BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု...
သတင်းအတု

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်တော့မှာလား

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုကို စက်တင်ဘာ (၁၅) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  7 Sept 2021 6:51 PM IST
  • တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်တော့မှာလား

    ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့မှာ လုံးဝရပ်ဆိုင်းသွားတဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာပါ။

    ဒီသတင်းကို စီးပွားရေးသတင်းတွေ ရေးသားဖော်ပြလေ့ရှိတဲ့ BETV Business သတင်းဌာနက စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းမှာ သူ့ရဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ရုပ်သံသတင်းအဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး မကြာမီမှာပဲ ဒီသတင်းကို ကိုးကားကာ လူမှုမီဒီယာတွေပေါ်မှာ ထပ်ဆင့် ရေးသားဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    BETV Business သတင်းဌာနက ဖော်ပြထားတဲ့ သတင်းမှာ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်နဲ့ အင်တာဗျူးထားတဲ့ ရုပ်သံဖိုင်နဲ့ တွဲဖက်ပြီး "မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တည်ဆောက်နေတဲ့ ကုတင် (၁၀၀၀) ဆံ့ ကိုဗစ်-၁၉ ကုသရေးဆေးရုံဖွင့်လှစ်မယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုကို ပြန်လည် စတင်တော့မှာ ဖြစ်ကြောင်း၊ အဆိုပါ သက်မှတ်ရက်မှာ နယ်စပ်ဂိတ်တွေအားလုံး ပြန်လည်ဖွင့်လှစ်ဖွင့်ပြီး ကုန်သွယ်မှုပြုလုပ်ဖို့ တရုတ်နိုင်ငံနဲ့ သဘောတူညီမှု ရရှိထားပြီးလည်းဖြစ်ကြောင်း" တွေ ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    တရုတ်-မြန်မာနယ်စပ်မူဆယ်ဒေသမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု များလာတယ်ဆိုပြီး နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေးဂိတ်တွေကို ဧပြီလကတည်းက တရုတ်ဘက်က ပိတ်ထားခဲ့တာဖြစ်ပြီး နောက်ဆုံးကျန်ရှိတဲ့ ကျင့်စန်းကျော့-ဝမ်တိန်ဂိတ်ကို ဇူလိုင်လ ၈ ရက်နေ့မှာ အရေးပေါ်အခြေအနေ သတ်မှတ်ပြီး ရက်အကန့်အသတ်မရှိ ထပ်မံပိတ်လိုက်တာ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတဲ့ နယ်စပ်ဂိတ်တွေ ဖွင့်မယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ MRTV သတင်းဌာနရဲ့ "ပြည်သူ့အတွက် သတင်းမှန်ကဏ္ဍ" ဆိုတဲ့ အစီအစဉ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

    MRTV က မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး အင်တာဗျူးထားတာမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို နှစ်ဘက်မျှမျှတတ အသေးစိတ်ဆွေးနွေးပြီးမှသာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ ဦးသိန်းထွန်းဦးက ပြန်လည်ဖြေကြားထားပါတယ်။

    ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးရဲ့ ပြောကြားမှုမှာ "ကျွန်တော်တို့ဘက်က ရောဂါပိုး သူတို့ဘက်မရောက်အောင်၊ သူတို့ဘက်က ရောဂါပိုး ကျွန်တော်တို့ဘက်မရောက်အောင် ဆောင်ရွက်တဲ့ နေရာမှာ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို လာရှိုးဘက်က ဝင်လာတဲ့ လူတွေ၊ ကုန်တင်ယာဉ်တွေ၊ ယာဉ်မောင်းတွေကို ကိုဗစ်ရောဂါပိုး ရှိ မရှိစစ်ဆေးတဲ့ စနစ်လုပ်ထားတယ်။ ပိုးတွေ့လူနာထားမယ့် ကုတင် (၁၀၀၀) ဆံ့ ကိုဗစ်-၁၉ ကုသရေးဆေးရုံပြီးရမယ်ဗျာ။ ပြီးလို့ရှိရင် ဝင်ထွက်ပေါက်နဲ့ ကုန်သွယ်ရေးဇုန်ကြားထဲမှာ နောက်ထပ် ကုန်ချိန်းတဲ့ ကွင်းတွေဘာတွေ ကျွန်တော်တို့ စီမံနေတယ်။ ကျွန်တော်တို့ဘက်က ကုန်ပစ္စည်းပို့တဲ့ လူတွေက (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အဝင်မှာ ရောဂါစစ်ဆေးခံရမယ်။ ကုန်ပစ္စည်းတွေကို ပိုးသတ်ဆေးဖြန်းခံရမယ်။ ရောဂါပိုးမရှိမှ ကုန်ချိန်းကွင်း (သို့မဟုတ်) ဂိုထောင်အထိ မောင်းလို့ရမယ်။ ကုန်ချိန်းကွင်းကမှ ရှန်တိန်ယာဉ်မောင်းနဲ့ နယ်စပ်ဂိတ်ကနေ အစီးရေတွေဘာတွေ သတ်မှတ်ပြီး နှစ်ဘက် မျှမျှတတ အသေးစိတ် ဆွေးနွေးပြီးခါမှ ဂိတ်ဖွင့်မယ့်ကိစ္စ ဖြစ်မှာလေ။ အဲ့အဆင့်တွေမှာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ကိုဗစ်စင်တာက ဆောက်လုပ်ဆဲ မပြီးသေးဘူး။ ရောဂါပိုး ရှိမရှိ စစ်ဆေးတဲ့ နေရာကလည်း ဆောက်နေတုန်းပဲ ရှိသေးတယ်။ ၁၅ ရက်နေ့အပြီး ဟိုဘက်ဒီဘက် ထွက်မယ်ဆိုတာကိုလည်း ထပ်ပြီး အသေးစိတ်ဆွေးနွေးတာ မရှိသေးတော့ ဘယ်နရက်နေ့ ဖွင့်မယ်ဆိုတာ မပြောနိုင်သေးဘူး" လို့ ဖြေကြားထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် BETV Business သတင်းဌာနက ဖော်ပြထားတဲ့ သတင်းက မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်ရဲ့ ပြန်လည်ဖြေကြားမှုမှာ ကုတင် (၁၀၀၀) ဆံ့ ဆေးရုံဆောက်လုပ်နေကြောင်း၊ ဆေးရုံအပြီး လုပ်ဆောင်မယ့် ဆေးစစ်ခြင်း၊ ရှန်တိန်ယာဉ်မောင်းစနစ်အကြောင်းနဲ့ အခြားကုန်သွယ်မှု အခြေအနေတွေကို ပြောဆိုထားပေမယ့် "ကုတင် (၁၀၀၀) ဆံ့ ကိုဗစ်-၁၉ ကုသရေးဆေးရုံဖွင့်လှစ်မယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုကို ပြန်လည်စတင်မယ်" ဆိုတဲ့ အချက်ကို ထည့်သွင်းပြောဆိုထားတာ မရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် နယ်စပ်ဂိတ် ပြန်ဖွင့်မယ်ဆိုတာကို အတည်ပြုထားတဲ့ အခြားသတင်းရင်းမြစ်လည်း ထည့်သွင်းဖော်ပြထားခြင်း မရှိတာ တွေ့ရတဲ့အတွက် ဒီသတင်းဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Tags

    ChinaMyanmarBordertradeChina-Myanmar Borderကုန်သွယ်ရေးဇုန်မူဆယ် (၁၀၅) မိုင်
    Read Full Article
    Claim :   တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုကို စက်တင်ဘာ (၁၅) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!