BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ရုန့်ရင်းဆန်ခတ်ဖြစ်ပွားတဲ့ဗီဒီယို...
Top Block

ရုန့်ရင်းဆန်ခတ်ဖြစ်ပွားတဲ့ဗီဒီယို ယနေ့ဖြစ်ပွားခြင်းမဟုတ်

By - Boom Live Myanmar |
Published -  3 Feb 2021 8:06 PM IST
  • ရုန့်ရင်းဆန်ခတ်ဖြစ်ပွားတဲ့ဗီဒီယို ယနေ့ဖြစ်ပွားခြင်းမဟုတ်

    ရဲတပ်ဖွဲ့ဆန္ဒပြသူတွေကြား နဲ့ရုတ်ရုတ်သဲသဲဖြစ်ပွားနေတဲ့ ဗီဒီယိုဖိုင်ဟောင်းတစ်ခုကို လက်ရှိဖြစ်ပွားနေတဲ့ အဖြစ်အပျက်အသွင်နဲ့ Live Video ဖြစ်ပြန်လည်ဖြန့်ဝေလျက်ရှိပါတယ်။

    ငါးခူမွေးမြူရေးနည်းစနစ်မျှဝေပေးမည်ဆိုတဲ့ပေ့ချ်မှာ အဆိုပါဗီဒီယိုအဟောင်းကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသား ခေါင်းစဉ်မျိုးနဲ့ပြန်လည်ဖြန့်ဝေနေတာဖြစ်ပြီး ဗီဒီယိုခေါင်းစဉ်ကို "ချကုန်ကြပြီ" ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပြင်ဗီဒီယိုကို Live လွှင့်တဲ့အသွင်နဲ့ဖြန့်ဝေထားတာဖြစ်ပါတယ်။ ပြန်လည်ဖြန့်ဝေထားတဲ့ Video ကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    အဆိုပါဖြစ်စဉ်ဟာ လတ်တလောဖြစ်ပွားနေတဲ့ရုန့်ရင်းဆန်ခတ်အခြေအနေမဟုတ်ပဲ ဇန်နဝါရီလ ၂၇ ရက်မှာဖြစ်ပွားခဲ့တဲ့ အမျိုးသားရေးမည်ခံဆန္ဒပြသူတွေနဲ့လုံခြုံရေးတာဝန်ယူကြတဲ့ရဲတပ်ဖွဲ့ကြားထိပ်တိုက်တွေ့ဆုံမှုဖြစ်စဉ်မှာရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်အဟောင်းသာဖြစ်ပါတယ်။

    မူရင်းဗီဒီယိုဖိုင်ဟာ တရားဝင်သတင်းဌာနတစ်ခုဖြစ်တဲ့ Glaxy News - ဂလက်ဆီသတင်းဌာန ဇန်ဝါရီလ ၂၇ ရက်နေ့မှာတင်ဆက်ထားတဲ့ သတင်းပေးပို့ချက် Video ဖြစ်ပြီး အဲ့ဒီ Video ကို ယနေ့ဖြစ်ပွားနေတဲ့အသွင်နဲ့ပြန်လည်ဖြန့်ဝေထားတာဖြစ်ပါတယ်။

    တကယ့်ဖြစ်ရပ်ဟာ တပ်မတော်ကိုထောက်ခံတဲ့ အမျိုးသားရေးအမည်ခံ တွေနဲ့ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေကြား ဇန်နဝါရီ ၂၇ရက်နေ့က ဒဂုံမြို့နယ် မြို့မ ကျောင်းလမ်းပေါ်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ မူရင်း Video ကို ဒီလင့်မှာကြည့်ပါ။

    အဲ့ဒီဖြစ်စဉ်မှာ အမျိုးသားရေးအမည်ခံ သမားတွေဟာ တပ်မတော် ထောက်ခံကြောင်း ၊ ယူအီးစီကို ကန့်ကွက်ကြောင်း ကြွေးကြော်ခဲ့ကြသလို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးချိန် မှာ အမျိုးသားရေးအမည်ခံ ဆန္ဒပြသူတွေကပြန်လည်တိုက်ခိုက်ကြတဲ့ Video ဖိုင်ဖြစ်ပါတယ်။

    ဖေဖေါ်ဝါရီ ၁ရက်နေ့ တပ်မတော်အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ လူထုလှုပ်ရှားမှုကိုဦးတည်စေတဲ့ လှုံ့ဆော်မှုတွေရှိနေသလိုလမ်းပေါ်ထွက်ဆန္ဒပြစေဖို့တိုက်တွန်းလှုံ့ဆော်မှုတွေလည်းရှိနေပါတယ်။ ဒီကာလမှာယခုဖြန်ဝေထားတဲ့ဗီဒီယိုဟာ အဖြစ်အပျက်ဟောင်းကဗီဒီယိုကို အသုံးပြုပြီး လူထုထင်ယောင်ထင်မှားဖြစ်စေနိုင်ဖို့လှုံ့ဆော်ဖြန့်ဝေထားတာဖြစ်ပါတယ်။

    Tags

    UECMyanmarMilitary CoupRiotDagonElection Myanmar
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!