BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်လေထုထဲ...
သတင်းအတု

ရန်ကုန်လေထုထဲ ကိုရိုနာဗိုင်းရပ်စ်မရှိပါ

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုနဲ့ပတ်သက်ပြီးအများပြည်သူကို နားလည်မှူလွဲမှားစေနိုင်တဲ့ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့ အချက်အလက်မှားတွေ စုံစမ်းဖော်ထုတ်နေရာမှာ ဒီတစ်ခါမှာတော့ ရန်ကုန်လေထုထဲ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုကို ဆန်းစစ်ပေးလိုက်ပါတယ်။

By - Boom Live Myanmar |
Published -  7 May 2020 9:17 PM IST
  • ရန်ကုန်လေထုထဲ ကိုရိုနာဗိုင်းရပ်စ်မရှိပါ

    ဒီဖြန့်ဝေမှုကို Khine Thazin ဆိုတဲ့ အကောင့်ပိုင်ရှင်က ဧပြီလ ၂၅ ရက်နေ့က ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်ဖြန့်ဝေသူ တစ်သောင်းသုံးထောင်ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    အလားတူပဲ U Tint Lwin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကလည်း ပုံစံတူ ရေးသားဖြန့်ဝေမှုကို မေလ ၄ ရက်နေ့က ထပ်မံပြုလုပ်ခဲ့ပြီး သူ့ရဲ့ပိုစ့်ကလည်း ထပ်ဆင့်ဖြန့်ဝေသူ ခုနှစ်ထောင့်ငါးရာကျော် ရှိခဲ့ပါတယ်။

    ဖြန့်ဝေထားမှုကို ဒီနေရာနဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုပြန့်နှံ့သလဲဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အခြားကျန်းမာရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေမှာ အများအပြားဖေါ်ပြထားလို့ အချက်အလက်မှန်တွေကို သိရှိပြီး ဖြစ်လိမ့်မယ်လို့ ထင်ရပေမယ့် ဒီလို့သတင်းမှားတွေကို ထပ်ဆင့်ဖြန့်ဝေနေမှု အများအပြားတွေ့ရတဲ့ အပြင် ဒီပိုစ့်တွေရဲ့အောက်မှာ မှတ်ချက်အမျိုးမျိုးပေးနေတာ တွေ့ရတဲ့အတွက် BOOM အနေနဲ့ ဒါကို သတင်းဆန်းစစ်ချက်ပြုလုပ်ခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို သတင်းဆန်းစစ်ချက်ပြုလုပ်ရာမှာ ရောဂါပြန့်ပွားမှုနဲ့ပါတ်သတ်ပြီး မြန်မာနိုင်ငံက တာဝန်ရှိတဲ့၊ ဖြေကြားပေးနိုင်တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Hotline ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက အောက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

    "ဒီလိုသတင်းပြန့်နေတာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်နဲ့ ပါတ်သတ်တဲ့ သတင်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရာဝင်သတင်းထုတ်ပြန်နေတဲ့ ဝက်ဆိုက်တွေ၊ CDC (မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန) က ထုတ်ပြန်တဲ့ သတင်းတွေမှာပဲ ကြည့်ပေးပါ။ တကယ်ဖြစ်လို့ရှိရင် အဲ့နေရာတွေမှာ သတင်းထုတ်ပြန်ထားပေးမှာပါ။"

    အထက်ကဖော်ပြပါ ပုံဟာ ြမ်န်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်လွှင့်ထားတဲ့ ဝဘ်ဆိုက် ဖြစ်ပြီး ရောဂါနဲ့ ပါတ်သတ်တဲ့ အစီရင်ခံစာတွေ၊ သတင်းတွေ နဲ့ နောက်ဆုံးဖြစ်ပွားမှုအခြေအနေတွေကို ကြည့်ရှု့နိုင်ပါတယ်။ ဒီနေရာမှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

