BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ကိုရိုနာနဲ့ပတ်သက်ပြီး...
Top Block

ကိုရိုနာနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့ စာအုပ်နှစ်အုပ်မှာ ဘာတွေရေးထားသလဲ

လူမှူကွန်ရက်ပေါ်မှာ ဒီစာအုပ်တွေအကြောင်းညွှန်းထားတာတွေဖတ်ပြီးရင် ဒီဆောင်းပါးကိုဆက်ဖတ်ဖို့တိုက်တွန်းပါတယ်။

By - Boom Live Myanmar |
Published -  4 April 2020 7:17 PM IST
  • ကိုရိုနာနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့ စာအုပ်နှစ်အုပ်မှာ ဘာတွေရေးထားသလဲ
    ကိုရိုနာနဲ့ပတ်သက်ပြီး ကြိုတင်မှန်းဆချက်တွေ ထူးဆန်းစွာတိုက်ဆိုင်ခဲ့တယ်ဆိုတဲ့ စာအုပ်နှစ်အုပ်

    'The Eyes Of Darkness' နဲ့ 'End Of Days' ဆိုတဲ့စာအုပ်တွေကနေ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမယ့်အကြောင်း ကြိုတင်နမိတ်ဖတ်ထားတယ်ဆိုတဲ့ ပိုစ်တွေအမြောက်အများတွေပြီးဖြစ်ပါလိမ့်မယ်။အလားတူပဲ ဒီစာအုပ်တွေနဲ့ပတ်သက်လို့ ထင်မြင်ယူဆချက်တွေကို မက်ဆင်ဂျာတွေကနေပါဖြန့်ဝေတာတွေလည်းရှိခဲ့ပါတယ်။ အခု ဒီဆောင်းပါးမှာဆွေးနွေးမယ့် အကြောင်းအရာကတော့် ဒီစာအုပ်တွေဟာ ကိုရိုနာပြသနာနဲ့ပတ်သက်ပြီး တကယ်ပဲဟောကိန်းထုတ်ထားခဲ့တာလားဆိုတာပါ။

    ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမယ်လို့ ကြိုတင်နမိတ်ဖတ် ရေးသားထားတယ်ဆိုတဲ့ Dean Koontz' ရဲ့ "The Eyes of Darkness (1981)" စာအုပ်နဲ့ Sylvia Browne ရဲ့ 'End Of Days (2008)' စာအုပ်နှစ်အုပ်က ဆိုရှယ်မီဒီယာတွေပေါ်မှာ တော်တော် ပွက်လောရိုက် ခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာ သုံးစွဲသူအများအပြားဟာ ဒီစာအုပ်နှစ်အုပ်ရဲ့ ပုံတွေကို မျှဝေနကြပြီး စာအုပ်နှစ်အုပ်ထဲက တစ်ခုဖြစ်တဲ့ ၁၉၈၁ ခုနှစ် က ရေးသားခဲ့တဲ့ စာအုပ်ပါကောက်နှုတ်ချက်တွေနဲ့ အလားတူဖြစ်စဉ်တွေအကြောင်းကို ဖေစ့်ဘွတ်၊ WhatsApp နဲ့Twitter စာမျက်နှာများပေါ်မှာ ရေးသားပြောဆိုနေကြပါတယ်။

    လတ်တလောအချိန်ဟာ Coronavirus (COVID-19) ဖြစ်ပွားတာနဲ့ ပတ်သတ်ပြီး အင်တာနက်ပေါ်မှာ ရုပ်ရှင်တွေ စာအုပ်တွေလိုမျိုး ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်တွေနဲ့ ချိတ်ဆက်ပြီး သတင်းမှားတွေနဲ့ လှည့်ဖြား ပြောနေတာတွေ အမျိုးမျိုးနဲ့ ပြည့်နှက်နေလို့ တော်တော်လည်း စိတ်လှှုပ်ရှားဖို့ကောင်းပါတယ်။ ကူးစက်ရောဂါ 'Contagion' လို့အမည်ရတဲ့ ရုပ်ရှင်ကို ဒီဗိုင်းရပ်စ်ရောဂါရဲ့ ကြိုတင်ဟောပြောချက်အဖြစ်နဲ့ အွန်လိုင်းပေါ်မှာ ဖြန့်ဝေပြီးနောက်မှာတော့ အမေရိကန်စာရေးဆရာ Dean Koontz ရဲ့ သည်းထိတ်ရင်ဖိုဝထ္ထုနဲ့ Slyvia Browne ရဲ့ သဘာဝလွန်စာအုပ်တွေကိုလည်း အလားတူပုံစံတွေနဲ့ ပြောဆိုဝေမျှလာကြပါတယ်။

