BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • စိစစ်ထားသောသတင်းများ
      • ဒီလက္ခဏာတွေဟာ ကိုဗစ် ၁၉ ရဲ့...
      စိစစ်ထားသောသတင်းများ

      ဒီလက္ခဏာတွေဟာ ကိုဗစ် ၁၉ ရဲ့ ရောဂါလက္ခဏာအသစ်တွေလား

      ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ဖေ့စ်ဘွတ်ပေါ်မှာ “Covid-19 မှာ ဖြစ်တဲ့ ကလေးတွေမှာ ထပ်တွေ့ရတဲ့ လက္ခဏာ အသစ်” ဆိုတဲ့ ပိုစ့်တစ်ခုဟာ ၂၄ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ နှစ်ထောင်ကျော်ခဲ့တာ တွေ့ရပါတယ်။တကယ်တော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရေးသားထားတဲ့အကြောင်းအရာဟာ ပြည့်စုံမှူမရှိတာကြောင့် နားလည်မှုလွဲမှားကာ ထပ်ဆင့်ပြီးချဲ့ကားရေးသားတဲ့ သတင်းအတုတွေ ထပ်မံမပြန့်ပွားစေဖို့ BOOM အနေနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုစစ်ဆေးခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  1 May 2020 8:10 AM IST
    • ဒီလက္ခဏာတွေဟာ ကိုဗစ် ၁၉ ရဲ့ ရောဂါလက္ခဏာအသစ်တွေလား

      အထက်ပါပုံဟာ Soe Zeya Tun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီ ၂၇ ရက်နေ့က ရေးသားဖြန့်ဝေခဲ့တဲ့ ပိုစ့် ဖြစ်ပါတယ်။ အဲ့ဒီပိုစ့်ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

      ဒီလိုရေးသာဝေမျှမှူမှာပါဝင်တဲ့အချကက်အလက်တွေဟာ ယူကေမှာရှိတဲ့ ကလေးအထူးကုအထူးကြပ်မတ်စောင့်ရှောက်မှုအဖွဲ့ (PICS) ရဲ့ တွစ်တာပေါ်က ကြေငြာချက် ကို ရည်ညွှန်းပြီး ပုံတွေကတော့ Kawasaki ရောဂါ လက္ခဏာဖြစ်နေတဲ့ အင်တာနက်ပေါ်က ပုံတစ်ချို့ကို ရယူသုံးစွဲခဲ့တာဖြစ်ပါတယ်။

      အောက်မှာ မူရင်းပုံကို ဖော်ပြထားပါတယ်။


      ပုံရယူခဲ့တဲ့ မူလနေရာကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

      အဲ့ဒီပါပိုစ်ဟာ တွစ်တာမှာ ဧပြီ ၂၇ ရက်နေ့က စတင်ဖြန့်ဝေတာဖြစ်ပြီး ယူကေ ကလေးအထူးကြပ်မတ်စောင့်ရှောက်မှုအဖွဲ့ (PICS) က ယူကေအမျိုးသားကျန်းမာရေးဝန်ဆောင်မှုရဲ့ သတိပေးချက်ကို ကိုကားပြီး ကလေးတွေအတွက် ကျန်းမာရေး သတိပေးချက်အဖြစ် တွစ်တာမှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဖြန့်ဝေရာမှာ ယူကေရှိ ကလေးတွေမှာ သွေးကြောတွေကို ထိခိုက်စေတဲ့ Kawasaki ရောဂါနှင့် ပုံစံတူတဲ့ ရောဂါတစ်မျိုး ဖြစ်ပွားနေပြီး ဒါက ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့ ကလေးတွေမှာ တွေနေရတယ်လို့ ဆိုတာဖြစ်ပါတယ်။ ဒီသဘောက Kawaski နဲ့ဆက်စပ်တဲ့ရောဂါဟာ ကိုရိုနာကူးစပ်ခံရတဲ့ကလေးတွေမှာတွေ့ရတယ်ဆိုတဲ့အဓိပ္ပါယ်သာဖြစ်ပြီး၊ ကိုရိုနာရောဂါရဲ့လက္ခဏာသစ်မဟုတ်ဘူးဆိုတာကို ကွဲကွဲပြားပြားသိနိုင်ပါမှာဖြစ်ပါတယ်။

      ဒီဖြန့်ဝေမှုမှာ ဘာမှားခဲ့သလဲ

      သာမန်ကြည့်ရင်တော့ ဒီဖြန့်ဝေမှုဟာ မမှားဘူးလို့ ပြောလို့ရပါတယ်။ ဘာကြောင့် မမှားသလဲဆိုတော့ ယူကေ ကလေးအထူးကြပ်မတ်စောင့်ရှောက်မှုအဖွဲ့ (PICS) က တွစ်တာမှာ ဒါကို အမှန်တကယ်ဖြန့်ဝေခဲ့ပါတယ်။ ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။


