BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • အကြောင်းမဲ့အပြင်ထွက်လျှင် ထောင်ဒဏ်...
Top Block

အကြောင်းမဲ့အပြင်ထွက်လျှင် ထောင်ဒဏ် ၁ နှစ် ချမယ်ဆိုတာ တကယ်လား

ကိုဗစ် ၁၉ ရောဂါ တကျော့ပြန် ဖြစ်ပွားလာတဲ့ချိန်မှာ ဒီအခြေအနေအပေါ် သတင်းအမှားတွေ နဲ့အမြတ်ထုတ်နေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  25 Sept 2020 9:44 PM IST
  • အကြောင်းမဲ့အပြင်ထွက်လျှင် ထောင်ဒဏ် ၁ နှစ် ချမယ်ဆိုတာ တကယ်လား

    ဒီရက်ပိုင်းအတွင်းမှာ အကြောင်းပြချက်မရှိဘဲ အပြင်ထွက်ရင် ထောင်ဒဏ် (၁) နှစ် ချမှတ်မယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ပျံနှံ့နေပါတယ်။ အဲ့ဒီ သတင်းအမှားကို FBV ဆိုတဲ့ ဝက်ဘ်ဆိုဒ် တစ်ခုမှာ စက်တင်ဘာလ ၂၂ ရက်နေ့က တင်ထားတာ ဖြစ်ပြီး ၎င်းက Kyi Thar Han ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ရဲ့ ပိုစ့်ကို သတင်းပြန်လုပ်ပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။ အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ "24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့်ရှိတဲ့သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်လို့ရပ်ကွက်တော်တော်များများမှာ လော်နဲ့လိုက်အော်နေပီလို့သိရပါတယ်" လို့ ရေးသားထားခြင်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ၎င်းရဲ့ ပိုစ့်ကို ပြန်လည် ဖြုတ်ချသွားခဲ့ပေမယ့် သတင်းအမှားလွင့်ပြီး စီးပွားရှာနေတဲ့ ဝက်ဘ်ဆိုဒ် ၃ ခု လောက်က အဲ့ဒီအကြောင်းအရာကို သတင်းအဖြစ် ပြန်လည် ဖော်ပြခဲ့ကြပါတယ်။

    Kyi Thar Han ဟာ လူမှုကွန်ရက်မှာလူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့အကောင့်ကလည်း Blue Mark ရရှိထားတဲ့အကောင့်ဖြစ်ပေမယ့် ဒီသတင်းအမှားကိုဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    အကောင့်မှာတင်ထားတဲ့ အဆိုပါသတင်းနဲ့ပတ်သက်လိုပ အဲ့ဒီနေ့မှာပဲ သူဘာကြောင့်ဝေမျှခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုရေးသားထားပါသေးတယ်။ အဲ့ဒီပို့စ်ထဲမှာတော့ အခုလိုရေးသားထားပါတယ်။

    "ကျနော့် Body & Paint Shop က လခစားနဲ့ နေ့စား ကလေးတွေက သူတို့နေတဲ့ရပ်ကွက်မှာ ၂၄ ရက်နောက်ပိုင်း အလုပ်လာလို့မရတော့ဖူး/အပြင်ထွက်လို့မရတော့ဖူးလို့ ရပ်ကွက်ကတာဝန်ရှိသူတွေကလော်နဲ့လိုက်အော်တယ်ဆိုလို့ ၂၃ ရက်နေ့မှာ Body & Paint Shop ကိုခေတ္တပိတ်ဖို့လုပ်ထားရပါတယ်။ အဲ့လိုမဟုတ်ဖဲအပြင်ထွက်ရင် ဒဏ်ငွေ ၃ သိန်း (သို့) ထောင်ဒဏ် ၁ နှစ်လို့ပြောပါတယ်။ ဒါကြောင့်အဲ့ကိစ္စကို ကျနော်နေ့လည်က ပို့စ်တင်ခဲ့ပါတယ်" ရေးသားထားပါတယ်။

    သူ့ဖြေရှင်းထားတဲ့ပို့စ်အရ အရေးယူမယ်ဆိုတဲ့အချက်အလက်ဟာ ဝန်ထမ်းတွေကတဆင့်ကြားတာကို လူမှုကွန်ရက်ပေါ်မှာဝေမျှခဲ့တာသာဖြစ်ပြီ အဲ့ဒီလိုအရေးယူမယ်ဆိုတဲ့အချက်အလက်က Kyi Thar Han ထံကို သက်ဆိုင်ရာရပ်ကွက်က တိုက်ရိုက်ပြောဆိုထားတဲ့ အချက်အလက်မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်လို့ သတင်းအမှားဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရရဲ့ ကြေငြာချက်အပေါ်လည်း Kyi Thar Han အကောင့်က မေးခွန်းထုတ်ထားပါတယ်။ အဲ့ဒီမူရင်းပို့စ်ကို ဒီမှာဖတ်ရှုနိုင်ပါတယ်။

    ရေးသားဖြန့်ဝေမှု အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

    အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်ပေါ်မှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲ ထပ်ဆင့်ဝေမျှခဲ့ကြပါတယ်။

    သတင်းဆန်းစစ်ချက်

    FVB Daily News ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်မှာ ရေးသားထားတဲ့ အကြောင်းပြချက်မရှိဘဲ နေအိမ်အပြင်ထွက်ရင် ထောင်ဒဏ် (၁) သို့ မဟုတ် ဒဏ်ငွေ (၃) သိန်းပေးဆောင်ရမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှား စတင်ပျံနှံ့ခဲ့တဲ့ Kyi Thar Han ဆိုသူရဲ့ ဖေ့စ်ဘွတ်ပိုစ့်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ Yangon Region Government ဆိုတဲ့ပေ့ချ်မှာ စက်တင်ဘာလ (၂၂) ရက်နေ့က အဲ့ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Kyi Thar Han ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ၎င်းရဲ့ ပိုစ့်ကို ပြန်လည်ဖြုတ်ချခဲ့ပါတယ်။

    ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။

    ဒါပေမယ့် လူအများစိတ်ဝင်စားအောင် သတင်းအမှားဖြန့်ပြီး စီးပွားရှာနေတဲ့ ဝက်(ဘ်)ဆိုဒ် တစ်ချို့ကတော့ အဆိုပါ အကြောင်းအရာကို ၎င်းတို့ရဲ့ ဝက်(ဘ်)စာမျက်နှာတွေကနေ ပြန်လည် ဖြုတ်ချခြင်း မရှိဘဲ ဆက်လက်တင်ထားဆဲ ဖြစ်ပြီး လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။

    ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကိုကိုးကျွန်းမှ လွဲ၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးကို Stay at Home (၂) ပတ်နေထိုင်ရန်အမိန့်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှစတင် အကျုံးဝင်မည်ဟု ကြေငြာပြီး အဆိုပါ အမိန့်ကို မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။




    Tags

    fake newsgo out for no reasonwill be sentencedone year in prisonstay at home orderသတင်းအမှားထောင် ၁ နှစ်အပြင်ထွက်လျှင်
    Read Full Article
    Claim :   FVB Daily News ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်မှာ ရေးသားထားတဲ့ အကြောင်းပြချက်မရှိဘဲ နေအိမ်အပြင်ထွက်ရင် ထောင်ဒဏ် (၁) သို့ မဟုတ် ဒဏ်ငွေ (၃) သိန်းပေးဆောင်ရမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook, website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!