BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဖုန်းအလုံး ၁ ထောင်...
Top Block

ဖုန်းအလုံး ၁ ထောင် ကံစမ်းမဲဖောက်မယ်ဆိုတဲ့ ပေ့ချ်အတုကို သတိထားပါ

လူမှုကွန်ယက်ပေါ်မှာ Facebook Page အသစ်တွေ ထောင်ပြီး Like များအောင် လိမ်ညာရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ မကြာခဏ တွေ့နေရပါတယ်။

By - Boom Live Myanmar |
Published -  22 Sept 2020 5:59 PM IST
  • ဖုန်းအလုံး ၁ ထောင် ကံစမ်းမဲဖောက်မယ်ဆိုတဲ့ ပေ့ချ်အတုကို သတိထားပါ

    ဒီရက်ပိုင်းအတွင်းမှာ Promotion Giveaway ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက OPPO ဖုန်း အမှတ်တံဆိပ် နာမည်နဲ့ အသုံးပြုပြီး ဖုန်း အလုံး ၁၀၀၀ ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး လိမ်ညာထားတဲ့ ပိုစ့်တစ်ခု တင်ထားပါတယ်။

    အဆိုပါ လိမ်ညာထားတဲ့ ပိုစ့်ကို ၎င်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီ ၅၃ မိနစ်မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ Covid 19 ကာလမှာ OPPO ရဲ့ပံ့ပိုးမှုနဲ့အတူ OPPO ဖုန်းများကိုမြန်မာနိုင်ငံသားများအတွက် မဲဖောက်ပေးသွားမှာဖြစ်ကြောင်း၊ OPPO RENO 4 5G အလုံး (1000) ဖြစ်ပါတယ်။ OPPO RENO 4 5G ဖုန်းကိုမဲဖောက်ပေးမှာဖြစ်ကြောင်း Post ကို Like နဲ့ Share လုပ်ပြီး Group ၅ ခုမှာ Share လုပ်ဖို့လိုကြောင်း စတာတွေနဲ့ လိမ်လည်ဖြားယောင်းပြီး ဝေမျှခိုင်းနေတာဖြစ်ပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

    အဲ့ဒီပိုစ့်ကို ၎င်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ထပ်ဆင့်ဝေမျှထားသူ ၂၈၀၀၀ ကျော် ရှိနေပြီး Like လုပ်ထားသူ ၅၅၀၀ ကျော်နဲ့ Comment ပေါင်း ၄၆၀၀ ကျော် ရှိနေပါတယ်။ အဲ့ ဒီပိုစ့်ရဲ့ Comment အောက်မှာ ထပ်ဆင့်ဝေမျှထားသူတွေက ၎င်းတို့ ဝေမျှထားတဲ့ ပိုစ့်တွေရဲ့ Screen Shot နဲ့ ၎င်းတို့ရဲ့ ဖုန်းနံပါတ်တွေ ရေးသားနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Promotion Giveaway ဆိုတဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားထားတဲ့ OPPO ဖုန်းအမှတ်တံဆိပ်နာမည် အသုံးပြုပြီး ဖုန်းအလုံး (၁၀၀၀) ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခါ Page Like များအောင် လိမ်ညာထားတဲ့ ပိုစ့်ဖြစ်ကြောင်း တွေ့ရပါတယ်။

    OPPO ရဲ့ တရားဝင် ဖေ့စ်ဘွတ်ပေ့ချ်ရဲ့ Messenger ကို အဆိုပါ Page နဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့ အခါမှာ ၎င်းတို့နဲ့ သက်ဆိုင်ခြင်း မရှိဘဲ လိမ်ညာထားတဲ့ Page ဖြစ်တယ်လို့ ဆိုပါတယ်။


    အဆိုပါ Page အတု ကို ဝင်ရောက် လေ့လာကြည့်တဲ့အခါမှာ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ပြုလုပ်ထားတာ ဖြစ်ပြီး လိမ်ညာထားတဲ့ ပိုစ့်ကို တကယ်ထင်ပြီး ထပ်ဆင့်ဝေမျှသူတွေကြောင့် လက်ရှိမှာ Page ကို Like လုပ်ထားသူဟာ (၇) ရက်အတွင်း တစ်သောင်းလေးထောင် ကျော် ရောက်ရှိတာကို တွေ့ရပါတယ်။


    ဒီလို့လိမ်ညာထားတဲ့ Page အတုတွေဟာ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ တွေ့ရလေ့ရှိပြီး ၎င်းတို့ Page ကို Like လုပ်ထားသူ များလာတဲ့ အခါမှာ အဲ့ဒီ လိမ်ညာထားတဲ့ ပိုစ့်တွေကို ပြန်ဖြုတ်ချပြီး ချဲထီ လောင်းကစားလုပ်တဲ့ ပေ့ချ်တွေ၊ ဘောလုံးပွဲ လောင်းကစားလုပ်တဲ့ ပေ့ချ်တွေ အဖြစ် ပြောင်းသွားလေ့ရှိသလို Online Shopping လုပ်တဲ့ သူတွေဆီကို ပြန်ရောင်းချတာတွေလည်း လုပ်လေ့ရှိတာကို တွေ့ရပါတယ်။


    Tags

    Fake pagegive awayOPPO phonesဖုန်းအလုံး ၁ ထောင်ကံစမ်းမဲပေ့ချ်အတု
    Read Full Article
    Claim :   Promotion Giveaway ဆိုတဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားထားတဲ့ OPPO ဖုန်းအမှတ်တံဆိပ်နာမည် အသုံးပြုပြီး ဖုန်းအလုံး (၁၀၀၀) ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!