    BOOM ရဲ့ WhatsApp ဖုန်းလိုင်းမှာတော့ ဒီစာအုပ်တွေက COVID- 19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ဟောကိန်း ထုတ်ထားသလား ဆိုတာ ရှင်းလင်းပေးဘို့ တောင်းဆိုစာ များစွာ လက်ခံရရှိခဲ့ပါတယ်။ မကြာသေးမီက Reality ဆိုတဲ့ ရုပ်မြင်သံကြား အစီအစဉ် ကြယ်ပွင့်ဖြစ်ပြီး စီးပွးရေးစွမ်းဆောင်ရှင်လည်းဖြစ်တဲ့ Kim Kardashian West ကလည်း ဗိုင်းရပ်စ်ကူးစက်မှုဟာ အမေရိက သို့ရောက်ရှိခဲ့တယ် ဆိုတဲ့ Sylvia Browne ရဲ့ နမိတ်ဖတ်ချက်ကို တွစ်တာမှာ ဖြန့်ဝေခဲ့ပါတယ်။



    Twitter တွင် ဖြန့်ဝေထားသော သူမရဲ့ ပိုစ့်အားကြည့်ရှုလိုပါက မရပါက ဒီနေရာ မှာ ကြည့်ပါ

    Sylvia Browne ရဲ့ စာအုပ်အကြောင်း ဖြန့်ဝေထားတဲ့ message တစ်ခုမှာဆိုရင် "အတော်ထူးဆန်းတဲ့ ကြိုတင်ဟောကြား ချက်ပဲ။ နောက်ဆုံးတော့ သူမပြောသလိုဖြစ်လာတာပဲ။ Sylvia Browne ရေးထားတဲ့ ကမ္ဘာ့ကြီးရဲ့အဆုံးသတ်အကြောင်းနဲ့ ပတ်သတ်ပြီး နမိတ်ဖတ် ကြိုတင်ဟောကိန်းထုတ်ထားတဲ့ End of Days ဆိုတဲ့စာအုပ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝှမ်း ဖြစ်မယ်ဆိုတာကိုပါ ကြိုတင်ဟောကိန်းထုတ်ထားတာ။ ဒီစာအုပ်က ၂၀၀၈ ခုနှစ်မှာ ပထမအကြိမ်ဖြန့်ချိထားတာ။ လူမှုစာမျက်နှာတွေပေါ် ပြန့်နေတဲ့ ဒီစာအုပ်က ကောက်နှုတ်ချက်တစ်ခုဆို မင်းတို့ချွေးပါပြန်သွားမယ်။"

    အောက်ကစာတွေကတော့ Boom ရဲ့WhatsApp helpline နံပါတ် (+917700906111) မှာ လက်ခံရရှိခဲ့တဲ့ စာအုပ်ရဲ့ ကောက်နှုတ်ချက်များပါတဲ့ မက်ဆေ့ချ်တွေဖြစ်ပါတယ်။





    ၂၀၁၉ ခုနှစ်မှာ ဗိုင်းရပ်စ်ကူးစက်မယ်ဆိုတဲ့ Koontz နဲ့ Browne တို့ရဲ့ တိတိကျကျပြောထားတဲ့ စာအုပ်နှစ်အုပ်လုံးက ကောက်နှုတ်ချက်တွေဟာ လူမှုမီဒီယာများကြားမှာ တော်တော်ကို ပြန့်နှံ့နေတာပါ။ ဖြန့်ဝေနေတဲ့ ကောက်နုတ်ချက်တွေဟာ မူရင်းစာအုပ်မှာ အမှန်တကယ်ပါရှိတဲ့ အချက်တွေဖြစ်ကြောင်း BOOM က စုံစမ်းသိရှိရပါတယ်။