    BOOM အနေနဲ့ နောက်ထပ်တစ်ခါ COVID-19 ရောဂါဆိုင်ရာ သိရှိလိုသည်များကို ဖြေဆိုနေတဲ့ National COVID-19 Call Center ကို မေးမြန်းရာမှာ "ဒီလိုလေထဲမှာပြန့်နေတယ်ဆိုတဲ့ အခြေအနေဆို ဒါဟာ တော်တော်ကိုဆိုးရွားနေပါပြီ။ ဒီလိုဆိုးရွားတဲ့ အခြေအနေဆို ကျွန်မတို့ဘက်က အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်တာတွေ လုပ်သွားမှာပါ။ ခုလက်ရှိအခြေအနေမှာ ဒီလိုလေထဲပြန့်တာမျိုး မရှိတဲ့ အတွက် သတင်းထုတ်ပြန်တာတွေမလုပ်တာပါ။ ဒါက သတင်းမှားပါ။" ဆိုပြီးဖြေကြားထားပါတယ်။

    COVID-19 ရောဂါဆိုင်ရာ သိရှိလိုသည်များကို အခမဲ့ ဖုန်းခေါ်ဆိုမေးမြန်းနိုင်တဲ့ National COVID-19 Call Center ဖုန်းနံပါတ် "2019" ကို ဧပြီလ ၈ ရက်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မေးမြန်းမှုများကို လိုင်းခွဲနံပါတ်များဖြင့် အလိုအလျောက်ပြန်လည်ဖြေကြားပေးတာအပြင် တိုက်ရိုက်မေးမြန်းမှုများကိုလည်း ဆေးသုတေသနဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ဆရာဝန်များက ပြန်လည်ဖြေကြားပေးနေတာ ဖြစ်ပါတယ်။

    ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားတဲ့ရောဂါဘယ်လိုပြန့်နှံ့နိုင်တာနဲ့ပတ်သက်လို့ အောက်က ပုံမှာကြည့်ရှု့နိုင်ပါတယ်။

    ဒီမှာရေးထားတာက "COVID-19 ရောဂါက ဗိုင်းရပ်စ်ရှိသူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါက လူတယောက်ကနေ တယောက်ကို ချာင်းဆိုး၊ နှာစေးရာက ကျသွားတဲ့ အရည်စက်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ ဒီအစက်ငယ်တွေက အတော်အတန် လေးပြီး ဝေးဝေးကို မသွားနိုင်ပဲ မြေထဲကို စိမ့်ဝင်သွားပါတယ်။ လူတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးရှိသူ တွေဆီကဟာကို ရှူရှိုက်မိတဲ့ အခါ COVID -19 ရောဂါကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် တယောက်နဲ့ တယောက် တစ်မီတာ ခွါပြီးနေဘို့ အရေးကြီးပါတယ်။ ဒီအစက်လေးတွေက လူတွေပတ်ဝန်းကျင်မှာရှိတဲ့ အရာဝထ္ထုတွေ စားပွဲ၊ တံခါးလက်ကိုင်ဘု နဲ့ လက်ကိုင်တွေရဲ့ မျက်နှာပြင်မှာ နေနေနိုင်ပါတယ်။ လူတွေအနေနဲ့ ဒီအရာဝထ္ထုတွေ ဒါမှမဟုတ် သူတို့ရဲ့ မျက်နှာပြင်တွေ ကိုထိမိပြီး မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ပြန်ကိုင်တဲ့ အခါ ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာ၊ ရေ ဒါမှမဟုတ် အရက်ပြန်နဲ့ ပုံမှန်ဆေးပေးဘို့ အရေးကြီးပါတယ်" လို့ ဖေါ်ပြထားတာပါ။

    Tags

    coronavirus MyanmarCoronavirus rumoursYangonFalse News
    Read Full Article
    Claim :   ရန်ကုန်လေထုထဲ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုကို BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!