BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဟိုတယ်မှာ အတွဲတွေပိတ်မိနေတယ်ဆိုတာ...
Top Block

ဟိုတယ်မှာ အတွဲတွေပိတ်မိနေတယ်ဆိုတာ ဟုတ်ရဲ့လား

ကိုဗစ် ၁၉ ရောဂါ တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ အချိန်မှာ နေ့စဉ်လိုလို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ဖန်တီးတဲ့ သတင်းတု၊ သတင်းမှားတွေ နေ့စဉ်ထွက်ပေါ်နေသလို ထင်ယောင်ထင်မှားဖြစ်အောင် နောက်ပြောင်ထားတဲ့ သတင်းအမှားတချို့လည်း ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Sept 2020 7:23 PM IST
  • ဟိုတယ်မှာ အတွဲတွေပိတ်မိနေတယ်ဆိုတာ ဟုတ်ရဲ့လား

    တောင်ဥက္ကလာက ဟိုတယ် ၁ ခုမှာ Lockdown ကျသွားလို့ အတွဲတွေ ပိတ်မိနေတယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို အကောင့်တချို့က ရေးသားဝေမျှခဲ့ရာကက လူပေါင်းသိန်းချီအထိပျံ့နှံ့ရောက်ရှိခဲ့ပါတယ် ။အဆိုပါ သတင်းအမှားကို Kyaw Myo Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့ခင်း ၁ နာရီ ၂၄ မိနစ်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး Color Text နဲ့ရေးသားတဲ့ ဒီပို့စ်တွေမှာ "တောင်ဥက္ကလာ နာမည်ကြီး ဟိုတယ် တခု လော့ဒေါင်းဖြစ် အထဲမှာ စုံတွဲ ၂၃ တွဲပိတ်မိ" လို့ရေးသားထားပါတယ်။ အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်ကို စတင်ဖြန့်ဝေပြီး နာရီပိုင်းအတွင်းမှာ ထပ်ဆင့်ဝေမျှသူ ၇ ထောင်ကျော် ရှိခဲ့ပြီး Like လုပ်ထားသူ ၆၄၀၀ ကျော်နဲ့ Comment ပေါင်း ၂၀၀ ကျော် ရှိနေခဲ့ပါတယ်

    ဒါ့အပြင် အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို တခြားအကောင့်ပေါင်းများစွာကလည်း ပြန်လည်ဆင့်ပွား ကူးယူဖော်ပြပြီး ဝေမျှနေကြပါတယ်။


    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘယ်အကောင့်က မူရင်းရေးသားခဲ့တယ်ဆိုတာလိုက်ဖို့ခဲယဉ်းပြီး ကူးယူဝေမျှကြတဲ့အကောင့်တိုင်းလိုလိုက စကားလုံးအတိအကျအတိုင်းဆင့်ပွားကူးယူဝေမျှထားတာတွေ့ရပါတယ်။

    ပို့စ်တွေမှာရေးသားထားတဲ့ စာထဲမှာ နေရာဒေသ၊ ဖြစ်စဉ်၊ အချိန် အတိအကျရေးသားမှုတွေမပါဝင်ပေမယ့်လည်းအမှန်တကယ်ထင်မှတ်ပြီး ဝေမျှတဲ့သူအမြောက်အများရှိခဲ့ပါတယ်။

    လူမှုကွန်ရက်မှာ နောက်ပြောင်ဝေမျှကြတာရှိသလို အမှန်တကယ်ယုံမှတ်ပြီး သတင်းပျံ့နှံ့ခဲ့တာကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Boom က တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က "ဒီသတင်းက မဟုတ်ပါဘူး။ နောက်ပြီးတော့ Hotel lockdown ချတယ်ဆိုတာလည်း ကျွန်တော်တို့ တောင်ဥက္ကလာမှာ တစ်ခါမှ မလုပ်သေးဘူး။ အဲ့ဒါမျိုး ကျွန်တော်တို့ တောင်ဥက္ကလာမှာ မရှိပါဘူးခင်ဗျ" လို့ က ပြောပါတယ်။

    ပုံမှန်အားဖြင့် အထောက်အထားတစုံတရာမပါတဲ့ ဒီလိုပို့စ်တွေဟာ နောက်ပြောင်လိုတဲ့ရည်ရွယ်ချက်ဖြစ်စေ၊ အခြားသောရည်ရွယ်ချက်တွေနဲ့ဖြစ်စေရေးသားဝေမျှလေ့ရှိပါတယ်။


    Tags

    fake newscoupleslocked in hotellockdownဟိုတယ်အတွဲတွေပိတ်မိသတင်းအမှား
    Read Full Article
    Claim :   Kyaw Myo Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ တောင်ဥက္ကလာက နာမည်ကြီး ဟိုတယ်တစ်ခုမှာ Lockdown ဖြစ်ပြီး အတွဲ ၂၃ တွဲ ပိတ်မိနေတယ်ဆိုတဲ့သတင်းကို Boom Myanmar က တောင်ဥက္ကလာပမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!