    တွစ်တာက အလားတူ ဖြန့်ဝေမှုကို အောက်တွင် ကြည့်ပါ


    တွစ်တာမှာ ဖြန့်ဝေထားတဲ့ အဲ့ဒီ ပိုစ့်ကို ဒီနေရာမှာ လည်း ကြည့်နိုင်ပါတယ်။


    Sylvia Browne ရဲ့End Of Days ဝတ္ထုဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ကြိုတင်ခန့်မှန်း ခဲ့သလား။

    Browne ဟာ မိမိကိုယ်ကို အဘိဉာဏ် ရှိသူတစ်ဦးလို့ကြေငြာထားခဲ့တာပါ။ သူမအနေနဲ့ ဝိညာဉ် ဒါမှမဟုတ် အခြားပရလောကသားတွေနဲ့ ဆက်သွယ်နိုင်တယ်ကို ယုံကြည်ထားပါတယ်။ အဘိဉာဏ် ရှိသူတစ်ဦးအေနနဲ့ သူမက အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ကြောင်းပြောဆိုထားပေမယ့် ကလေးပျောက်လို့ ခေါင်းမီးတောက်နေတဲ့ မိဘတွေကို အချက်အလက်မှားတွေ ပေးမိတဲ့အတွက်လည်း မိဘတွေရဲ့ ဒေါသထွက်တာကိုလည်း ခံခဲ့ရပါတယ်။

    COVID-19 ဖြစ်ပွားမှုအကြောင်းမျှဝေထားတဲ့ သူမရဲ့ ၂၀၀၈ ခုနှစ်ထုတ် End Of Days စာအုပ်မှကောက်နှုတ်ချက်။

    ၂၀၂၀ ပြည့်နှစ်ခန့်မှာ အဆုတ်နှင့် ကျောက်ကပ်ပြွန်ကို ထိခိုက်စေမယ့် အဆုတ်ရောင်ကဲ့သို့သော ပြင်းထန်တဲ့ ရာဂါဟာ ကမ္ဘာအနှံ့ပျံ့နှံ့သွားလိမ့်မယ်။ အဲ့ဒီရာဂါက အလျင်အမြန်ပဲရောက်လာပြီး ရုတ်တရက် ကွယ်ပျောက်သွားအုံးမှာဖြစ်သလို နောက်ဆယ်နှစ်အကြာမှ တခါပြန်လည်ဖြစ်ပွားကာ လုံးဝပျောက်ကွယ်သွားမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

    Browne ဟာ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပေမယ့် သူမကြိုတင်ရေးသားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝှမ်းပျံ့နှံ့နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာ ဖြစ်မယ်ဆိုတာ မှန်ကန်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုတာ အသစ်မဟုတ်ပေမဲ့ COVID-19 ဆိုတာကတော့ ဗီဇအသစ်အဆန်းမျိုးဖြစ်ပြီး သူ့အတွက် ကာကွယ်ဆေးတွေ ကုထုံးတွေမရှိသေးပါဘူး။ ဒါပေမယ့် COVID-19 ရောဂါဟာ သူမပြောခဲ့သလို တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပြီး ရုတ်တရက်ပျောက်ကွယ်သွားမယ့် ရာသီအလိုက်ဖြစ်ပွားတဲ့ ရောဂါ မျိုး ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်များနှင့် သိပ္ပံပညာရှင်များက ထင်ကြေးပေးပြောဆိုထားပါတယ်။

    နောက်ဆုံးကာလကို ကြိုတင်နမိတ်ဖတ်ခြင်း။၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ သက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး SARS ဖြစ်ပွားတဲ့အကြောင်းရေးသားထားတဲ့ "End of the World" စာအုပ်ကို ၂၀၀၈ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပြီး ဒီစာအုပ်မှာ Browne က ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်မှာ ဒုတိယအကြိမ်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားလို့ ကြိုတင်ခန့်မှန်းခဲ့ပါတယ်။

