BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

ဆရာဝန်တွေဖုန်းနံပတ်နဲ့မှားယွင်းဝေမျှထားတဲ့ သတင်းအမှား

လူမူကွန်ရက်ပေါ်မှာ COVID -19 ရောဂါနဲ့ ဆက်စပ်ပြီး အနံ့ပျောက်သူများ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကို ဖြန့်ဝေနေတာမှာ သက်ဆိုင်ရာမြို့နယ် ဆရာဝန်တွေရဲ့ ဖုန်းနံပါတ်တွေဖြစ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိလာပါတယ်။

By - Boom Live Myanmar |
Published -  12 Oct 2020 2:05 PM IST
  • ဆရာဝန်တွေဖုန်းနံပတ်နဲ့မှားယွင်းဝေမျှထားတဲ့ သတင်းအမှား

    NLD ပါတီရဲ့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဆရာဝန်တွေရဲ့ ဖုန်းနံပါတ်စာရင်းကို အောက်တိုဘာလ ၄ ရက်နေ့ နေ့လည် ၁၂ ခွဲခန့်က သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာပေါ်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ နှစ်ထောင့်ခြောက်ရာကျော်ရှိခဲ့ပါတယ်။ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ဖျားနာ အနံ့ပျောက် ချောင်းဆိုး အသက်ရှုကြပ် ဝမ်းသွား စသည့် ကိုဗစ် သံသယရှိသူများ ဆက်သွယ်နိုင်ရန် မြို့နယ်အလိုက် သက်ဆိုင်ရာ ဆရာဝန်များ၏ ဖုန်းနံပါတ်များ" ဆိုပြီး မြို့နယ်အလိုက် ဆရာဝန်တွေရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်စာရင်းတွေကို တင်ထားခဲ့တာပါ။

    အခြားဖြန့်ဝေမှုတွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    အထက်ပါပုံမှာ မြင်ရတဲ့အတိုင်း ဦးအောင်ကျော်ကျော်ဦးရဲ့ ပိုစ့်အောက်မှာ မှတ်ချက်အများအပြား ရေးသားကာ ဆရာဝန်တွေရဲ့ ဖုန်းနံပါတ်တွေဖြန့်ဝေမှုမှာ မသင့်လျော်ကြောင်း ထောက်ပြဝေဖေန်နေပေမယ့် ယခု သတင်းရေးသားချိန် အောက်တိုဘာ ၈ ရက်နေ့အထိ အဆိုပါပိုစ့်ကို ပြန်လည်ပြင်ဆင်ခြင်း ဖြုတ်သိမ်းခြင်း မရှိသေးတာ တွေ့ရပါတယ်။

    သက်ဆိုင်ရာမြို့နယ် ဆရာဝန်တွေရဲ့ ဖုန်းနံပါတ်တွေဖြန့်ဝေခံရတဲ့အတွက် ဖုန်းခေါ်ဆိုမှုအများအပြားရှိခဲ့ပြီး တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်တွေအတွက် နားချိန်ပင် မရတော့ကြောင်း ဒေါက်တာထက်ဖြိုးအောင် ဆိုသူကလည်း သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာ ၅ ရက်နေ့က ရေးသားထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒေါက်တာထက်ဖြိုးအောင်ရဲ့ ရေးသားမှုတွေမှာ လှိုင်မြို့နယ် အမတ် ဦးကျော်ကျော်ဦးရဲ့ ဖြန့်ဝေမှုကို ရည်ညွှန်းကာ "ပြောရတာကတော့ နည်းနည်း ခက်ပါတယ်။ အားလည်းနာပါတယ်။ လှိုင်က အမတ် တစ်ယောက်ထင်ပါတယ်။ နာမည်မှာလည်း Blue Mark ကြီးနဲ့...တိုင်းကျန်းမာက Focal Person List ကို .. ဘယ်က ရတယ် မသိဘူး....တင်လိုက်တယ်။ ပြသနာက အဲ့ထဲက TMO တွေပါတဲ့ ဆရာဝန်တွေဖုန်းတွေ လွှတ်ဖြေနေရတာပါပဲ။ အနံ့ပျောက်လူနာတွေအတွက် Call Centre သပ်သပ်ရှိပါတယ်။ HICA ပါ.....လူနာတွေ အတွက် အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်ဖို့ ဆရာဝန်တွေ ကြိုးစားပေးနေပါတယ်။ ဒါပေမယ့် သူတို့ အဲ့လို တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အနားယူချိန် ဆိုတာ..လိုပါတယ်။ ခုတော့ ဖုန်းတွေက တောက်လျောက် လာပါတယ်။ တစ်နေ့ကို Call သုံးဆယ်ကနေ ငါးဆယ်ကြား ရှိပါတယ်။ ဟိုနေ့ကဆို ညဘက်ကြီး 1နာရီကျော်မှာ အနံ့ပျောက်လူနာဆိုပြီး ဖုန်းဆက်ပါတယ်" ဆိုပြီး စတာတွေ ရေးသားထားတာပါ။

