယ်မေးမြန်း ထားပါတယ်။

    ဒီအကြောင်းအရာ ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး "အဲဒီပို့စ်ဟာ မှားပါတယ်။ WHO က အဲလို ညွှန်ကြားချက် မထုတ်ပေးထားပါ။ အဲဒီမှာ လမ်းညွှန်ချက်ပါ။ WHO လမ်းညွှန်ချက်

    အခု နောက်ဆုံးလမ်းညွှန်ချက်က ကျန်းမာရေး၀န်ထမ်းတွေအနေနဲ့ အလုပ်ခွင်မှာ Mask ကို အချိန်ပြည့်တပ်ခိုင်းထားပါတယ်။ Mask တပ်တဲ့အတွက် ကောင်းကျိုးက ဆိုးကျိုးထက် လောလောဆယ်မှာ ပိုများပါတယ်။ နှာခေါင်းစည်းတပ်ခြင်းကြောင့် နှလုံးရောဂါတွေ အဆုတ်ရောဂါတွေ ဖြစ်တယ်ဆိုတာ သက်သေအထောက်အထားမရှိသေးပါဘူး" လို့ဆိုပါတယ်။

    Mask အသုံးပြုမှုအပေါ်နားလည်မှုလွဲစေနိုင်တဲံအရေးအသားတချို့နဲ့ပတ်သက်လို့လည်း ဒေါက်တာ ချမ်းသာစိုးက အခုလိုပြောပါတယ်။

    "နှာခေါင်းစည်းကို ဖြုတ်လိုက်တပ်လိုက်လုပ်ရင် လက်ကနေရော မျက်နှာကနေရော ပိုးတွေကူးနိုင်တဲ့အတွက် အကျိုးယုတ်နိုင်ပါတယ်။ ဒါကြောင့် နှာခေါင်းစည်းကို ဖြုတ်လိုက်တပ်လိုက်လုပ်ဖို့ အားမပေးပါဘူး။ ကလေးငယ်တွေနဲ့ စိတ်ကျန်းမာရေးမကောင်းသူတွေ၊ အဆုတ်ရောဂါ နှလုံးရောဂါရှိသူတွေမှာတော့ နှာခေါင်းစည်းတပ်ဖို့ မညွှန်ကြားပါဘူး။ နောက်တစ်ခုကတော့ ပတ်၀န်းကျင်မှာ ဘယ်သူမှ မရှိဘူး။ ဥပမာ - ကိုယ့်ရုံးခန်းထဲမှာ ကိုယ်တစ်ယောက်တည်းရှိမယ် ကားထဲမှာ ကိုယ်တစ်ယောက်ထဲ ရှိမယ်ဆိုရင်တော့ တပ်ဖို့မလိုပါဘူး။ ကလေးတွေနဲ့ စိတ်ကျန်းမာရေးမကောင်းသူတွေအတွက် Face shield ကို အစားထိုးသုံးနိုင်တယ်လို့ ပြောပါတယ်။ နှာခေါင်းစည်းတပ်လို့ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိမယ်ဆိုတဲ့ သက်သေအထောက်အထား လုံး၀မရှိသေးပါဘူး" လို့ ဒေါက်တာချမ်းသာစိုးက Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

    Tags

    Covid-19wearing a maskfalse health informationကိုရိုနာမြန်မာကျန်းမာရေးဗဟုသုတအမှားMask တပ်ခြင်း
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ကူးစက်လူနာတွေ ကြားထဲ မဟုတ်ရင် အရမ်း လုံခြုံတဲ့ Mask တပ်မထားဖို့နဲ့ ၁၅ မိနစ်တစ်ခါ Mask ကို ချွတ်ပြီး လေကောင်းလေသန့် ရအောင် ရှုသွင်းပေးသင့်တယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အင်္ဂလန်နိုင်ငံ Cardiff စီရင်စု မှာရှိတဲ့ University Hospital of Wales က ဆေးရုံက အကြီးတန်းဆရာဝန် ဒေါက်တာချမ်းသာစိုးကို ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!