BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • Covid-19 ပြန်ကောင်းလာတဲ့ လူနာတွေ...
      သတင်းအတု

      Covid-19 ပြန်ကောင်းလာတဲ့ လူနာတွေ ပြောပြတယ်ဆိုပြီး ဖြန့်တဲ့ကောလဟာလ

      Covid-19 ဖြစ်ပွားရာက ပြန်ကောင်းလာတဲ့ သူတွေ ပြောပြတယ်ဆိုပြီး ရောဂါပျောက်ကင်းအောင် ကုနိုင်တယ်ဆိုတဲ့ သတင်းအမှားတွေ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ် ပျံနှံ့နေပါတယ်။

      By - Boom Live Myanmar |
      Published -  10 April 2020 1:35 AM IST
    • Covid-19 ပြန်ကောင်းလာတဲ့ လူနာတွေ ပြောပြတယ်ဆိုပြီး ဖြန့်တဲ့ကောလဟာလ

      ဒီသတင်းအမှားကို တဆင့် ပြန်လည်ကူးယူ ဖော်ပြသူတွေထဲမှာ ဖေ့စ်ဘွတ်ပေါ်မှာ Blue Mark ရထားတဲ့ နိုင်ငံကျော် အဆိုတော်တွေ၊ ကျောင်းသားသမဂ္ဂ ဖေ့ဘွတ်ပေ့ချ်တွေ၊ တိုင်းရင်းဆေးရောင်းချသူတွေ အပါအဝင် လူပေါင်း သိန်းဂဏာန်းခန့် ပါဝင်နေပါတယ်။

      ဒီအကြောင်းအရာကို ဖေ့စ်ဘွတ်ပေါ်မှာ တဆင့်ဖြန့်ဝေနေကြသလို Messenger ကနေ တဆင့်မျှဝေနေသူတွေလည်း ရှိပါတယ်။ ဒီသတင်းအမှားထဲမှာ "ဆေးရုံမှာ ကုသမှု ခံယူရင်း ပြန်ကောင်းမွန်လာတဲ့ လူနာများ ပြောပြချက်အရ နေ့တိုင်း ဗီတာမင်စီ ၁၀၀၀ သောက်ရတယ်။ ဗီတာမင်အီး သောက်ရတယ်။ နံနက် ၁၀:ဝဝ ကနေ ၁၁းဝဝ အတွင်း ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် နေပူစာလှုံပေးရတယ်။ ကြက်ဥတစ်လုံး စားပေးရတယ်။ အနည်းဆုံး ၈ နာရီ အိပ်ရတယ်။ နေ့စဉ် ရေ ၁.၅ လီတာ သောက်ရတယ်။ အစားအသောက်တွေ ပူပူနွေးနွေး စားရတယ်။ အေးနေလို့ မရဘူး။ ကိုရိုနာဗိုင်းရပ်ထက် PH တန်းဖိုးများတဲ့ ရှောက်သီး၊ သံပုရာသီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ သရက်သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ဒန့်ဒလွန်သီး စားပေးရတယ်လို့ ရေးထားပြီး ရောဂါ ဖြစ်ပွားတဲ့ လက်လက္ခဏာတွေ သိရှိတာနဲ့ သံပုရာရည်ကို ရေနွေးနဲ့ သောက်ပေးရမယ်လို့ ရေးသားထားပါတယ်။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ မူရင်းပြောပြသူ မစင်သီယာထွန်းအား ဂုဏ်ပြုအပ်ပါသည် လို့ ရေးသားထားပါတယ်။

      ဒီသတင်း အမှားကို ဖေ့စ်ဘွတ်ပေါ် လက်ရှိဝေမျှသူ သိန်းဂဏာန်းခန့်ရှိနေပြီး ဆက်လက်လည်း ဝေမျှနေကြဆဲ ဖြစ်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး Boom Myanmar က ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်း ခဲ့သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တွေ လမ်းညွှန်ချက်တွေကို စုစည်းတင်ပြထားပါတယ်။

