BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စက္ကူဂျက်ဖာနဲ့ ကုတင်တွေက...
သတင်းအတု

စက္ကူဂျက်ဖာနဲ့ ကုတင်တွေက ရောဂါပိုးမကူးဖို့ အထောက်အကူတကယ်ဖြစ်သလား

ကိုရိုနာရောဂါပိုးဟာ ၎င်းနဲ့ ထိတွေ့တဲ့ မျက်နှာပြင်တွေထဲ စက္ကူတွေပေါ် မနေနိုင်ဘူးဆိုတဲ့ ရေးသားဖြန့်ဝေမှု တစ်ချို့ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 July 2021 9:45 AM IST
  • စက္ကူဂျက်ဖာနဲ့ ကုတင်တွေက ရောဂါပိုးမကူးဖို့ အထောက်အကူတကယ်ဖြစ်သလား

    ဒီအကြောင်းအရာကို နှင်းမောင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ကဒ်ထူစက္ကူနဲ့ ပြုလုပ်ထားတဲ့ ခုတင်ကို အမျိုးသားတစ်ဦး သယ်ယူ နေတဲ့ AFP သတင်းဌာနက ဓါတ်ပုံတစ်ပုံရယ် ကိုဗစ်ရောဂါပိုးက မျက်နှာပြင် အသီးသီးမှာ အသက်ရှင်နိုင်တဲ့ အချိန်တွေ ရေးထားတဲ့ ဓါတ်ပုံ နှစ်ခုကို တစ်ခုထဲအဖြစ် ပေါင်းကာ အဲ့ဒီပုံအပေါ်မှာ ကိုဗစ်ရောဂါပိုးဟာ စက္ကူတွေမှာ မနေတဲ့အတွက် စက္ကူဂျပ်ဖာနဲ့ ပြုလုပ်ထားတဲ့ ကုတင်တွေကို ကွာရတင်းစင်တာတွေမှာ သုံးမယ်ဆိုတဲ့ စာကို စာရေးထားပြီး ၎င်းပုံနဲ့အတူ "အကယ်၍သာအချက်အလက်အချိူ့က အမှန်တစ်ကယ် စမ်းသပ်ပြီးရလဒ်ဆိုရင် ယနေ့ နိင်ငံတစ်ကာမှာခေါတ်စားလာနေတဲ့စက္ကူဂျပ် ကုတင်တွေကို ကွာရတင်းစင်တာတွေမှာ အသုံးပြု သင့်တာပေါ့။ စက္ကူဂျပ်ကာတင်တစ်ခုကပေါင်၅၀၀အထက် ထိခံနိင်ရည် ရှိတယ်ဆိုထားတော့။ အတော်လေး ကောင်းမွန်ပြီး ကိုဗစ်ပိုးကိုလဲ ဟန့်တားရာကြတာ။ ပေါ့စက္ကူပေါ်မှာ ကိုဗစ်ပိုး အမှန်တစ်ကယ် မနေရင် အတော်အသုံးတည့်မည့်နည်းပညာပါဘဲ" လို့ ရေးထားပါတယ်။

    မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ကိုရိုနာရောဂါပိုးဟာ စက္ကူတွေမှာ မနေနိုင်တဲ့အတွက် ကဒ်ထူစက္ကူနဲ့ ပြုလုပ်ထားတဲ့ ခုတင်တွေကို အသုံးပြုသင့်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အချက်အလက်အမှားကိုအခြေခံပြီးရေးသားထားတာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    နိုင်ငံတကာရဲ့ သုတေသန တွေ့ရှိချက်တွေမှာတော့ ကိုရိုနာရောဂါပိုးဟာ ကဒ်ထူ စက္ကူပေါ် ၂၄ နာရီထိ ကြာအောင် နေနိုင်တယ်လို့ ဆိုပါတယ်။


    ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း ကိုဗစ်ရောဂါပိုးဟာ နေရာပေါင်းစုံမှာ တွယ်ကပ်နေနိုင်လို့ ငွေစက္ကူတွေကို ကိုင်တွယ်ရင် သတိထားဖို့ ပြောဆိုထားပါတယ်။ ရိုးရိုးစက္ကူနဲ့ တစ်ရှုးစက္ကူတွေအပေါ်မှာတော့ ၃ နာရီခန့် အသက်ရှင်နိုင်တယ်လို့ သုတေသန များစွာမှာ တွေ့ရပါတယ်။ Business Insider သတင်းမှာ ဖော်ပြထားတဲ့ ကိုရိုနာရောဂါပိုးဟာ မျက်နှာပြင်အသီးသီးမှာ ရှင်သန်နိုင်တဲ့အကြောင်း ရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။

    ဒါ့အပြင် ကဒ်ထူစက္ကူနဲ့ ပြုလုပ်ထားတဲ့ ခုတင်ပုံဟာ India နိုင်ငံက ဖြစ်ပြီး ရောဂါကူးစက်မှုနှုန်း အရမ်းမြင့်လာတဲ့အတွက် လူနာတွေထားဖို့ နေရာအခက်အခဲ ဖြစ်လာတဲ့ အတွက် စျေးနှုန်းသက်သာပြီး အမြန်ပြုလုပ်နိုင်တဲ့၊ သယ်ရရွေ့ရလွယ်ကူတဲ့ ကဒ်ထူစက္ကူနဲ့ ပြုလုပ်ထားတဲ့ ကုတင်တွေကို အသုံးပြုတာ ဖြစ်ပါတယ်။

    South Asia သတင်းဌာနမှာ ဖော်ပြထားတဲ့ India နိုင်ငံက ကဒ်ထူစက္ကူတွေနဲ့ ခုတင်လုပ်ရတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။



    Tags

    Covid-19Cardboard bedsPaperCorona Virusကဒ်ထူခုတင်ကိုရိုနာရောဂါပိုးသတင်းအတု
    Read Full Article
    Claim :   ကိုရိုနာရောဂါပိုးဟာ စက္ကူတွေမှာ မနေနိုင်တဲ့အတွက် ကဒ်ထူစက္ကူနဲ့ ပြုလုပ်ထားတဲ့ ခုတင်တွေကို အသုံးပြုသင့်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!