BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • စိစစ်ထားသောသတင်းများ
  • သတင်းအမှား။ COVID-19 ပြသနာကြောင့်...
စိစစ်ထားသောသတင်းများ

သတင်းအမှား။ COVID-19 ပြသနာကြောင့် အီတလီကလူတွေက ငွေတွေကိုလမ်းမတွေပေါ် လွှင်ပစ်ခဲ့ပါသလား

အင်တာနက်ပေါ်မှာ ဒီလိုရေးသားပြီး အမြောက်အများဖြန့်ဝေနေတေဲ့ ပုံဟာ တကယ်တော့ ၂၀၁၉ ခုနှစ် မတ်လအတွင်းက ဗင်နီဇွဲလားနိုင်ငံမှာ ရိုက်ယူထားတဲ့ ပုံဖြစ်ပြီး လူတွေအနေနဲ့ သူတို့ရဲ့သုံးမရတော့တဲ့ပိုက်ဆံတွေကို လွှင့်ပစ်နေချိန် ရိုက်ယူထားတာပဲဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  2 April 2020 6:24 PM IST
  • သတင်းအမှား။ COVID-19 ပြသနာကြောင့် အီတလီကလူတွေက ငွေတွေကိုလမ်းမတွေပေါ် လွှင်ပစ်ခဲ့ပါသလား
    ငွေတွေကို လမ်းပေါ်လွှင့်ပစ်ကြတဲ့ဖြစ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သတင်းအဟောင်းတစ်ပုဒ်သာဖြစ်ပါတယ်

    အီတလီနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ဦး ရေ ၁၂၀၀၀ ကျော် ရှိလာတာကို အကြောင်းပြုပြီး လမ်းပေါ်မှာ ပိုက်ဆံတွေ ပစ်ထားတဲ့ပုံတွေနဲ့ တွဲပြီး အီတလီလူမျိုးတွေက သူတို့ ပိုက်ဆံတွေကို အသည်းအသန်စွန့်ပစ်နေပြီလို့ ရေးသားပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ အမြောက်အများဖြန့်ဝေခေဲ့ကြပါတယ်။

    တကယ်တော့ အဆိုပါ ဓါတ်ပုံတွေက ဗင်နီဇွဲလားနိုင်ငံ မရီးဒါ မြို့မှာ ၂၀၁၉ ခုနှစ် မတ်လအတွင်းက ဘဏ်တစ်ခု လုယက်ဖျက်ဆီးခံရအပြီး ငွေစက္ကူတွေ လမ်းပေါ်ပြန့်နှံ့သွားတဲ့ပုံကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

    "အီတလီက လူတွေကတော့ သူတို့ရဲ့ ပိုက်ဆံအားလုံးကို အပြင်ဘက်လမ်းတွေပေါ် လွှင်ပစ်ကြပြီး ဒီငွေတွေဟာ သူတို့အသက်ရှင်ဖို့ လုပ်မပေးနိုင်ဘူးလို့ပြောကြတယ်။ အကယ်၍ သင်ဟာကျန်းမာနေတဲ့သူတစ်ယောက်ဆိုရင် ဒီငွေတွေကို လူသားတွေအတွက်လိုအပ်တဲ့ ၀ န်ဆောင်မှုနဲ့အကူအညီအတွက် သုံးပါ။ " ဆိုတဲ့ စာတမ်းပါ ဓါတ်ပုံတွေကို BOOM ရဲ့ WhatsApp ဖုန်းနံပါတ်မှ ရရှိခဲ့ပါတယ်။

    သက်ဆိုင်ရာ စကားလုံး keyword တွေအသုံးပြုပြီး ဆိုရှယ်မီဒီယာများပေါ်မှာ ရှာဖွေခဲ့ရာ အလားတူပုံစံ ဖြန့်ဝေရေးသားမှုများအား ဝက်ဆိုက်နှင့် ဖေစ့်ဘွတ်စာမျက်နှာတွေပေါ်မှာ တွေ့ရှိခဲ့ရပါတယ်။

    "အီတလီ မှာ ပိုက်ဆံတွေ လွတ်ပစ် ကုန်ပြီ ကျန်းမာခြင်းလဘ်ထက် ကြီးတဲ့လဘ် မရှိဆိုသည့်အတိုင်းချမ်းသာပါတဲ့ ဆိုတဲ့ သူတွေ ရောဂါဖြစ်လာတော့ ငွေဆိုတာတန်ဖိုးမရှိတော့သလိုပါဘဲ။"

    အဆိုပါ သတင်းကို ပြည်တွင်းက ဝက်ဆိုက်မှာလည်း၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့ကဖြန့်ဝေထားပါတယ်။

