BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စမ်းချောင်းရဲစခန်းကို ဝင်စီးပြီး ရဲ...
သတင်းအတု

စမ်းချောင်းရဲစခန်းကို ဝင်စီးပြီး ရဲ ၃၀ ကျော်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

စမ်းချောင်းရဲစခန်းကို ပြည်သူနဲ့ PDF တွေပူးပေါာင်းတိုက်ခိုက်ပြီး အဲ့ဒီစခန်းက ရဲတပ်ဖွဲ့ဝင် သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတ်ငးအမှားကို လူမှုကွန်ရက်ပေးဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  20 Sept 2021 6:52 PM IST
  • စမ်းချောင်းရဲစခန်းကို ဝင်စီးပြီး ရဲ ၃၀ ကျော်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို မျိုးဆက်သစ် ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က စက်တင်ဘာလ ၁၆ ရက်နေ့ ၁၂ နာရီ ၂၇ မိနစ်မှာ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို Website တစ်ခုက ဖြန့်ဝေထားခဲ့တာဖြစ်ပါတယ်။

    Website အတွင်းမှာတော့ YouTube Video တစ်ပုဒ်ကို ပြန်တင်ထားတာဖြစ်ပြီး "စမ်းချောင်းရဲစခန်းကိုပြည်သူနဲ့ PDF ပူးပေါင်းပြီးမီးရှို့ ရဲ၃၄ယောက် အသေသတ်" ဆိုတဲ့ ခေါင်းစဉ်ပေးထားပြီး Video အစပုံမှာတော့ စမ်းချောင်းရဲစခန်းဆိုင်းဘုတ်နဲ့ လူတွေ သွားလာနေတဲ့ ဓါတ်ပုံ ၂ ခုကိုပေါင်းပြီး ဓါတ်ပုံတစ်ပုံ လုပ်ထားပါတယ်။ ၎င်းဓါတ်ပုံရဲ့ အပေါ်မှာ "စမ်းချောင်းရဲစခန်းကို ပြည်သူတွေသိမ်းပြီ၊ ရဲ ၃၆ ယောက်ကို ဓါးနဲ့ ခုတ်သတ်၊ ပြည်သူဘက်မှ ၆ ယောက် ခေါင်းပြတ်" ဆိုတဲ့ စာတွေကို ရေးထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲ ဖြန့်ဝေထားသလို ဖေ့စ်ဘွတ်ပေ့ချ်တွေနဲ့လည်း ဖြန့်ဝေနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စမ်းချောင်းရဲစခန်းကို ပြည်သူတွေ ဝင်စီးပြီး ရဲ ၃၆ ယောက်ကို ဓါးနဲ့ ခုတ်သတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖန်တီးထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ သတင်းအတုထဲမှာ ထည့်သွင်းထားတဲ့ YouTube Video ဟာ ၁၁ မိနစ်နဲ့ ၁၁ စက္ကန့်ကြာမြင့်ပြီး သတင်းရဲ့ခေါင်းစဉ်မှာတော့ "စမ်းချောင်းရဲစခန်းက်ုပြည်သူနဲ့PDFပူးပေါင်းပြီးမီးရှို့ ရဲ၃၄ယောက်အသေသတ်" လို့ ရေးသားထားပေမယ့် သတင်းအတွင်းမှာ စမ်းချောင်းရဲစခန်နဲ့ စမ်းချောင်းမြို့နယ်အကြောင်း တစ်ခုမှ မပါဝင်ပါဘူး။

    အဲ့ဒီ Video ထဲမှာ မန္တလေးဗုံးကွဲမှုဖြစ်စဉ်အတွင်း ရာအိမ်မှူးသေဆုံး ၁၁ ဦးဒဏ်ရာရခဲ့တဲ့သတင်း၊ သုံးခွမြို့နယ်မှာ အဖမ်းခံရတဲ့ ကျောင်းသား ၃ ဦး မိသားစုနဲ့အဆက်အသွယ်မရတဲ့ သတင်း၊ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် ထန်တလန်မြို့အတွင်း စစ်ရှောင်ဦးရေ ၁၄၀၀ ခန့်ရှိလာတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည်နေမကောင်းတဲ့အတွက် တရားရုံးရောက်ပြီးမှ ပြန်သွားရတဲ့သတင်း၊ မှော်ဘီမှာ ဧည့်စာရင်းတိုင်ရင် အုပ်ကြီးက ငွေတစ်ထောင် တောင်းတဲ့သတင်း စတဲ့ သတင်း အကြောင်းအရာ (၅) ခုကို တင်ထားပါတယ်။

    အဆိုပါ YouTube Video နဲ့ Website ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖန်တီးထားတဲ့ သတင်းတွေတင်ပြီး Google နဲ့ YouTube က ပြန်ရတဲ့ ဝင်ငွေနဲ့ စီးပွားရှာနေတဲ့ သူတွေဖြစ်တာကိုတွေ့ရပါတယ်။

    Tags

    fake newsSanchaung police stationPDFCoupMilitaryသတင်းအမှားပြည်သူ့ကာကွယ်ရေးတပ်စစ်ကောင်စီစမ်းချောင်းရဲစခန်း
    Read Full Article
    Claim :   စမ်းချောင်းရဲစခန်းကို ပြည်သူတွေ ဝင်စီးပြီး ရဲ ၃၆ ယောက်ကို ဓါးနဲ့ ခုတ်သတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!