BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးကို ဝေဖန်တာ...
Top Block

စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးကို ဝေဖန်တာ မကြိုက်ဘူးလို့ ဦးဇာဂနာ ပြောခဲ့သလား

လူမှုကွန်ယက်ပေါ်မှာ ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာဦးသူရ ခေါ် ဇာဂနာ နာမည်နဲ့ဓါတ်ပုံတွေကို သုံးပြီးဖြန့်ဝေနေတဲ့ သတင်းအမှားတွေပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  11 Sept 2020 5:59 PM IST
  • စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးကို ဝေဖန်တာ မကြိုက်ဘူးလို့ ဦးဇာဂနာ ပြောခဲ့သလား

    အဲ့ဒီသတင်းအမှားကို မေလဝန်းကျင်ကတည်းက ZawKhaing ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်က လူမှုကွန်ယက်ပေါ်မှာ စတင်ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၂၇ မိနစ်မှာ Khaing Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ပြန်တင်ထားတာ ဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှားထဲမှာအခုလိုရေးသားမှုတွေပါဝင်ပါတယ် "ကဲ ဦးဇာဂဏာပြောပြီနော်" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး "စစ်တပ်ကို တိုက်ခိုက်ရင် ကြံဖွံ့ကို တိုက်ခိုက်ရင် အဲဒီလို တိုက်ခိုက်တဲ့ အစိုးရပဲ ဖြစ်ဖြစ် လွှတ်တော်အမတ်တွေပဲ ဖြစ်ဖြစ် အနီ လော် တွေပဲ ဖြစ်ဖြစ် စာရေးဆရာတွေပဲ ဖြစ်ဖြစ် ပြည်ပလက်အောက်ခံ မီဒီယာတွေပဲ ဖြစ်ဖြစ် NGO လို လူမှု အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ဘယ်က ဖြစ်ဖြစ် ပြည်သူတယောက်အနေနဲ့ ဆန့်ကျင် သွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကွျှန်တော်တို့တတွေဟာ အရပ်သားအစိုးရ ပြည်သူ့အစိုးရ ဆိုပြီးတော့ ၂၀၁၅ တုန်းက မဲပေးတင်လိုက်တာဟာ စစ်တပ်နဲ့ ကြံဖွံ့ကို တိုက်ခိုက်တဲ့ အသံတွေကို ကြားချင်လို့ မဟုတ်ဘူး' စသဖြင့်ပါဝင်ပြီး စာကြောင်းရေ နှစ်ဆယ်ကျော်ပါဝင်သည့် ယင်းရေးသားချက်များတွင် USDP အပေါ်ပုတ်ခတ်ပြောဆိုမှုများကိုဝေဖန်ပြီး လက်ရှိအရပ်သားအစိုးရနှင့်ပတ်သတ်၍ပြစ်တင်ပြောဆိုသည့်အကြောင်းအရာများကို ဇာဂနာကပြောဆိုထားသည့် ပုံစံဖြင့်ဖန်တီးရေးသားထားခြင်းဖြစ်သည်။

    ဒီ ရေးသားဖြန့်ဝေမှုမှာ စာလုံးပေါင်း သတ်ပုံ မှားယွင်းမှုတွေ ပါဝင်သလို သတင်းအမှားမှာလည်း "ဇာဂနာ" ဆိုတဲ့ နာမည်ကို "ဇာဂဏာ" လို့ မှားယွင်းရေးသားထားပါတယ်။

    ဒီသတင်းအမှားကို မေလခန့်က ဖြန့်ဝေခဲ့တဲ့ ZawKhaing ဖေ့စ်ဘွတ်ပိုစ့်ကို ဒီရက်ပိုင်းမှာ ပြန်လည်ဖြန့်ဝေနေကြပြီး အဲ့ဒီပိုစ့်ကို Like လုပ်ထားသူ ၈၄၀၀ ကျော်ရှိနေပြီး Comment ပေါင်း ၃၆၀၀ ကျော် နဲ့ ထပ်ဆင့်ဝေမျှထားသူ ၈၄၀၀ ကျော် ရှိနေပါတယ်။

    ဒါ့အပြင် ဒီသတင်းအမှားကို စက်တင်ဘာလမှာ ပြန်လည်ဖြန့်ဝေခဲ့တဲ့ Khaing Lay ရဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၄၀၀၀ ကျော်၊ Comment ပေါင်း ၁၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၆၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီကို ဝေဖန်တာကို မကြိုက်ဘူး ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက်စစ်ဆေးဖို့ ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာဦးသူရ ခေါ် ဇာဂနာကို ဆက်သွယ် မေးမြန်းထားပါတယ်။

    အဆိုပါ ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး "အဲ့ပိုစ့်က ကျွန်တော် ပြောလည်း မပြောဖူးဘူး။ သိလည်း မသိဘူး။ ဖတ်လည်း မဖတ်ဖူးဘူး။ အခုမှပဲတွေ့လို့ အခုမှပဲ ဖတ်ရတာဆိုတော့ အဲ့ဒီစကားလုံးတွေကလည်း ကျွန်တော့်စကားလုံးတွေ မဟုတ်ဘူး။ ထူးဆန်းတာက ကျွန်တော့်နာမည်ကိုတောင် မှန်အောင် မပေါင်းထားဘူး .. အဲ့သလောက် တော်ကြတယ်။ လို့ Boom Myanmar ကိုဖြေကြားပါတယ်။

    အဆိုပါအကြောင်းအရာနဲ့ဆက်စပ်လို့ ယခင်ကလည်းသူ့နာမည်အသုံးပြုထားတဲ့ သတင်းအမှားတွေပေါ်ထွက်ခဲ့ဖူးပြီးအဆိုပါသတင်းအမှားများနှင့်ပတ်သက်၍ မည်သည့်အခါကမျှဖြေရှင်းခြင်းမပြုလုပ်ခဲ့ကြောင်း၎င်းကဆိုသည်။

    မရှင်းဘူးဆိုတာ ကိုယ်မှမပြောတာ မရှင်းဘူးနေတာ။ အခု ဒါကြီးကတော့ မေးလာတဲ့အတွက် ကျွန်တော် ဖြေပေးပါတယ်။ ဒါမျိုးက တစ်ခါမှလည်း မပြောဖူးပါဘူး။ ကြားလည်း မကြားဖူးပါဘူး။ ဘာမီဒီယာဆိုလည်းပဲ ဒီနာမည်ကို မကြားဖူးပါဘူး။ နောင်လည်း ကျွန်တော်ထင်ပါတယ်။ ရွေးကောက်ပွဲနားနီးလေလေ ပိုပြီးလုပ်လေလေ ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်တော်ကတော့ အဲ့ဒါတွေ ဘယ်တုန်းကမှလည်း မရှင်းခဲ့ဖူးတော့လေ။ အခုတော့ မေးတဲ့အတွက် ကျွန်တော် ဖြေပေးတာပါ။ ကျွန်တော် ပြောလည်း မပြောဖူးဘူး။ ကြားလည်း မကြားဖူးဘူး" လို့ ဦးဇာဂနာက Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

    Tags

    U Zarganarcriticizingthe militarythe USDPnot likeစစ်တပ်ပြည်ခိုင်ဖြိုးဝေဖန်မကြိုက်ဇာဂနာ
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီကို ဝေဖန်တာကို မကြိုက်ဘူး ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက်စစ်ဆေးဖို့ ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာဦးသူရ ခေါ် ဇာဂနာကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!