BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဗစ်ဖြစ်ပွားခြင်းဟာ...
သတင်းအတု

ကိုဗစ်ဖြစ်ပွားခြင်းဟာ ညနေဖက်ရေချိုးခြင်းနဲ့မသက်ဆိုင်ပါဘူး

လူသိများတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ အေးသီတာ ရေးသားဖြန့်ဝေတဲ့ ကျန်းမာရေးအချက်အလက်မှားတစ်ခုကို လူမှုကွန်ရက်ပေါ်မှာထပ်ဆင့်ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  19 Dec 2020 4:08 PM IST
  • ကိုဗစ်ဖြစ်ပွားခြင်းဟာ ညနေဖက်ရေချိုးခြင်းနဲ့မသက်ဆိုင်ပါဘူး

    အဲ့ဒီအချက်အလက်အမှားထဲမှာ ကိုဗစ်ဖြစ်ပွားသူအများစုဟာ ညနေဖက်ရေချိုးပြီးဖျားရာကနေစတယ်လို့ရေးသားထားတဲ့ ပို့စ်တစ်ခုကို သရုပ်ဆောင် အေးသီတာက သူ့ရဲ့အကောင့်မှာ Screen Shot အနေနဲ့ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီဖေ့စ်ဘွတ်ပို့စ်ကိုအခြေခံပြီး တရားဝင်မှတ်ပုံတင်ထားခြင်း မရှိဘဲ လူအများဝင်ကြည့်အောင် ရေးသားပြီး ပိုက်ဆံရှာလေ့ရှိတဲ့ Website တွေက သတင်းအဖြစ်နဲ့ ဖြန့်ဝေကြတာဖြစ်ပါတယ်။

    ၎င်းတို့ တင်ထားတဲ့ သတင်းခေါင်းစဉ်တွေမှာ "ကိုဗစ်ဖြစ်သူတိုင်း ညနေဘက် ရေချိုးပြီး ဖျားရာက စဖြစ်တာလို့ သတိပေး လိုက်တဲ့ အေးသီတာ" လို့ ခေါင်းစဉ်တပ်ထားပါတယ်။ အဲ့ဒီသတင်းရဲ့ အတွင်းမှာတော့ ဇာတ်ပို့၊ ဇာတ်ရံအဖြစ် ဗီဒီယိုကားတွေ၊ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်အေးသီတာက ပရိသတ်တွေ ဆင်ခြင်ရမယ့် အရာလေး ပြောပြလာတယ် လို့ ရေးသားထားပြီး "ဒီအကြောင်းအရာလေးကတော့ " မိတ်ဆွေများအားလုံး ညနေပိုင်း( နေဝင်ပြီးနောက်ပိုင်း ) ရေမချိုးကြဖို့ နိုးဆော်ပါတယ်ရှင် ….ဖျားပြီး ကိုဗစ်ဖြစ်သူတိုင်း ညနေဘက် ရေချိုးရာက ဖြစ်တာကို လေ့လာတွေ့ရှိရပါတယ်" ဆိုတဲ့ စာဆောင်လေးကို သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။တကယ်တော့ အထက်ပါဝဘ်ဆိုက်တွေမှာရေးသားကြတဲ့ စာဆောင်ဆိုတာဟာ စာရေးထားတဲ့ Screen Shot တစ်ခုကို ဆိုလိုကြတာဖြစ်ပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

    အဲ့ဒီအကြောင်းအရာကို Voice ဆိုတဲ့ နာမည်နဲ့ ပြုလုပ်ထားတဲ့ Website တစ်ခုမှာ တင်ထားပြီး Cele Myanmar News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာလည်း တင်ထားပါတယ်။ အဲ့ဒီ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ သတင်းကို Like လုပ်ထားသူ နှစ်သောင်းကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၁၀၀ ကျော် ရှိနေပါတယ်။ ဒါ့အပြင် Yaung Pay Su ဆိုတဲ့ နာမည်နဲ့ ပြုလုပ်ထားတဲ့ ဝဘ်ဆိုဒ် တို့မှာတင်ထားပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ facebook Group တွေထဲ မျှဝေထားပါတယ်။ ဒီသတင်းကို မျှဝေသူ အများစုဟာ တကယ်ထင်ပြီး ဖြန့်ဝေနေကြသလို နောက်ပြောင်တဲ့ သဘောနဲ့ ဖြန့်ဝေနေမှုတွေလည်း ရှိပါတယ်။

    သတင်းဆန်းစစ်ချက်

    ကိုဗစ် ၁၉ ရောဂါဖြစ်ပွားခြင်းဟာ ညနေဖက်ရေချိုးခြင်းမချိုးခြင်းနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ကိုဗစ်ရောဂါ လူအချင်းချင်း ကူးဆက်ပျံ့နှံ့တာမျိုးဖြစ်ပြီး ရောဂါပိုးရှိသူကိုင်တွယ်ထားတဲ့ အရာဝတ္တုတွေ ၊တံတွေး၊ ချောင်းဆိုးခြင်း စတဲ့ အခြေအနေတွေကနေ ကူးစက်ပျံနှံ့တတ်တဲ့ ရောဂါသာ ဖြစ်ပါတယ်။ ညနေဘက် ရေချိုးပြီးဖျားရာက ကိုဗစ် စဖြစ်တယ်ဆိုတဲ့အချက်ကို တရားဝင်အချက်အလက် အမှန်တွေထုတ်ပြန်လေ့ရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ WHO စတဲ့အဖွေဲ့အစည်းတွေကပင်လျင်ထုတ်ပြန်ကြေငြာဖူးခြင်းမရှိတာကြောင့် ဒါဟာ အချက်အလက်အမှားသပ်သပ်သာဖြစ်ပါတယ်။

    ဒီအကြောင်းအရာဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးရဲ့ ကျန်းမားရေးဗဟုသုတ အမှားအယွင်းနဲ့ ရေးသားထားတဲ့ အကြောင်းအရာကို သတင်းအမှားတင်ပြီး ဝင်ရောက်ကြည့်ရှု့သူများအောင်ပြုလုပ်ကာ စီးပွားရှာနေတဲ့ Website တွေက ပြန်လည်ဖြန့်ဝေခဲ့ကြခြင်းသာ ဖြစ်ပါတယ်။

    Tags

    Wrong health knowledgeCovidfalse newsကိုရိုနာမြန်မာကျန်းမာရေးဗဟုသုတအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ညနေပိုင်း ရေးချိုးပြီး ဖျားရာက ကိုဗစ် ရောဂါ စတင်ဖြစ်ပွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!