BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဂျင်းစားရုံနဲ့ကိုဗစ် မပျောက်သလို...
Top Block

ဂျင်းစားရုံနဲ့ကိုဗစ် မပျောက်သလို Negative လည်းမပြောင်းနိုင်ပါဘူး

ကိုရိုနာရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့အချိန် လူထုကြားမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်ကလက်မှားတွေပေးတဲ့အကြောင်းအရာပေါင်းများစွာပေါ်ထွက်နေပါတယ်။

By - Boom Live Myanmar |
Published -  15 Sept 2020 10:59 AM IST
  • ဂျင်းစားရုံနဲ့ကိုဗစ် မပျောက်သလို Negative လည်းမပြောင်းနိုင်ပါဘူး

    ဒီရက်ပိုင်းအတွင်းမှာ Covid -19 ရောဂါပိုး စစ်ဆေးတဲ့အခါမှာ အဖြေ Negative ထွက်အောင် ပြုလုပ်နည်းဆိုတဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ဗဟုသုတ အမှားတစ်ခု ပျံနှံ့နေပြီး အဆိုပါ ရေးသားဖြန့်ဝေမှုမှာ "ကိုဗစ် နဂ္ဂတစ် ဖြစ်အောင်လုပ်နည်း" ဆိုတဲ့ ခေါင်းစဉ်နဲ့အကြောင်းအရာတစ်ခုကိုလူပေါင်းများစွာဝေမျှခဲ့ကြပါတယ်။

    အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ရဲ့ အတွင်းပိုင်းမှာတော့ "‌နေ့စဉ် လဘက်ရည် ကော်ဖီ သောက်သည့်အခါတိုင်းလက်တသစ်ခန့် (ဂျင်း) ကို ပါးပါးလှီးထည့် သောက်ပါ။ အချို မစားသူများ ရေနွေးဖြူထဲ ဆားအနည်းငယ် နှင့် ဂျင်းအနည်းငယ်ကို လှီး/ထုထောင်း ထည့်ပြီး မနက်တိုင်း သောက်ပါ။ ကိုဗစ် မစစ်ဆေးမီ (swab မယူမီ) ရေနွေးထဲ ဂျင်းလက်တစ်ဆစ်ခန့် ပါးပါးလှီးထည့်၊ အချိန်မရလျှင် တစ်ခုခုနှင့် ဂျင်းကိုထုထည့်၊ ဆားအနည်းငယ်ခပ်ပြီး အရည်ကို ဖြည်းဖြည်းချင်း သောက်ပါ။ အဖတ်များ မလိုပါ။ တစ်နာရီ/နာရီဝက်လောက် ကြိုတင်လုပ်ပါ။ India မှာ nasal နှာခေါင်း/mouthအာခေါင် swabs နဲ့ blood သွေးပါ ဖောက်စစ်ပါတယ်။ နဂ္ဂတစ်ပါ။ ကျနော် ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ အိန္ဒိယ နိုင်ငံမှာ နှစ်ကြိမ်၊ မြန်မာပြည်မှာတစ်ကြိမ် (၃) ကြိမ်စလုံး ကိုဗစ် စစ်ဆေးတိုင်း အဖြေ နဂ္ဂတစ်ချည်း ထွက်ခဲ့တဲ့ မြန်မာ့ရှေးရိုးနည်း ဖြစ်ပါတယ်။ ဆေးနည်းက အထင်ကြီးစရာ မရှိပါ။ သို့သော် အံ့ဩစရာကောင်းလောက်အောင် ၁၀၀% ထိရောက်ခဲ့ပါတယ်။ ကိုဗစ်ပိုးက ခေတ္တခဏ stay ရှောင်တတ်တယ်ဆိုတဲ့ ဆေးပညာသုတေသန အခုထိ မကြားဖူးသေး၊ မမြင်ဖူးသေးပါ။ မတွေ့ခြင်းသည် မရှိလို့ပါ။ ဖယ်ရှားခံလိုက်ရလို့ပါ" ရေးသားထားပြီး အဆိုပါ အကြောင်းအရာရဲ့ အောက်ဆုံးပိုင်းမှာတော့ အပြင်ထွက်ရင် Mask တပ်ဖို့ လူစုလူဝေးရှောင်ရှားဖို့ ရေးသားထားပြီး ရေးသားသူ နေရာမှာ မင်းဟန် (မန်းတက္ကသိုလ်) လို့ ရေးသားဖော်ပြထားပါတယ်။

    အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

    အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ကို လူမှုကွန်ယက်ပေါ်မှာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများက ပြန်တင်ထားကြပြီး အဆိုပါပိုစ့်ဟာ လူပေါင်း သိန်းဂဏာန်းကျော်ထိကို ပျံနှံ့နေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖေ့စ်ဘွတ်ပိုစ့်တွေမှာ ရေးသားထားတဲ့ ဂျင်းစားထားတဲ့ သူတွေကို Covid-19 ရောဂါပိုးအတွက် Swat ယူပြီးစစ်ဆေးရင် Negative သာ ပြတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်ဆန်းစစ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ Call Center ကို ဆက်သွယ်ပြီး မေးမြန်းခဲ့ပါတယ်။

    ဒီလိုရေးသားထားတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး Call Center က တာဝန်ရှိဆရာဝန်တစ်ဦးက "အဲ့ဒါကတော့ မဟုတ်ဘူးရှင့်။ အဲ့လိုမျိုး Evidence Base လည်း မရှိဘူး။ Research တွေလည်း မရှိသေးဘူး။ တစ်ယောက်ယောက်က သတင်းအမှားလွှင့်လိုက်တာ နဲ့တူတယ်။ အဲ့ဒါ သတင်းအမှားပါ" လို့ Boom Myanmar ကို ပြောပါတယ်။

    ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဂျင်းစားသုံးခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် ကိုရိုနာရောဂါပိုးကို ကာကွယ်နိုင်ခြင်းမရှိဘူးလို့ WHO အဖွဲ့ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာMichael Ryan က ဧပြီလ အစောပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    "အအေးမိတဲ့နေတဲ့အချိန်၊ ဖျားနေတဲ့အချိန် သို့မဟုတ် တုပ်ကွေးဖြစ်နေတဲ့ အချိန်တွေမှာ ပျားရည်နဲ့ ဂျင်းကို တွဲပြီး စားသုံးကြတာ ရှိသလို ရေနွေးနဲ့ ရောသောက်တာတွေလည်း ရှိကြပေမယ့် ဂျင်းစားသုံးခြင်းဟာ ကိုရိုနာရောဂါပိုးကို မကာကွယ်နိုင်ဘူး" ၎င်းက အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ဂျင်းစားသုံးခြင်းနဲ့ ပတ်သက်ပြီး WHO က ပြောထားတဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    လူမှုကွန်ယက်ပေါ်မှာ ကိုရိုနာရောဂါပိုးကို ပျောက်ကင်းစေတဲ့ နည်းလမ်းတွေဆိုပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ဆာရေနဲ့ အာလုပ်ကျင်းခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အမှားတွေဟာ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံက လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ မကြာခဏ ပျံနှံ့လေ့ရှိပါတယ်။ ဒီလို ဖြန့်ဝေလေ့ရှိတဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အမှားတွေကို WHO အဖွဲ့က မကြာခဏ ဖြေရှင်းလေ့ရှိသလို့ နိုင်ငံအသီးသီးက ကျန်းမာရေးပိုင်းဆိုင်ရာ သုတေသန ပြုလုပ်နေတဲ့အဖွဲ့တွေကလည်း ဖြေရှင်းလေ့ရှိပါတယ်။

    အမေရိကန်နိုင်ငံက National Academy of Sciences အဖွဲ့က ပြုလုပ်ထားတဲ့ သုတေသန တစ်ခုမှာ ဂျင်းစားသုံးခြင်းဟာ ကိုရိုနာရောဂါကို မကာကွယ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

    NAS အဖွဲ့ရဲ့ သုတေသန ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒါ့ကြောင့် လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတဲ့ ဂျင်းစားသုံးထားတဲ့အခါ ကိုရိုနာရောဂါပိုးစစ်ရင် Negative ထွက်တယ်ဆိုတဲ့ အကြောင်းအရာဟာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအမှားသာ ဖြစ်ပါတယ်။

    Tags

    GingerCovid-19wrong health beliefprevent CoronaSwab testကိုရိုနာမြန်မာကျန်းမာရေးဗဟုသုတအမှားဂျင်းစားသုံးခြင်း
    Read Full Article
    Claim :   ဖေ့စ်ဘွတ်ပိုစ့်တွေမှာ ရေးသားထားတဲ့ ဂျင်းစားထားတဲ့ သူတွေကို Covid-19 ရောဂါပိုးအတွက် Swab ယူပြီးစစ်ဆေးရင် Negative သာ ပြတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ Call Center ကို ဆက်သွယ်ပြီး မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!