BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဆယ်တန်းအောင်စာရင်းထွက်ရက်...
Top Block

ဆယ်တန်းအောင်စာရင်းထွက်ရက် သတင်းအမှား

လက်ရှိအချိန်မှာ သတင်းမှားဖြန့်ဝေမှုတွေ၊ သတင်းမှန်များမှာ အချက်အလက်အမှားတွေ ထည့်သွင်း ဖြန့်ဝေမှုတွေ တနေ့တခြားများပြားလာတာတွေ့ရပါတယ်။ တချို့က နောက်ပြောင်ဖြန့်ဝေနေတာဖြစ်သလို တချို့ကလည်း ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာပါ။ ဒီရက်ပိုင်းထဲမှာပဲ ဆယ်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်ချက်နဲ့ပတ်သက်တဲ့ သတင်းအမှားဖြန့်ဝေမှူတစ်ခုထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  9 May 2020 9:26 PM IST
  • ဆယ်တန်းအောင်စာရင်းထွက်ရက် သတင်းအမှား

    Status အနေနဲ့ရေးတင်ထားတဲ့ ဒီသတင်းအချက်အလက်အမှားကိုပဲ လူပေါင်းများစွာကဝေမျှလျက်ရှိနေပါတယ်။ ဒီပို့စ်မှာရေးသားထားတာက "10 တန်း စာမေးပွဲ 2.6.2019 ထွက်ပါမည် အများသိအောင် share လိုက်ပါ" ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုပဲ ရက်ပိုင်းအတွင်း ထပ်ဆင့်ဖြန့်ဝေသူ ခုနှစ်ထောင် နီးပါးရှိလာတာ တွေ့ရတဲ့ အတွက် BOOM အနေနဲ့ ဆန်းစစ်တင်ပြလိုက်ပါတယ်။

    အထက်ပါပုံမှာ ပါဝင်တဲ့ စာပါ ရက်စွဲကို သေချာကြည့်ရုံနဲ့ ဒီပိုစ့်ဟာ အမှန်တကယ်လား အမှားလား သိနိုင်မှာ ဖြစ်ပေမဲ့ ရက်ပိုင်းအတွင်းမှာ ပြန်လည်ဖြန့်ဝေသူ ခြောက်ထောင့်ခုနှစ်ရာ ဝန်းကျင်ရှိတာကို တွေ့ရမှာပါ။

    ဒီပို့ကို Ei Ko Khant ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ မေလ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တချို့ထပ်ဆင့်ဖြန့်ဝေသူတွေက ပုံမှာပါဝင်တဲ့ စာပါ ရက်စွဲမှာ ၂၀၂၀ ခုနှစ်နဲ့ မှားရေးမိတယ် ထင်မှတ်ကာ အောင်စာရင်း ဇွန်လ ၂ ရက်နေ့တွင် အမှန်တကယ် ထွက်ရှိမယ်လို့ ထင်ပြီးဝေမျှမှူတွေရှိနေတဲ့ အတွက် BOOM အနေနဲ့ အောင်စာရင်းထွက်ရှိမယ့် ရက်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်အမှန်တွေကို စုစည်းပေးထားပါတယ်။

    ဒီလို ရှာဖွေရာမှာ 7 Day News သတင်းဌာနက မေလ ၄ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ သတင်းအရ အောင်စာရင်းထွက်မည့် ရက်သိနိုင်ဖို့ထက် ဆယ်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးမယ့် ရက်ကိုပင် မသတ်မှတ်ရသေးဘူးဆိုတာ သိရပါတယ်။

    အထက်ပါ ပုံရဲ့ သတင်းကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

    7 Day News သတင်းမှာ ဖော်ပြချက်အရ COVID-19 ရောဂါကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေး ပွဲအဖြေ လွှာစစ်ဆေးတဲ့လုပ်ငန်းကို တွေကို ယာယီရပ်ဆိုင်းထားရပြီး ပြန်စမယ့် အချိန်ကိုမသတ်မှတ် နိုင်သေးကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောတယ် ဆိုပြီးဖော်ပြထားတာပါ။

    တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေကို ဧပြီ ၁ ရက်ကစပြီး ရန်ကုန်၊ ဒဂုံ၊ မြစ်ကြီး နား၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မုံရွာနဲ့ မကွေးတက္ကသိုလ် စတဲ့ စာစစ်ဌာန ၁၀ ခုမှာ စစ်ဆေးသွားဖို့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တဲ့အနေနဲ့ တက္ကသိုလ်အဖြေလွှာ စစ်ဆေးရေးကို ရွှေ့ဆိုင်းပေးဘို့ တက္ကသိုလ်ဆရာဆရာမများအသင်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်တို့က တောင်းဆိုထားကြကြောင်း Eleven news မီဒီယာရဲ့ မတ်လ ၂၂ ရက်က ဖော်ပြခဲ့တဲ့ သတင်းမှာ ပါရှိခဲ့ပါတယ်။ သတင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

    ဒီသတင်းတွေရဲ့အခြေအနေကိုကြည့်ရင်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်မယ့်ရက်အတိအကျကို သက်ဆိုင်ရာဝန်ကြီးဌာနက မထုတ်ပြန်ရသေးသလို ဒီလိုအချက်အလက်တွေကို တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့ Page တွေ အကောင့်တွေကနေထုတ်ပြန်ရင်မယုံကြည်ဖို့လိုပါတယ်။

    Tags

    ExamMatriculationexamMyanmarfalse informationfake news
    Read Full Article
    Claim :   ၁၀ တန်းအောင်စာရင်း ဇွန်လတွင်ထွက်ရှိမယ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းအတု ဖြန့်ဝေထားခြင်းအပေါ် Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!