    Dean Koontz ရဲ့ The Darkness of Eyes ရော ဘယ်လိုလဲ။

    ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာ Dean Koontz ရဲ့ စိတ်ကူးယဉ် ဝထ္ထု တစ်အုပ်ဖြစ်ပါတယ်။ Browne ရဲ့ကြိုတင်ဟောကြားချက်မျတွေနဲ့ မတူတာက Koontz ဟာ သူရဲ့ စာအုပ်မှာ ပါဝင်တဲ့ ဖြစ်ရပ်တွေကို အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထုတ်ဖော်မပြောခဲ့ဖူးပါဘူး။ ဇာတ်လမ်းက ဝူဟန်မြို့ပြင်တစ်နေရာက တရုတ်စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းတခုရဲ့ ဇီဝလက်နက်ထုတ်လုပ်နေတဲ့အကြောင်း ဖြစ်ပြီး "Wuhan-400" လို့ နာမည်ပေးထားပါတယ်။ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ဝူဟန်ရောဂါဗေဒဌာနဟာ ဝူဟန်ပြည်နယ်မှာရှိနေတာဖြစ်ပြီး ဒီဓာတ်ခွဲခန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကိုဖြစ်ပွားစေခဲ့ပါတယ်။

    နောက်ဆုံးမှာ COVID-19 နဲ့ စိတ်ကူးယဉ် ဇာတ်လမ်း Wuhan-400 တို့ကြား အများအပြားတူနေတာတွေ ရှိပေမယ့် အောက်မှာ ဖော်ပြထားတာတွေကတော့ ကမ္ဘာကပ်ရောဂါနဲ့ စာပေတို့ကြား အဓိကကွဲလွဲနေတဲ့ အချက်တွေပဲဖြစ်ပါတယ်။

    The Eyes Of Darkness ဇာတ်လမ်းပါ အန္တရာယ်ရှိတဲ့ ဇီဝလက်နက်ဆန်းက မတော်တဆကူးစက်ခံပါက (၄) နာရီအတွင်း ရောဂါလက္ခဏာ ပြတာပါ။ COVID-19 ရဲ့ ရောဂါပြမှာကတေ့ ၁ ရက်ကနေ ၁၄ အကြားဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အဆိုအရ အများဆုံး ရောဂါလက္ခဏာပြမယ့် အချိန်ဟာ ငါးရက်ခန့် ဖြစ်ပါတယ်။

    • စာအုပ်ပါ ရေးသားချက်မှာ Wuhan-400 ကူးစက်ခံရသူဟာ ၁၂ နာရီမှ ၂၄ လေးနာရီအတွင်း ၁၀၀ ရာခိုင်နှှုန်း သေဆုံးမည်ဖြစ်ပြီး COVID-19 မှာတော့ ၃-၄ ရာခိုင်နှှုန်းလောက်ပဲ သေဆုံးနိုင်ခြေရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။
    • ဒီစိတ်ကူးယဉ် ဝထ္ထု "Wuhan-400" ထဲမှာ ဖေါ်ပြထားတဲ့ ရောဂါလက္ခဏာတွေဟာ COVID-19 ဖြစ်ပွားရင် ခံစားရတဲ့ ရောဂါလက္ခဏာတွေနဲ့မတူပါဘူး။
    • Wuhan-400 မှာ ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်မှုကိုဆုံးရှုံးစေတဲ့ အဆိပ်တစ်မျိုးက ဦးနှောက်ကိုစားသွားပြီး ခံစားရသူမှာ သွေးခုန်နှုန်းနှင့် လည်ပတ်နေသော ကိုယ်တွင်းအင်္ဂါများ လုံးဝရပ်ဆိုင်းသွားခြင်း ဒါမှမဟုတ် အသက်ရှူရပ်သွားခြင်းများ ဖြစ်ခြင်းစတာတွေဖြစ်ပါတယ်။

    Coronavirus ကတော့ ဒီလိုလက္ခဏာတွေပြပါတယ် - ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှှုကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်း။

    The Eyes Of Darkness ဝထ္ထု ဇာတ်လမ်းပါ The Wuhan-400 ဗိုင်းရပ်စ်ကတော့ ဓာတ်ခွဲခန်းမှာ ဇီဝလက်နက် အဖြစ်ဖန်တီးခဲ့တာပါ။ ကွဲပြားတာကတော့ COVID-19 ဗိုင်းရပ်စ်က တောရိုင်းတိရစ္ဆာန်တွေကို တရားမ ၀ င်ရောင်းဝယ်နေတဲ့ Wuhan မြို့ရဲ့ ပင်လယ်စာရောင်းဝယ်တဲ့ ဈေးကွက်က စတင်ဖြစ်ပွားခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်က ပထဆုံးတင်ပြချက်မှာ ပြောထားပါတယ်။ ဒါပေမဲ့လည်း သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဗိုင်းရပ်စ့်ရဲ့ မူရင်းဖြစ်ပေါ်လာတဲ့အကြောင်းကို ရှာလို့မရသေးပါဘူး။