      ဒါပေမဲ့ သူတို့ ပြောသလို ယူကေ က ကလေးတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါက COVID-19 ရောဂါနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကတော့ ပြောဖို့ စောလွန်းပါတယ်လို့ ကူးစက်ရောဂါဆိုင်ရာ ပညာရှင်တွေက ထောက်ပြပြောဆိုထားပါတယ်။ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အောက်မှာဆက်လက် ဖတ်ရှှု့ပေးပါ။

      PICS ရဲ့ သတိပေးချက်ထဲမှာရေးထားတာကတော့ ပြီးခဲ့တဲ့ သုံးပတ်အတွင်းမှာ လန်ဒန်မြို့အပါအဝင် ဗြိတိန်နိုင်ငံရဲ့ နေရာအတော်များများက ကလေးတွေမှာ အထူးသတိပြုကုသရမယ့် ရောဂါတစ်ခုဖြစ်ပွားနေကြောင်း၊ ဝမ်းဗိုက်နာကျင်မှုနဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ရောဂါလက္ခဏာများ ပြတဲ့ ဒီရောဂါက ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ဆက်စပ်နေနိုင်ကြောင်း ရေးသားထားပါတယ်။

      ဒီအချက်အလက်တွေကိုဖြန့်ဝေခဲ့တဲ့ PICS ကဘယ်လိုအဖွဲ့မျိူးလဲဆိုတာကို ဆက်လက်လေ့လာနိုင်ပါတယ်။ လန်ဒန်မြို့အခြေစိုက် ကလေးအထူးကြပ်မတ်စောင့်ရှောက်မှုအဖွဲ့ (PICS) ကို ၁၉၈၇ ခုနှစ် ကတည်းက ကလေးအထူးစောင့်ရှောက်မှူကို စိတ်ပါဝင်စားသူတွေအတွက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယူကေကလေး အထူးကြပ်မတ်စောင့်ရှောက်မှု အသိုင်းအဝိုင်းကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ PICS ရဲ့လှုပ်ရှားမှုတွေထဲမှာ သုတေသနလုပ်တာတွေ၊ သင်တန်းပေးတာတွေ၊ ဆွေးနွေးပွဲဖိုရမ်တွေ ကျင်းပတာတွေ၊ သတင်းအချက်အလက်စုဆောင်းတာတွေ နဲ့ ကလေးအထူးကုစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပါတယ်။

      Warwick ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ (University of Warwick) ကထိက ဒေါက်တာဂျိမ်းစ်ဂဲက ဒီရောဂါလက္ခဏာက COVID19 နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး ကောက်ချက်ချဘို့ လွယ်တယ်ဆိုပေမဲ့ ဘယ်လက်တွေ့စမ်းသပ်မှုနဲ့မှ သက်သေပြဘို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူး လို့ မှတ်ချက်ပေးခဲ့ပါတယ်။



      Newsweek သတင်းစာပါ ဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။

      ကလေးများနှင့်လူငယ်များဆိုင်ရာ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု ဌာန ဒါရိုက်တာ ပါမောက္ခဆိုင်မွန်ကင်နီက Newsweek ကိုပြောကြားထားရာမှာ "ဝမ်းသာစရာက လက်ရှိ COVID-19 နဲ့ ဆက်စပ်တယ်ဆိုတဲ့ ကလေးတွေမှာ ဖြစ်ပွားနေတဲ့ Kawasaki လိုရောဂါတွေက ရှားတယ်။ ဒါပေမဲ့ ဆရာဝန်တွေအနေနဲ့ ကလေးတွေအတွက် မှန်ကန်တဲ့ စောင့်ရှောက်မှုတွေပေးနိုင်ဘို့ ဖြစ်လာနိုင်ချေရှိတဲ့ ဒီအချိတ်အဆက်တွေကို သတိပြုမိဘို့ အရေးကြီးပါတယ်။" လို့ဆိုပါတယ်။


      တကယ်တော့ ဒီလက္ခဏာတွေဟာတကယ်ဖြစ်နေတာလို့ပြောလို့ရပေမယ့်၊ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီးလေ့လာမှူတွေမှာတော့ ဒီလက္ခဏာတွေဟာ ကိုဗစ် ၁၉ ရဲ့ ရောဂါလက္ခဏာသစ်မဟုတ်တာကိုတော့ ကွဲကွဲပြားပြားသိရှိထားရမှာဖြစ်ပါတယ်။







      Tags

      covid 19coronavirusKawasaki DiseasePICSUK
      Read Full Article
      Claim :   Covid-19 မှာ ဖြစ်တဲ့ ကလေးတွေမှာ ထပ်တွေ့ရတဲ့ လက္ခဏာအသစ် ဆိုပြီး ဖြန့်ဝေနေမှုတွေနဲ့ ပါတ်သတ်လို့ ပညာရှင်တွေက ပြန်လည်ရှင်းလင်းထားပါတယ်။
      Claimed By :  Facebook
      Fact Check :  Misleading
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!