BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • Covid-19 ကာကွယ်ရေးယာဉ်တန်းကို AA...
Top Block

Covid-19 ကာကွယ်ရေးယာဉ်တန်းကို AA အဖွဲ့က တိုက်ခိုက်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းအမှား

လူမှု့ကွန်ယက်ပေါ်မှာ ဓါတ်ပုံအဟောင်း တစ်ပုံကို အသုံးပြုပြီး Covid-19 ကာကွယ်ရေး ယာဉ်တန်းကို AA လက်နတ်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီး လိုက်ပြီဆိုတဲ့ သတင်းအမှား တစ်ပုဒ် ပျံနှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  31 Aug 2020 5:26 PM IST
  • Covid-19 ကာကွယ်ရေးယာဉ်တန်းကို AA အဖွဲ့က တိုက်ခိုက်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းအမှား

    အဲ့ဒီသတင်းအမှားကို စိုးမောင်မောင်သွင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သြဂုတ်လ ၃၀ ရက်နေ့ ည ၆ နာရီ ၂၄ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီးတော့ အဆိုပါ သတင်းထဲမှာ မီးလောက်ပျက်ဆီးနေတဲ့ ကားတစ်စီးရဲ့ ဓါတ်ပုံကို တင်ထားပါတယ်။ အဆိုပါဓါတ်ပုံနဲ့အတူ "ပလက်ဝဒေသသို့ Covid-19 ကာကွယ်ရေး ပစ္စည်းပို့သည်ယာဉ်တန်းအား AA လက်နက်ကိုင် သောင်းကျန်းသူများကမီးရှို့ဖျက်ဆီး" လို့ ရေးသားထားပါတယ်။ စတင် ဖြန့်ဝေစဉ်မှာ "ရခိုင်ပြည်နယ် ပလက်ဝဒေသ" လို့ ရေးသားထားပြီး Comment ရေးသားသူများက ပလက်ဝ ဒေသဟာ ချင်းပြည်နယ်အတွင်းမှာ ပါဝင်ကြောင်း ရေးသားကြတဲ့အတွက် အဲ့ဒီ ပိုစ့်က ရခိုင်ပြည်နယ် ဆိုတဲ့ စကားလုံးကို ပြန်ဖျက်သွားပါတယ်။

    အဲ့ဒီပိုစ့်ဟာ တစ်ရက်အတွင်း ထပ်ဆင့်ဝေမျှသူ ၆၇၀၀ ကျော်ရှိခဲ့ပြီး ဒီသတင်းကို ရေးသားနေချိန် သြဂုတ်လ ၃၁ ရက်နေ့ နေ့ခင်းပိုင်းမှာ ၎င်းသတင်းကို ပြန်လည်ဖျက်ချသွားခဲ့ပါတယ်။

    ဒါ့အပြင် ဒီသတင်းကို ဖေ့စ်ဘွတ် အကောင့်များစွာကလည်း ပြန်တင်ထားကြပါတယ်။

    https://archive.is/rLp1S


    သတင်းဆန်းစစ်ချက်

    စိုးမောင်မောင်သွင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ ပလက်ဝမြို့ကို ပို့ဆောင်မယ့် Covid-19 ကာကွယ်ထောက်ပံ့ရေးယာဉ်ကို AA အဖွဲ့က မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာ ၎င်း အသုံးပြုထားတဲ့ ဓါတ်ပုံဟာ လွန်ခဲ့တဲ့ ၆ လ ခန့်က ဓါတ်ပုံအဟောင်း တစ်ခု ဖြစ်တာကို တွေ့ရှိရပါတယ်။

    အဲ့ဒီဓါတ်ပုံဟာ ဒီရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ မဟုတ်သလို ပလတ်ဝကို ပို့ဆောင်မယ့် ကိုဗစ် ကာကွယ်ရေးယာဉ်တန်းကို ဖျက်ဆီးခဲ့တဲ့ ဓါတ်ပုံလည်း မဟုတ်ပါဘူး။

    အဆိုပါ ဓါတ်ပုံကို VK လူမှုကွန်ယက်ပေါ်မှာ Thar Li Zwe ဆိုတဲ့ အကောင့်က မတ်လ ၆ ရက်ကနေ့မှာ တင်ထားတာ တွေ့ရတဲ့အတွက် ၎င်းဓါတ်ပုံဟာ လွန်ခဲ့တဲ့ ၆ လ ခန့်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာသာ ဖြစ်ပါတယ်။ ဓါတ်ပုံကို တင်ထားတဲ့ Thar Li Zwe ဆိုတဲ့ VK အကောင့်ပိုင်ရှင်ဟာ AA အဖွဲ့ရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့ရပြီး AA အဖွဲ့နဲ့ သက်ဆိုင်တဲ့ သတင်းအကြောင်းအရာတွေကို တင်လေ့ရှိတာကိုတွေ့ရပါတယ်။




    Tags

    fake newsArakan Armythe Covid-19 defense convoyby using an old photoသတင်းအမှားဓါတ်ပုံအဟောင်းCovid-19 ကာကွယ်ရေးယာဉ်တန်းAA အဖွဲ့တိုက်ခိုက်
    Read Full Article
    Claim :   စိုးမောင်မောင်သွင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ ပလက်ဝမြို့ကို ပို့ဆောင်မယ့် Covid-19 ကာကွယ်ထောက်ပံ့ရေးယာဉ်ကို AA အဖွဲ့က မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!