    ဇာတ်လမ်းပါ Wuhan-400 ဗိုင်းရပ်စ်ဟာ အီဘိုလာ (Ebola) ဗိုင်းရပ်စ်ထက် အဆမတန် ပိုဆိုးမယ်လို့ ဖော်ပြထားပေမဲ့ COVID-19 ကတော့ အီဘိုလာ ထက်အန္တရာယ်နည်းပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အဆိုအရ အီဘိုလာရောဂါဖြစ်ပွားသူ ၂၅% မှာ ၉၀% တွင် သေဆုံးမှုမှာ ပျမ်မျှ ၅၀% ဝန်းကျင်ဖြစ်ပြီး COVID -19 ရောဂါဖြစ်ပွားမှု အလားတူ ရာခိုင်းနှှုန်းမှာ သေဆုံးမှုဟာ ၃-၄ ရာခိုင်းနှုန်းသာရှိပါတယ်။

    Koontz ၏စာအုပ်နှင့် ပတ်သက်၍ နောက်ထပ်စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တစ်ခုကတော့ ၁၉၈၁ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့သော The Eyes of Darkness ၏ပထမဆုံးထုတ်ဝေမှုတွင် ရုရှနိုင်ငံတစ်နေရာက "Gorki-400" အဖြစ် နာမည်ပေးခဲ့သည်။ ဥပမာအားဖြင့် Gorki-400 ကို Gorki အပြင်ဘက်တွင် တီထွင်ခဲ့ပြီး၎င်းဟာ ဆယ်စုနှစ်အတွင်းဆိုဗီယက်ရဲ့ အရေးကြီးဆုံးနဲ့ အန္တရာယ်ရှိတဲ့ ဇီဝလက်နက်အသစ် ဖြစ်ရန်ရည်ရွယ်ခဲ့တာပါ။

    PDF စာမူတစ်ခုကို Google Books မှတဆင့်ဝင်ရောက်ကြည့်ရှု့နိုင်တဲ့အတွက် ပထမဆုံး ထုတ်လုပ်ဖြန့်ချိတဲ့ စာမူကို PDF နဲ့ ဖော်ပြထားတဲ့ ပုံကို အောက်တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။




    ဒီဗိုင်းရပ်စ်ရဲ့ နာမည်ကို၁၉၈၉ ခုနှစ် စစ်အေးကာလအပြီး နောက်တစ်ကြိမ်ပြန်ထုတ်ချိန်မှာ ပြောင်းလဲခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း နံနက်ခင်းသတင်းစာစောင် (South China Morning Post) ရဲ့ သတင်းပါ အစောပိုင်းထုတ်ဝေတဲ့ ပုံများနဲ့အတူ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှှု့လို့ ရပါတယ်။ ဒီဝထ္ထုကို Leigh NIchols ဆိုတဲ့ ကလောင်အမည်နဲ့ ပထမဆုံးထုတ်ဝေဘို့ Koontz ကယူဆခဲ့ပါတယ်။



    BOOM အနေနဲ့ နောက်ထပ်အချက်အလက်တွေကို ရှင်းလင်းဘို့ စာရေးသူထံ ဆက်သွယ်ခဲ့သော်လည်း ခုအချိန်ထိ အဖြေမရရှိသေးပါ။


    Tags

    Corona virusPREDICTIONBio WeaponWuhan
    Read Full Article
    Claim :   ဒီစာအုပ်တွေမှာကြိုတင်ရေးသားခဲ့တဲ့ ထူးထူးခြားခြးတိုက်ဆိုင်မှူတွေက ကိုရိုနာနဲ့ပတ်သက်ပြီးဘယ်လောက်အထိမှန်နေသလဲ
    Claimed By :  Social Media & WhatsApp users globally, Kim & Kourtney Kardashian Fact
    Fact Check :  Misleading
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!