BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • Top Block
      • ဘီလ်ဂိတ်(စ်)ပြောတယ်ဆိုတဲ့...
      Top Block

      ဘီလ်ဂိတ်(စ်)ပြောတယ်ဆိုတဲ့ သတင်းအမှားတွေ

      အမေရိကန် သန်ကြွယ်သူဌေးကြီး ဘီလ်ဂိတ်စ်ရဲ့ ကိုလိုနာဗိုင်းရပ်(စ်) ကပ်ဘေးကြီးအပေါ် ထင်မြင်ချက်များ ဆိုပြီး လူသားတွေရဲ့ တန်းတူညီမျှမှု၊ အပြန်အလှန်ဆက်နွယ်မှု၊ ကျန်းမာရေးနဲ့ မိသားစုရဲ့ အရေးပါမှုအကြောင်း တွေကို ရေးသားထားတဲ့ အချက် ၁၄ ချက်ပါ စာစုတစ်စု ကို ကမ္ဘာအရပ်ရပ်က အင်တာနက်သုံးစွဲသူတချို့က ဘာသာစကားအမျိုးမျိုးနဲ့ ဖေ့စ်ဘွတ်၊ တွစ်တာ နဲ့ တခြားသော အွန်လိုင်းစာမျက်နှာတွေမှာ ရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။

      By - Boom Live Myanmar |
      Published -  21 April 2020 8:25 PM IST
    • ဘီလ်ဂိတ်(စ်)ပြောတယ်ဆိုတဲ့ သတင်းအမှားတွေ

      ကယ်တော့ ဒီရေးသားဖြန့်ဝေနေတာဟာ သတင်းမှားတစ်ပုဒ်သာ ဖြစ်ပြီး မြန်မာနိုင်ငံက အချို့သော အင်တာနက်သုံးစွဲသူအချို့လည်း ပါဝင်ဖြန့်ဝေလာတဲ့အတွက် BOOM က ဒီသတင်းနဲ့ပတ်သတ်ပြီး လေ့လာဆန်းစစ်ချက် များကို ပြန်လည်ကောက်နှှုတ်တင်ပြလိုက်ပါတယ်။

      ဒီသတင်းမှားဖြန့်ဝေမှုကို C K KHAI ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်နဲ့ Obed House Ministries: Church Planting, Orphanage, and Education ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေမှာ မတ်လ ၂၄ ရက်နေ့က ဖြန့်ဝေခဲ့ကြပြီး ဧပြီလ ၆ ရက်နေ့မှာလည်း Hala Taang ဆိုတဲ့ အကောင့်ပိုင်ရှင် က ထပ်မံဖြန့်ဝေမှုပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

      အချက် ၁၄ ချက်ပါ အဆိုပါသတင်းမှားကို ဖြန့်ဝေရာတွင် မြန်မာလူမျိုးများအတွက် ကိုလိုနာဗိုင်းရပ်(စ်)ဟာအလွန်ထိတ်လန့် စိုးရိမ်စရာကောင်းသော ရောဂါ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံတွင် ဤရောဂါကုသရာ၌ အသုံးပြုသော ဆေးဝါးများမှာ မြန်မာလူမျိုးများ ရာသီတုပ်ကွေးဖြစ်သည့် အချိန်တိုင်း မှီဝဲအသုံးပြုနေသော ဆေးဝါးများဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံတွင် အထိရောက်ဆုံးသော ကိုရိုနာဗိုင်းရပ်(စ်) ကုသဆေးမှာ ငှက်ဖျားဆေး (Cloroquine)အမျိုးအစား ဖြစ်ကြောင်း စသည့် အချက်များပါ စာပိုဒ်ကိုဖြည့်စွက် ဖြန့်ဝေနေတာပါ။



