BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကဆုန်ညောင်ရေသွန်းပွဲနဲ့ပတ်သက်တဲ့...
သတင်းအတု

ကဆုန်ညောင်ရေသွန်းပွဲနဲ့ပတ်သက်တဲ့ တကယ့်သတင်းအမှန်ကဘာလဲ

ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့ ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမိန့်နဲ့ ပိတ်ပင်ထားတယ်ဆိုပြီး အွန်လိုင်းမှာပျံ့နှံ့နေတဲ့အကြောင်းအရာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေးနွေးချက်တစ်ခုကိုပုံဖျက်ပြီးရေးသားထားတဲ့အကြောင်းအရာတစ်ခုသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  6 May 2020 7:40 PM IST
  • ကဆုန်ညောင်ရေသွန်းပွဲနဲ့ပတ်သက်တဲ့ တကယ့်သတင်းအမှန်ကဘာလဲ

    ဒီသတင်းအမှားကို Kyal Moe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၆ ရက်နေ့ မနက် ၆ နာရီ ၅၂ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတစ်ပုံကိုအသုံးပြုပြီး ဓါတ်ပုံအပေါ်မှာ "ကဆုန်ညောင်ရေသွန်းပွဲ ဒေါ်စု ကိုယ်တိုင်ပိတ်ပင်" လို့ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်း အမှားထဲမှာရေးသားထားတဲ့အတိုင်းဖော်ပြရရင် "အန်တီအရမ်းပြတ်သားတယ်ဗျာ။ ဗုဒ္ဓဘာသာတွေရဲ့ နေ့ထူးနေ့မြတ် ကဆုန်ညောင်ရေသွန်းပွဲကို covid-19 ကြောင့် အန်တီ့အမိန့်နဲ့ မကျင်းပကြရန် ပြတ်ပြတ်သားသားပိတ်လိုက်ပါပြီ" လို့ ရေးသားထားပါတယ်။ ဒီ သတင်းကို ထပ်ဆင့်ဝေမျှသူ ၂၇၀၀ ကျော် ရှိနေပြီး ထပ်ဆင့် ဝေမျှနေဆဲပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် သူ့ရဲ့ နောက်ထပ် ဖေ့စ်ဘွတ်ပိုစ့်တစ်ခုမှာ "သမ္ဓတကိုကျော်ပြီး အန်တီက ကြည့် အမိန့်တွေ ထုတ်ပြီး ညွှန်ကြားနေတာက ဖွဲ့စည်းပုံဥပဒေကိုချိုး ဖောက်နေတာ မဟုတ်ဘူးလား?" (မူရင်းစာလုံးပေါင်းသတ်ပုံအတိုင်း) လို့ထပ်မံရေးသားထားပြီး ဒီသတင်းကို ထပ်ဆင့်ဝေမျှသူ ၆၀ နီးပါး ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    Kyal Moe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်ရေးထားတဲ့ ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမိန့်နဲ့ ပိတ်ပင်တယ် ဆိုတဲ့ အချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါဒီအကြောင်းအရာဟာတကယ့်ပြောဆိုမှူအပေါ်နားလည်မှူလွဲမှားအောင်လိုရာဆွဲရေးသားထားတာဖြစ်ကြောင်းစိစစ်တွေ့ရှိရပါတယ်။

