BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီက OIC...
သတင်းအတု

NLD ပါတီက OIC နဲ့ကတိကဝတ်ပြုထားတယ်ဆိုတာ မဟုတ်ပါ

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေနောက်မှာ OIC နိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေ အများကြီးပါဝင်တဲ့အတွက် NLD ပါတီအာဏာရလာချိန်မှာ ပြုထားတဲ့ ကတိကဝတ်တွေ ကို လိုက်လျောရတော့မယ်ဆိုပြီး အချက်အလက်အမှားတွေထည့်သွင်းဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  18 Jan 2021 3:11 PM IST
  • NLD ပါတီက OIC နဲ့ကတိကဝတ်ပြုထားတယ်ဆိုတာ မဟုတ်ပါ

    ဒီရေးသားဖြန့်ဝေမှုတွေကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလမှ နိုင်ဝင်ဘာလအတွင်းမှာ အွန်လိုင်းပေါ် ဖြန့်ဝေနေတာဖြစ်ပြီး သီတဂူဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ယှဉ်တွဲရပ်နေတဲ့ ပုံကို အသုံးပြုကာ ဘာသာရေးအရ ထိခိုက်လွယ်တဲ့ အရေးအသားတွေနဲ့ NLD ပါတီအပေါ် စွပ်စွဲတိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

    ရေးသားထားရာမှာ "ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေနောက်မှာ OIC နိုင်ငံတွေရဲ့ ထောက်ပံ့မှု အများကြီးပါဝင်ကြောင်း၊ NLD အာဏာရလာလို့ OIC နိုင်ငံတွေနဲ့ ပြုထားတဲ့ ဂတိကဝတ်တွေ လိုက်လျောရတော့မှာဖြစ်ကြောင်း၊ နိူင်ငံသားဥပဒေတွေ ၅၉(စ) လို နိူင်ငံသား မဟုတ်သူ နိူင်ငံခြားသား ဇနီး ခင်ပွန်းတွေကို သမ္မတဖြစ်ခွင့်တွေနဲ့.နိူင်ငံခြားစစ် အခြေစိုက်စခန်း ဖွင့်ခွင့်လို ဥပဒေတွေအပြင် မျိုးစောင့်ဥပဒေလို ဥပဒေတွေကို ဖျက်ဆီး ပြင်ဆင်တော့မှာ ဖြစ်ကြောင်း" ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်ဆန်းစစ်ချက်

    ဒီရေးသားဖြန့်ဝေနေမှုနဲ့ ပါတ်သတ်ပြီး NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က "ဒီလိုစွပ်စွဲပြောဆိုမှုတွေက အမြဲလိုလိုဖြစ်နေတာပါ။ ကျွန်တော်တို့ NLD ပါတီနဲ့ OIC ဘာအဆက်အသွယ်မှ မရှိပါဘူး။ OIC ကို ဘာကတိကဝတ်မှ ပေးစရာအကြောင်း မရှိတာပါ။ ဒါဟာ အခြေအမြစ်မရှိ စွပ်စွဲတဲ့ သတင်းအမှား ကောလဟလသာ ဖြစ်ပါတယ်" လို့ ပြောဆိုထားပါတယ်။

    နောက်ထပ် ရေးသားမှုထဲမှာ ပါတဲ့ ကမ္ဘာမှာ OIC အစ္စလာမ် နိုင်ငံပေါင်း ဘယ်နှယ်နိုင်ငံရှိလဲလို့ သီတဂူဆရာတော်က မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က (၅၅) နိုင်ငံပါလို့ ပြန်ဖြေတယ်ဆိုတဲ့အချက်မှာလည်း မှားယွင်းနေပြီး အမှန်တကယ်မှာ

    Organisation of Islamic Cooperation- OIC (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ကို နိုင်ငံပေါင်း ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး ကုလသမ္မဂအဖွဲ့အစည်းပြီးလျှင် ဒုတိယမြောက် အကြီးဆုံး အဖွဲ့ဖြစ်ပါတယ်။


    OIC အဖွဲ့အစည်းအကြောင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    OIC နိုင်ငံNLD ပါတီနိုင်ငံသားဥပဒေတွေ ၅၉(စ)သတင်းမှားFake newsဘာသာရေးလှုံ့ဆော်မှုOrganisation of Islamic Cooperation- OIC
    Read Full Article
    Claim :   နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေနောက်မှာ OIC နိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေ အများကြီးပါဝင်တဲ့အတွက် NLD ပါတီအာဏာရလာချိန်မှာ ပြုထားတဲ့ ကတိကဝတ်တွေ ကို လိုက်လျောရတော့မယ်ဆိုပြီး အချက်အလက်အမှားတွေထည့်သွင်းဖြန့်ဝေထားတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!