      Vitamin C နဲ့ ကိုရိုနာ

      ဒီ ဖေ့စ်ဘွတ်ပိုစ့်မှာ ကိုရိုနာရောဂါ ဖြစ်ပွားနေသူကို Vitamin C – 1000 mg တိုက်ကြွေးရင် ပျောက်တယ်လို့ ဆိုထားပါတယ်။ ဒီ အကြောင်းအရာနဲ့ ပက်သတ်ပြီး Boom Myanmar က ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနကို ဆက်သွယ် မေးမြန်းတဲ့အခါ "လက်ရှိမှာ Vitamin C သောက်ရင် ကိုရိုနာပျောက်တယ်ဆိုတဲ့ သတင်းတွေတော့ တွေ့နေရတယ်။ ကမ္ဘာပေါ်မှာ ဒီနေ့ထိ ကိုရိုနာရောဂါ ကို အပြီးပျောက်အောင် ကုသနိုင်တဲ့ ဆေးရယ်လို့ မပေါ်သေးပါဘူး။ ဗိုက်တာမင်စီ ဟာ လူတွေရဲ့ immue System ကို တိုးစေတယ် ဆိုတာ မှန်ပေမယ့် ကိုရိုနာရောဂါ ပျောက်တယ် ဆိုတဲ့ သုတေသန မရှိသေးပါဘူး။ ဒါ့အပြင် သောက်လိုက်တဲ့ ဆေးတွေဟာ ကျောက်ကပ်ကနေ ပြန်စွန့်ထုတ်တာ ဖြစ်တဲ့အတွက် ပမာဏ အများကြီး မသောက်မိဖို့တော့ လိုပါတယ်" လို့ ဆိုပါတယ်။

      ဒါ့အပြင် သြစတေးလျ အစိုးရ ကျန်းမာရေးဌာန ရဲ့ သုတေသနစာတမ်း မှာလည်း ဗိုက်တာမင် စီ ဟာ ကိုရိုနာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

      ဒီဖေ့စ်ဘွတ်ပိုစ့်မှာ ရေးထားသလို အစားအသောက်တွေကို ပူပူနွေးနွေး စားသောက် ပေးရမယ်ဆိုတဲ့ အချက်လည်း မှားနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆိုပါတယ်။

      ရာသီဥတုနဲ့ ကိုရိုနာဗိုင်းရပ်

      ဒီ သတင်းအမှားထဲမှာ ရေးထားတဲ့ အချက်တွေထဲက နေ့စဉ် နေ့စဉ် နေပူစာ လှုံပေးရတယ်ဆိုတာ မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်ဟာ ပူပြင်းတဲ့ ရာသီဥတုမှာရော စွတ်ဆိုတဲ့ ရာသီဥတု မှာပါ ရှင်သန်နိုင်ပြီး ကူးစက်ပြန့်နှံ့ နိုင်ပြီး ပူပြင်းတဲ့ နေရောင်အောက် နေပူဆာလှုံခြင်း ဖြင့်လည်း ကိုရိုနာရောဂါကို မကာကွယ် ပေးနိုင်ဘူးလို့ WHO က ထုတ်ပြန်ထားပါတယ်။

      ဒီ ဖေ့စ်ဘွတ်ပိုစ့်မှာ ရေးထားတဲ့ ကိုရိုနာဖြစ်ပွားသူတွေကို နေပူဆာ လှုံပေးရတယ် ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။




      ဒီ ဖေ့စ်ဘွတ်ပိုစ့်မှာ ကိုရိုနာရောဂါ ပျောက်ကင်းဖို့ ကြက်သွန်ဖြူ နေ့စဉ် စားပေးရတယ်လို့ ရေးသားထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကတော့ ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာဖြစ်ပြီး တချို့ အဏုဇီဝ ပိုးမွှားတွေကို သေစေနိုင်တယ် ဆိုပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်ပိုး အသစ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက် အထားမရှိသေးဘူးလို့ ဆိုပါတယ်။


      Alkali နဲ့ ကိုရိုနာဗိုင်းရပ်

      ဒီ သတင်းအမှားထဲမှာ ကိုရိုနာဗိုင်းရပ်ရဲ့ pH အဆင့်ဟာ ၅.၅ ကနေ ၅.၈ အကြား ပြောင်းလဲ နေတဲ့အတွက် ကိုရိုနာဗိုင်းရပ်ထက် pH တန်ဖိုးမြင့်တဲ့ အယ်ကာလီ ဓါတ်မြင့်တဲ့ အစားအစာတွေ စားသုံးပေးရမယ်လို့ ဆိုပါတယ်။