    ဒီသတင်းအမှားဟာ မေလ ၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ ဆွေးနွေးမှူတစ်ခုကို လိုရာဆွဲပြီးရေးသားထားခြင်းသာဖြစ်ပါတယ်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် တွေကို အပြန်အလှန် ဆွေးနွေးတဲ့အခါမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က "ခပ်ကွာကွာ နေရမယ်ဆိုတာ ၆ ပေအကွာတင် မကသေးဘူး။ စုရုံးလို့ မရကြဘူးပေါ့။ သာရေး နာရေးကအစစုရုံးလို့ မရဘူး။ ဥပမာဆိုလို့ ရှိရင် ကြုံတုန်းပြောရမယ်ဆိုမနက်ဖြန် ကဆုန်လပြည့်နေ့ပေါ့။ ကဆုန်လပြည့်နေ့ဆိုတော့ကဆုန်ညောင်ရေသွန်းပွဲတွေကိုကျွန်မတို့ရဲ့ပြည်သူတွေက သွားတယ်ဆိုတာလည်း ဓလေ့ထုံးစံ တစ်ခုဖြစ်နေပြီ။ ဒါပေမယ့်ကျွန်မတို့အနေနဲ့တော့ဘယ်လိုမှ အားပေးလို့ မရဘူး။ ဒါကတော့ ဒီအချိန်မှာ လုပ်လို့ မဖြစ်ဘူး။ လူတွေစုသွားရင် ကုသိုလ်အတွက်လုပ်တယ် ဆိုပေမယ့်လည်းကိုယ့်ကနေပြီးတော့ကိုယ့်ကြောင့် တခြားသူတွေ ရောဂါရသွားလို့ ရှိရင် အကုသိုလ် ဖြစ်သွားမှာပေါ့။ အဲ့ဒါကြောင့်မို့လို့ ဒါတွေ ဆင်ခြင်ရမယ်။ ကိုယ်လုပ်ချင်တဲ့ဟာကို လုပ်လို့ မရဘူး။ ကိုယ့်ကိုကိုယ် အလိုလိုက်လို့ မရဘူး။ အဲ့ဒီဟာကတော့ အခက်ခဲဆုံး ကိစ္စတစ်ခုပါပဲ" လို့ အကြံပေး ပြောဆိုတာဖြစ်ပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကဆုန်ညောင်ရည်သွန်းပွဲကို ဥပမာပေး ဆွေးနွေး ခဲ့တာကို Live Video ရဲ့ ၃၀ မိနစ် ၂၀ စက္ကန့်မှာ ကြည့်နိုင်ပါတယ်။

    ဒီလိုပြောဆိုထားချက်ဟာ ကဆုန်ညောင်ရေသွန်းပွဲကိုဦးတည်ပြီး အမိန့်နဲ့တိုက်ရိုက်ပိတ်ပင်တာမဟုတ်ပဲ၊ ရောဂါထိန်းချူပ်ကာကွယ်ရေးလုပ်နေတဲ့ ကာလမှာ ဘာသာရေးနဲ့သက်ဆိုင်တဲ့လူစုလူဝေးဖြစ်နိုင်မှူတွေကို သတိပေးတဲ့သဘောဖြစ်ပြီး ဒီဆွေးနွေးချက်ပြုလုပ်တဲ့အချိန်ဟာ ကဆုန်ညောင်ရေသွန်းပွဲကာလနဲ့နီးကပ်နေတာကြောင့် ဥပမာပေးဆွေးနွေးခဲ့တဲ့သဘောဖြစ်ပါတယ်။

    Kyal Moe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကရေးသားထားတဲ့ အရေးအသားကိုလေ့လာမယ်ဆိုရင် ပုံပေါ်မှာခေါင်းစဉ်အဖြစ်တင်ထားတဲ့စာသားဟာ ဗုဒဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်တဲ့ ကဆုန်ညောင်ရေသွန်းပွဲတစ်ခုကိုပဲ ဒေါ်အောင်ဆန်းစုကြည် အမိန့်နဲ့ ဦးတည်ပိတ်ပင်တယ်ဆိုတဲ့ သဘောဖြစ်အောင် ရည်ရွယ်ရေးသားတဲ့ အရေးအသားဖြစ်ပါတယ်။ ဒီလိုအရေးအသားမျိူးဟာ ဘာသာရေးကိုဆက်နွယ်အသုံးချပြီး လူတွေတလွဲမှတ်ယူသွားအောင် ဖန်တီးရေးသားတဲ့ အရေးအသားမျိူးဖြစ်ပါတယ်။




    Tags

    Fake newsKasone water pouring ceremonyMyanmar State CounsellorDaw Aung San Suu Kyi
    Read Full Article
    Claim :   ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမိန့်နဲ့ ပိတ်ပင်တယ် ဆိုတဲ့ အချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!