    သတင်းဆန်းစစ်ချက်

    ဗစ် - ၁၉ ရောဂါ လက္ခဏာတခုဖြစ်တဲ့ အနံ့ပျောက်တာကို ခံစားရသူတွေ အများအပြားရှိလာနေတဲ့ အတွက် အနံ့ပျောက်ရောဂါ လက္ခဏာ (Anosmia) ရှိသူတွေကို ထားရှိမဲ့နေရာတွေ စီစဉ်နေပြီး ဖျားနာခြင်းမရှိဘဲ အနံ့ပျောက်ရုံသက်သက်လူနာတွေအနေနဲ့ ဆေးရုံတွေမှာစုပြုံတိုးနေတာမျိုးမလုပ်ဘဲ Call Center 2019 ကိုဆက်သွယ်ရန်နဲ့ မြို့နယ်အလိုက် အနံ့ပျောက်စင်တာတွေမှာ ကန့်သတ်မှုနဲ့ကုသမှုခံယူကြရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသမှုဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကို ကိုးကားပြီး One News Myanmar သတင်းဌာနက အောက်တိုဘာ ၅ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။


    ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး National Call Center 2019 ကို ဖုန်းဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ၎င်းတို့အနေနဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉၏ ဖြစ်ပွားမှု ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်း စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ပြည်သူလူထုမှ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းနိုင်ရေးအတွက် အဓိက ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနဲ့ တချို့သူတွေ ရေးသားဖြန့်ဝေနေသလို အနံပျောက်သူများ သတင်းပေးပို့ရန် ဌာနမဟုတ်ကြောင်းနဲ့ အနံ့ပျောက်လူနာများအား ကျန်းမာရေးဦးစီးဌာနသို့ ပြန်လည်ဆက်သွယ်ပေးသည့် ဝန်ဆောင်မှုတွေလည်း မလုပ်ကြောင်း ပြန်လည်ပြောကြားထားပါတယ်။

    2019 Call Center အပြင် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တဲ့ Health-Information.Counselling.Advice (HICA) call centre ကတင်ထားတဲ့ hotline phone number တွေကိုလည်း နေ့စဉ် မနက် (၇) နာရီမှ ည (၁၀) နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



    Tags

    Contact listfalse informationfalse health informationCOVID-19coronavirusNLD members
    Read Full Article
    Claim :   လူမူကွန်ရက်ပေါ်မှာ COVID -19 ရောဂါနဲ့ ဆက်စပ်ပြီး အနံ့ပျောက်သူများ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကို ဖြန့်ဝေနေတာမှာ သက်ဆိုင်ရာမြို့နယ် ဆရာဝန်တွေရဲ့ ဖုန်းနံပါတ်တွေဖြစ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိလာတဲ့အပေါ် BOOM က သတင်းတင်ဆက်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!