    အဲ့ဒီသတင်းမှာ အီတလီမှာတော့...လူတွေဟာမိမိတို့ပိုက်ဆံတွေကို အပြင်လမ်းမပေါ်လွင့်ပစ်လိုက်ကြပြီး ကမ္ဘာကိုလက်တွေ့သင်ခန်းစာပြပေးလိုက်ပြီ။ ချမ်းသာတဲ့ သူတို့အတွက်တော့ ပိုက်ဆံ စည်းစိမ်ပစ္စည်းတွေဟာ လူဘဝမှာ ယခုလို ကဒ်ဆိုးတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ ဘာမှ အသုံးမဝင်ပါလား ဆိုတာ သူတို့ သိသွားပြီ။ လူ့ဘဝရဲ့ တကယ့်အနှစ်သာရ ဘာလဲဆိုတာ သူတို့ ရှာဖွေကြတော့မယ်။ လို့ဖန်တီးရေးသားခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM က အဆိုပါပုံများထဲက ပုံတစ်ပုံရဲ့ မူရင်းကိုရှာဖွေခဲ့ရာ ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်တွင်း မီဒီယာတစ်ခုဖြစ်တဲ့ Maduradas သတင်းဌာနမှာ ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက် နေ့က ရေးသားဖေါ်ပြခဲတဲ့ သတင်းတစ်ပုဒ်ဖြစ်တာကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ သတင်းပါ ဖေါ်ပြချက်များအရ ဗင်နီဇွဲလားနိုင်ငံ မရီးဒါ မြို့မှာ ဘဏ်တစ်ခု လုယက်ဖျက်ဆီးခံရအပြီး ငွေစက္ကူတွေ လမ်းပေါ်ပြန့်နှံ့သွားတဲ့ ဖြစ်ရပ်တစ်ခု ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲတယ်လို့ဆိုပါတယ်။ အဆိုပါသတင်းထဲတွင် အီတလီနိုင်ငံအဖြစ်ပျံ့နှံ့နေသောပုံများအပါအ ၀ င် မှတ်စုဟောင်းများနှင့် ပြည့်နှက်နေတဲ့ မီရီဒါမြို့ရဲ့ လမ်းတွေကို ရိုက်ကူးထားတဲ့ ပုံတွေလည်း ပါဝင်နေပါတယ်။

    ဆောင်းပါးမှ ကောက်နှုတ်ချက်

    ကြောက်စရာကောင်းတဲ့ အကြမ်းဖက်သူတွေက မရီဒါ မြို့ရှိ Bicentennial ဘဏ်ကို လုယက်ဖျက်ဆီးသွားပြီး ငွေကြေးအဟောင်းတွေကို လမ်းများတလျှောက် ကျဲဖြန့်ခဲ့ပါတယ်။
    မတ်လ ၁၁ ရက်၊ တနင်္လာနေ့တနင်္လာနေ့တွင် Méridaပြည်နယ်၊ Glorias Patrias ၏ Avenida 3 ရှိ Bicentennial ဘဏ်အေဂျင်စီမှာ လုယက်ဖျက်ဆီးခြင်းခံရပါတယ်။
    အဆိုပါ ဘဏ်လုယက်ဖျက်ဆီးခြင်းခံရမှုအား လက်ထောက်အမျိုးသားလွှတ်တော် ၀ ီလျံဒေးဗီလာ နှင့် မီရီဒါပြည်နယ်ရှိ El Nacional ၏သတင်းထောက် Leonardo León တို့က အတည်ပြုခဲ့ပါတယ်။
    တွစ်တာလူမှုကွန်ယက်ပေါ်တွင် တွေ့ရှိရသော သတင်းများအရ နိုင်ငံသားများသည် လမ်းများပေါ်တွင် ငွေစက္ကူအဟောင်းများကို ဖြန့်ကျဲခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

    • Maduradas ဆောင်းပါး၊ ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့။

    ၂၀၁၈ ခုနှစ် နှစ်စကိုပြန်လည်ကြည့်ပါက ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးဟာ ငွေတန်ဘိုးအကြီးအကျယ်လျှောကျပြီး ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်နေခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လ မှာတော့ Maduro အစိုးရက ငွေကြေးအဟောင်းတွေကို ဖျက်ဆီးပစ်ဘို့ ဆုံးဖြတ်ခဲ့ပြီး အခြားအသစ်တစ်ခုနဲ့ အစားထိုးမိတ်ဆက်ခဲ့ပါတယ် လို့ CNN သတင်းဌာကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

    COVID-19 ဒဏ်ခံခဲ့ရသောနိုင်ငံပေါင်း ၁၈၀ တွင်အီတလီဟာ သေဆုံးသူဦးရေအများဆုံး ဖြစ်ပြီး လက်ရှိချိန်ထိ သေဆုံးသူ ၁၂,၄၂၈ ဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ငွေကြေး ယူရိုကတော့ ကမ္ဘာပေါ်မှာ ငွေတန်ဘိုးအမြင့်ဆုံးငွေးကြေးတစ်ခု ဖြစ်နေဆဲဖြစ်လို့ သူတို့ပိုက်ဆံတွေ လမ်းပေါ်ပစ်ချမှာတော့ မဟုတ်ပါဘူး။

    Tags

    အီတလီပိုက်ဆံဗင်နီဇွဲလားနိုင်ငံ
    Read Full Article
    Claim :   ဒီအကြောင်းအရာဟာ ဗင်နီဇွဲလားနိုင်ငံမှာဖြစ်ခဲ့တဲ့ သတင်းဟောင်းတစ်ပုဒ်ကို ကိုရိုနာဖြစ်ရပ်နဲ့ဆက်နွယ်ပြီး ဖန်တီးရေးသားကြတဲ့ သတင်းအမှား သက်သက်သာဖြစ်ပါတယ်။
    Claimed By :  ၤFacebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!