BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့...
Top Block

ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ တွေ့ဆုံမယ်ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ တွေ့ဆုံမယ်ဆိုလို့ ကြေညာလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Feb 2024 9:10 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ တွေ့ဆုံမယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ် အခြားသူတစ်ဦးရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အမေစု ပြည်သူလူထုနဲ့ တွေ့ဆုံမယ်လို့ အားရဝမ်းသာ ကြေညာလိုက်ပြီဗျာ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၅၇၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ တွေ့ဆုံမယ်ဆိုလို့ ကြေညာလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက မတရားဖမ်းဆီးထားတာဖြစ်ပြီး အမှုပေါင်းများစွာနဲ့ တရားစွဲပြီးထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ လက်ရှိအချိန်ထိ နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး အထူးအယူခံတွေကိုလည်း ပယ်ချထားပါတယ်။

    နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုတာတွေ ရှိပေမယ့် စစ်ကောင်စီကတော့ ပြန်လွတ်ပေးခြင်း မရှိဘဲ ဖမ်းဆီးထားမြဲသာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့်တော်လှန်ရေးတပ်ဖွဲ့ကမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGNLDသတင်းအတုဒေါ်အောင်ဆန်းစုကြည်
    Read Full Article
    Claim :   အမေစု ပြည်သူလူထုနဲ့ တွေ့ဆုံမယ်လို့ အားရဝမ်းသာ ကြေညာလိုက်ပြီဗျာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!