BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • R2P စစ်သားငါသိန်း လာနေပြီဆိုတဲ့...
Top Block

R2P စစ်သားငါသိန်း လာနေပြီဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ R2P စစ်သားတွေ မြန်မာပြည် ဝင်လာနေပြီ ဆိုတဲ့ သတင်းအမှား Video တစ်ပုဒ် ကိုအမှန်တကယ်ယုံမှတ်ပြီးဖြန့်ဝေနေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  16 May 2021 5:12 PM IST
  • R2P စစ်သားငါသိန်း လာနေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှား Video ကို A Lin Young ဆိုတဲ့ YouTube အကောင့်တစ်ခုက ဧပြီလ ၃၀ ရက်နေ့မှာ တင်ထားတာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲ ထပ်ဆင့် ဖြန့်ဝေထားပါတယ်။

    အဲ့ဒီ YouTube Video ဟာ ကြာမြင့်ချိန် ၁၂ မိနစ်နဲ့ ၁၃ စက္ကန့် ရှိပြီး ဝင်ရောက် ကြည့်ရှု့ထားသူ ၁၄၀၀ ကျော်ရှိပါတယ်။ အဲ့ဒီ Video ရဲ့ ခေါင်းစဉ်မှာ "R2P စစ်သား အင်အား ၅ သိန်း မြန်မာကို ဝင်စီးရန် လာနေပြီ" ၊ "UN မလာတော့ဘူး ထင်နေတဲ့ သူများအတွက် အထူးသတင်းကောင်း လာပြီ" လို့ ရေးထားပါတယ်။

    ၎င်း Video အတွင်းမှာတော့ UN က စစ်တိုက်နိုင်ခြေရှိတဲ့ အခြေအနေတွေကို အင်တာဗျူးမှာ တစ်ယောက်က ပြောပြနေတာ ဖြစ်ပြီး အဆိုပါ အင်တာဗျူးထဲမှာလည်း UN တပ်တွေ လာဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် Video ရဲ့ ခေါင်းစဉ်မှာတော့ R2P စစ်သား ၅ သိန်း လာနေပြီလို့ ဖော်ပြထားပါတယ်။

    မူရင်း YouTube Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    A Lin Young ဆိုတဲ့ YouTube အကောင့်မှာ တင်ထားတဲ့ R2P စစ်သား ၅ သိန်း မြန်မာပြည်ကို ဝင်စီးဖို့ လာနေပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူ များအောင် သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားထားတာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    UN တပ်တွေရော လာနေပြီလို့ ရေးသားထားတဲ့ Video တွေထဲမှာ RFA က အင်တာဗျူးတစ်ခုက နောက်ခံအသံကို ယူပြီး ပြုလုပ်ထားပေမယ့် Video ထဲမှာ ပြောထားတဲ့ မှတ်ချက်စကားမှာ UN တပ်တွေ လာရောက်နိုင်ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။

    ဒီလို YouTube Video တွေဟာ လူမှုကွန်ယက်ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူများအောင် ဖန်တီးထားတာဖြစ်ပြီး ကြည့်ရှု့သူများရင် YouTube ကြော်ငြာကနေ ဝင်ငွေပြန်ရအောင် ဖန်တီးပြီး စီးပွားရှာနေတဲ့ Video သာ ဖြစ်ပါတယ်။

    Tags

    Fake newsYouTube videoR2P soldiersMyanmarBurmaCoupMilitaryသတင်းအတု
    Read Full Article
    Claim :   A Lin Young ဆိုတဲ့ YouTube အကောင့်မှာ တင်ထားတဲ့ R2P စစ်သား ၅ သိန်း မြန်မာပြည်ကို ဝင်စီးဖို့ လာနေပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!