BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဒေါ်အောင်ဆန်းစုကြည်ကို...
Top Block

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းတော့မယ်ဆိုတဲ့ သတင်းအတု

ဒီရက်ပိုင်း အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး အရေးယူတော့မယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2020 5:43 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းတော့မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Zaw Paing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သြဂုတ်လ ၁၄ ရက်နေ့ ည ၆ နာရီ ၁၁ မိနစ်မှာ Color Text နဲ့ရေးသားထားတဲ့ ပုံတစ်ပုံကို ဖြန့်ဝေထားတာဖြစ်ပြီးတော့ "ဒေါ်စုကြည်ကို ၂၆ ရက်နေ့ ဖမ်းတော့မယ်တဲ့" (မူရင်း အသုံးအနှုန်းအတိုင်း) လို့ ရေးသား ထားပါတယ်။

    အဲ့ဒီ Ko Ong ဆိုတဲ့ အကောင့်ဟာ အဲ့ဒီ ပိုစ့်ကို ဖေ့စ်ဘွတ်ရဲ့ Friend Only Setting နဲ့ တင်ထားတာ ဖြစ်ပြီး တဆင့်ပြန်တင်တဲ့ Zaw Paing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူ ၃၀၀ ကျော်နဲ့ Comment ပေါင်း ၁၀၀ နီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Zaw Paing ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်မှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၆ ရက်နေ့ ဖမ်းတော့မယ်ဆိုတဲ့ သတင်းကို ဆန်းစစ်ဖို့ Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒီ သတင်းအမှားထဲမှာ ရေးထားတာနဲ့ ပက်သက်ပြီး "ဒါက သက်သက်ဖွထားတဲ့ သတင်းအမှားပါ။ ဒီကိစ္စက ကျွန်တော်ထင်ပါတယ် ဟိုတနေ့က နေပြည်တော်က တိုင်ကြားတာရဲ့ နောက်ဆက်တွဲ ဖြစ်ပါလိမ့်မယ်။ ဒါက အခု ကျွန်တော်တို့ သိရသလောက်တော့ သူက ရဲကို သွားတိုင်တယ်။ ရဲက သူ့ကို ရဲအရေးမပိုင်ဘူး။ တရားရုံးကို ဦးတိုက်လျှောက်ပါလို့ ပြောပြီး သူ့ရဲ့ လျှောက်လွှာကို လွဲပြောင်း ပေးလိုက်တယ်လေ။ အဲ့တော့ သူ့ဘက်က တရားရုံးကို ဦးတိုက်လျှောက် မလျှောက်တော့ မသိဘူး။ ဦးတိုက်လျှောက်လည်း ဒီဟာ ဘာမှ မဖြစ်လောက်ပါဘူး။ ဘာ့အတွက်ကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင် ဥပဒေအရရော တခြားသတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေ အရရော အားလုံးလိုက်နာပြီးတော့ လုပ်နေတာပါ။ အဲ့အတွက်ကြောင့် သူရဲ့ စွပ်စွဲချက်လည်း ဘာမှ ထိရောက်မှာ မဟုတ်ပါဘူးလို့" လို့ မုံရွာအောင်ရှင်က Boom Myanmar ကို ပြောပါတယ်။

    အဆိုပါ သတင်းအမှား ဖြန့်ဝေသူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ NLD ပါတီကိုနဲ့ပတ်သက်လို့ သတင်းအမှားတွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ မကြာခဏ တင်လေ့ရှိတာကို တွေ့ရပြီး ၎င်းတို့ ရေးသားတဲ့ စကားလုံး အသုံးအနှုန်းများဟာ စစ်အစိုးရ အုပ်ချုပ်စဉ် ကာလက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြောဆို ရေးသားလေ့ရှိတဲ့ အသုံးအနှုန်းမျိုးတွေ သုံးထားတာကို တွေ့ရပါတယ်။

    ဒီသတင်းအမှားဟာ သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တို့ တွေ့ဆုံမှုဟာ လူစုလူဝေး ဖြစ်ခဲ့တယ်ဆိုပြီး ဒေသန္တရအမိန့်ကို ချိုးဖောက်ခဲ့တဲ့အတွက် သက်ဆိုင်ရာက အရေးယူပေးဖို့ လယ်ဝေးမြို့က ဦးထွန်းမြင့်အောင် တိုင်ကြားခဲ့မှုကို အခြေခံပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ တိုင်ကြားစာမှာ ကိုဗစ် ကပ်ဘေးကာလမှာ လူဦးရေ ၃၀ ဖြစ်စေ၊ ၃၀ အထက် မစုရဆိုတဲ့ ဒေသန္တရအမိန့်ကို ဒေါ်အောင်ဆန်းစုကြည် ဖောက်ဖျက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီအမှုဟာ ရဲအရေးပိုင်တဲ့ အမှုကိစ္စမဟုတ်တဲ့ အတွက် တိုင်ကြားခဲ့သူ ဦးထွန်းမြင့်အောင်ကို ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းက သြဂုတ်လ ၂၅ ရက်နေမှာ ခေါ်ယူ အသိပေးထားပြီး ဖြစ်ပါတယ်။

    Tags

    Fake newsDaw Aung San Suu Kyiwill arrestသတင်းအတုဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရ
    Read Full Article
    Claim :   Zaw Paing ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်မှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၆ ရက်နေ့ ဖမ်းတော့မယ်ဆိုတဲ့ သတင်းကို Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!