BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်မြို့ကို အနီရောင်အဆင့်...
သတင်းအတု

ရန်ကုန်မြို့ကို အနီရောင်အဆင့် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှား တစ်ပုဒ်သာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 March 2020 9:32 AM IST
  • ရန်ကုန်မြို့ကို အနီရောင်အဆင့် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းအတု

    ဒီသတင်းဟာ ရန်ကုန်လေထု ညစ်ညမ်းနေပြီဆိုတဲ့ သတင်းကိုအခြေပြုပြီး Covid-19 သတင်းနဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားထားတဲ့ သတင်းတု၊ သတင်းယောင်ပဲ ဖြစ်ပါတယ်။

    ဒီသတင်းအမှားကို Myanmar News Team ဆိုတဲ့ ဝက်(ဘ်)ဆိုဒ် တစ်ခုမှာ တင်ထားတာ ဖြစ်ပြီး ဒီသတင်းထဲမှာ AFP သတင်းဌာနရဲ့ သတင်းဓါတ်ပုံကို ခွင့်ပြုချက်မရှိပဲခိုးယူသုံးစွဲထားတာ ဖြစ်ပါတယ်။

    ဒီသတင်း မှာဘာတွေမှားသလဲ

    ဒီသတင်းဟာ လေထုညစ်ညမ်းမှုသတင်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဓါတ်ပုံကိုအဆက်အစပ်မရှိချိတ်ဆက်ပြီး လူအများ အထိတ်တလန့်ဖြစ်အောစေဖို့ရေးသားထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက ရန်ကုန်မြို့ရဲ့ လေထုဟာ မြူတွေ ဆိုင်းနေတဲ့အတွက် လေထုအညွှန်းကိန်းတိုင်းတာတဲ့ အာရုံခံ ကိရိယာတွေမှာ AQI ကိန်းဂဏာန်းတွေ မြင့်တက်ခဲ့ပါတယ်။ ဒီလေထုကို တိုင်းတာတဲ့ ကိန်းဂဏန်း တန်ဖိုးတွေ မြင့်တက်ခဲ့တာကို Covid-19 ဖြစ်ခါစက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က သတင်းဓါတ်ပုံနဲ့ ပေါင်းစပ်ပြီး ရန်ကုန်မြို့ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီ ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုနဲ့ တွဲဖက်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

    ရန်ကုန်လေထုဟာ စက်ရုံတွေ ကားတွေက ကာဗွန်တွေကြောင့် ညစ်ညမ်းနေတဲ့အတွက် သဘာဝပါတ်ဝန်းကျင် ပညာရှင်များက လေထုညစ်ညမ်းနေပြီလို့သာ သတိပေးနေဆဲ ဖြစ်ပါတယ်။

    ရန်ကုန်လေထုကို အနီရောင်အဆင့်လို့ တရားဝင်သတ်မှတ်ထားခြင်းလည်း မရှိပါဘူး။

    ဒါ့အပြင် ဒီသတင်းထဲမှာ ရန်ကုန်မြို့ကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီ ဆိုပြီး ရေးသားထားခြင်းဟာ အများပြည်သူကို အထိတ်တလန့် ဖြစ်စေလိုတဲ့ရည်ရွယ်ချက်ရှိနိုင်ပါတယ်။

    ဒါ့အပြင် ဒီ ဝက်(ဘ်)ဆိုဒ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတု သတင်းယောင်တွေ ရေးသားဖြန့်ချိနေတဲ့အပြင် သတင်းတွေ၊ သတင်းဓါတ်ပုံတွေပါ ခိုးယူ သုံးစွဲနေတဲ့ အထဲ ပါတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယ ကောင်စီရဲ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    သတင်းမီဒီယာ ကောင်စီ ရဲ့ ထုတ်ပြန်ချက်ကို ဒီ Link မှာ ကြည့်ရှု့နိုင်ပါတယ်။

    Myanmar News Team ဆိုတဲ့ Website မှာ like ၃ဝဝဝ ကျော်ရှိတဲ့ ဖေ့စ်ဘွတ် ပေ့ချ်တစ်ခုလည်း ရှိတဲ့အပြင် Myanmar Top Entertainment နာမည်နဲ့ Youtube Channel တစ်ခုလည်းရှိပါတယ်။

    Tags

    covid19fake newsAirportRed Alert In Yangonwuhan virus
    Read Full Article
    Claim :   ဒီ ဝက်(ဘ်)ဆိုဒ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတု သတင်းယောင်တွေ ရေးသားဖြန့်ချိနေတဲ့အပြင် သတင်းတွေ၊ သတင်းဓါတ်ပုံတွေပါ ခိုးယူ သုံးစွဲနေတဲ့ အထဲ ပါတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယ ကောင်စီရဲ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
    Claimed By :  Myanmar News Team
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!