      သတင်းဆန်းစစ်ချက်

      ဗြိတိသျှအခြေစိုက် The Sun သတင်းစာမှ ဘီဂိတ်စ် ပြောတဲ့ အချက်များဆိုပြီး ဖြန့်ဝေနေတဲ့ ဒီဖြန့်ဝေမှုများကို ဆက်လက်ဖြန့်ဝေခြင်းမပြုရန် ဂိတ်စ်ပရဟိတအဖွဲ့အစည်း (Gates' philanthropic organisation) နဲ့ ဘီလ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်း (the Bill & Melinda Gates Foundation) က သတိပေးမှုတွေ ပြုလုပ်အပြီးမှာ The Sun သတင်းစာကလည်း သူတို့ရဲ့ မှားယွင်းဖေါ်ပြခြင်းအပေါ်ပြန်လည်တောင်းပန်ပြီး သူတို့ဝက်ဆိုက်က သတင်းမှားကိုလည်း ပြန်လည်ဖြုတ်ချခဲ့တယ်လို့ ယူကေအခြေစိုက် INDEPENDENT သတင်းစာမျက်နှာ မှာ မတ်လ ၂၄ ရက်နေ့ကတည်းက ဖေါ်ပြထားပြီးဖြစ်ပါတယ်။



      ဘီလ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်း (the Bill & Melinda Gates Foundation) က သူတို့ရဲ့ Weibo အကောင့် စာမျက်နှာမှာ မတ်လ ၂၄ ရက်က ဒီသတင်းမှားကို ဆက်လက်မဖြန့်ဝေဘို့ ယခုလို သတိပေးထားပါတယ်။

      [ကြေငြာချက်မူရင်းဘာသာပြန်] ဗြိတိသျှ အခြေစိုက် The Sun သတင်းစာက ဘီဂိတ်စ်ပြောတယ်လို့ ညွှန်းဆိုထားတဲ့ "ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေမှုကနေ ဘာတွေသင်ယူနိုင်မလဲ" ဆိုတဲ့ ဆောင်းပါးကို မကြာသေးမီကအင်တာနက်ပေါ်တွင်ဖြန့်ချိခဲ့ပါတယ်။ ၎င်းဆောင်းပါးဟာ မှားယွင်းကြောင်း အတည်ပြုပြီးဖြစ်ပြီး "The Sun" ဝက်ဘ်ဆိုက်မှဖျက်လိုက်ပြီဖြစ်ပါတယ်။ ဆက်လက်မဖြန့်ဝေဘို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။"



      မီဒီယာဆန်းစစ်လေ့လာသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Zignal Labs ရဲ့ အဆိုအရ ဘီဂိတ်စ် နှင့် ဆက်စပ်သည့် သတင်းအမှားပြန့်နှံ့မှုမှာ အများဆုံးဖြစ်နေကြောင်း နယူယောက်တိုင်းမ် သတင်းဌာနရဲ့ ဧပြီ ၁၇ နေ့တွင် ဖော်ပြထားသေား ဆောင်းပါးပါ အချက်များအရ သိရပါတယ်။ နယူယောက်တိုင်းမ် သတင်းဌာနရဲ့ ဆန်းစစ်ချက်အရ ဘီဂိတ်စ်နဲ့ပါတ်သတ်တဲ့ သတင်းအမှားတွေက ယခုနှစ်မှာ ဖေ့စ်ဘွတ်ပိုစ့် ၁၆၀၀၀ ကျော် ပြန့်နှံ့ခဲ့ပြီး like နဲ့ comment ကိုးသိန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ YouTube ပေါ်မှာလည်း မတ်လ ကနေ ဧပြီလအထိ သတင်းမှားဗွီဒီယိုဖိုင် တွေ ပြန့်နှံ့ခဲ့ပြီး လူကြည့်အများဆုံး ၁၀ ခုဟာ ဆိုရင် ကြည့်ရှု့သူ ငါးသန်းနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။



      Tags

      Bill Gatescovid 19Coronavirus rumoursThe SunCorona Myanmar
      Read Full Article
      Claim :   ဘီလ်ဂိတ်ဟာ ကိုရိုနာကုသကာကွယ်နည်းတွေနဲ့ပတ်သက်လို့ သုံးသပ်ပြောဆိုထားတာတွေမရှိခဲ့ပါဘူး။
      Claimed By :  Facebook, Twitter
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!