      ဒီအချက်ဟာ မှားယွင်းနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ "ကျွန်တော်တို့ အခုနောက်ဆုံး တွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်သည် ရေထဲမှာတော့ ရက်အနည်းငယ် အသက်ရှင်နိုင်တယ်။ acidity and alkali နဲ့ ပက်သက်လို့ကတော့ တိကျသေချာတဲ့ သုတေသန တွေ့ရှိချက်ကတော့ မရှိသေးဘူး။ ဒီရောဂါပိုးကို ဘာနဲ့ သေစေနိုင်လဲဆိုတဲ့ သုတေသနတော့ မထွက်သေးဘူး။ ဥပမာ ဆိုပါတော့ ကျွန်တော်တို့ စားတဲ့ ဒန့်ဒလွန်သီး ဆိုပါတော့ ….. ဒီဒန့်ဒလွန်သီးမှာ ဘာဓါတ်တွေ ပါလဲ….. ပြီးတော့ ဒီရောဂါပိုးမှာရော ဘာဓါတ်နဲ့ သေစေနိုင်လဲဆိုတဲ့ သုတေသန တွေ့ရှိချက်က သေသေချာချာကို မရှိသေးဘူး။ ဒီနေ့အထိလည်း ကမ္ဘာနဲ့ တစ်လွှားမှာ သက်ဆိုင်ရာ သုတေသန ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ ဆေးပညာရှင်တွေက ဒီပိုးကို သေစေနိုင်တဲ့ ဆေးကို အခုထိ ရှာမတွေ့သေးပါဘူး။ ကိုရိုနာဗိုင်းရပ်နဲ့ ပက်သက်ပြီး ဒီနေ့အထိ ထုတ်ပြန်ထားတာက အသက်ရှုလမ်းကြောင်းကတဆင့် ကူးနိုင်တယ်။ အသက်ရှုလိုက်တဲ့အခါ အသက်ရှုလမ်းကြောင်းကနေ အဆုပ်ထဲက လေအိတ်ထဲမှာ ဒီဗိုင်းရပ်က ပြန့်နှံ့မှုတွေ ဖြစ်တယ်။ အစားအသောက်တွေ က အစာအိမ်အူလမ်းကြောင်း ကို သွားတာဖြစ်တဲ့အတွက် ဒီဗိုင်းရပ်ကို အစားအသောက်တွေက သေစေနိုင်တဲ့ သုတေသန တွေ့ရှိချက်တွေ မရှိသေးဘူး" လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆိုပါတယ်။

      နိုင်ငံတကာ ဆေးပညာရှင်တွေကလည်း ကူးစက်ရောဂါပိုးတွေကို ကာကွယ်နိုင်အောင် ကိုယ်ခံအားကောင်းမယ့် အစားအစာတွေကို အဟာရပြည့်ဝအောင် စားသုံးသင့်တယ်ဆိုပေမယ့် အယ်ကာလီဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ က ဒီဗိုင်းရပ်ပိုးကို သေစေနိုင်တယ်ဆိုတဲ့ ဘာအထောက်အထားမှ မရှိသေးဘူးလို့ ဆိုပါတယ်။

      အယ်ကာလီဓါတ်များတဲ့ အစားအစာတွေနဲ့ ပက်သက်ပြီး နိုင်ငံတကာက အချက်အလက် စစ်ဆေးထားတာကို ဒီမှာ ဖတ်ရှု့နိုင်ပါတယ်။

      AP news

      Africa Check

      ကိုရိုနာ ရောဂါလက္ခဏာ

      ကိုရိုနာဗိုင်းရပ်ရဲ့ ရောဂါလက္ခဏာတွေက အဖျားကြီးခြင်း၊ ချောင်းချောက်ဆိုးခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။ တချို့လူနာတွေမှာ သလိပ်ထွက်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့ပျောက်ခြင်း၊ အရသာပျောက်ခြင်း တို့ ဖြစ်တက်ပြီး တချို့မှာ ရောဂါပိုး ကူစက်ခံနေရပေမယ့် မည်သည့် ရောဂါ လက္ခဏာမှ မပြသလေ့ ရှိတဲ့အတွက် မိမိကနေ တခြားသူများကို မကူစက်မိအောင် အထူးသတိပြုသင့်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အကြံပြုထား ပါတယ်။




      Tags

      Corona MyanmarFake NewsWrong Health Tips
      Read Full Article
      Claim :   Covid-19 ဖြစ်ပွားရာက ပြန်ကောင်းလာတဲ့ သူတွေ ပြောပြတယ်ဆိုပြီး ရောဂါပျောက်ကင်းအောင် ကုနိုင်တယ်ဆိုတဲ့ ကျန်းမာရေးဆိုင်ရာ အမှားတွေအပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန နဲ့ World Health Organization က ပြောဆိုထုတ်ပြန်ချက်တွေကို Boom Myanmar က စုစည်းဖော်ပြထားပါတယ်။
      Claimed By :  facebook, Social Media
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!