BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ယောက်ျားတွေကိုစိတ်ပျက်လို့...
သတင်းအတု

ယောက်ျားတွေကိုစိတ်ပျက်လို့ အမျိုးသမီးတွေချည်းစုနေတဲ့ ရွာဆိုတဲ့သတင်းအမှား

ဘရာဇီးနိုင်ငံ Nolva Do Cordeiro ဆိုတဲ့ ရွာမှာ ယောင်္ကျားမယူချင်လို့ အိမ်ကထွက်လာတဲ့ မိန်းကလေးတွေသာ နေထိုင်တယ်ဆိုတဲ့အကြောင်းအရာတစ်ခုကိုပြည်တွင်းက လူမှုကွန်ရက် ပေ့ချ်တွေမှာ အမြောက်အများဖြန့်ဝေခဲ့ကြပြီး ဒီအကြောင်းအရာဟာ မှားယွင်းရေးသားထားတဲ့ပို့စ်တစ်ခုဖြစ်တာကိုတွေ့ရပါတယ်။

By - Boom Live Myanmar |
Published -  10 Nov 2022 6:52 PM IST
  • ယောက်ျားတွေကိုစိတ်ပျက်လို့ အမျိုးသမီးတွေချည်းစုနေတဲ့ ရွာဆိုတဲ့သတင်းအမှား

    ဒီအကြောင်းအရာကို နိုဝင်ဘာ ၄ ရက်နေ့က စပြီး ဖေစ့်ဘွတ်ပေချ့်တွေ၊ ဂရုတွေနဲ့ အကောင့်တွေမှာ ရေးသားဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    မူရင်းဖြန့်ဝေရာမှာ 'ဘရားဇီးနိုင်ငံ Nolva Do Cordeiro ကျေးရွာလေးဟာ ယောင်္ကျားလေးတွေကို စိတ်ကုန်ပြီးလက်မထပ်ချင်တဲ့ မိန်းကလေးတွေ လာရောက် နေထိုင်ကြတဲ့ ရွာလေးဖြစ်ကြောင်း၊ ကျေးရွာလေးတစ်ခုလုံးမှာ မိန်းကလေးတွေသာ ရှိပြီး ယောကျာ်းတစ်ဦးမှ မရှိကြောင်း၊ ကျေးရွာရှိ မိန်းကလေးတွေ အားလုံးဟာ အပျိုကြီးတွေသာ ဖြစ်ပြီး ယောကျာ်းတွေကို စိတ်ကုန်လို့ သီးသန့်နေထိုင်ချင်သူတွေ ဖြစ်ကြောင်းနဲ့ မိန်းကလေးတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး မည်သူကိုမှ အားကိုးခြင်း မရှိဘဲ နေထိုင်နေတာ ဖြစ်ကြောင်း' ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဘရာဇီးနိုင်ငံက "Noiva Do Cordeiro" ရွာလေးနဲ့ ပက်သက်တဲ့ ကောလဟလတွေက ခုမှပေါ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်ကလည်း ဒီရွာလေးမှာ ယောက်ျားရှားပါးတဲ့အတွက် မိန်းမလှတွေဟာ သူတို့နဲ့ လက်ထပ်ဖို့ အမျိုးသား အသဲအသန် ရှာဖွေနေတယ်လို့ ဝက်ဆိုက်အများအပြားမှာ ဖြန့်ဝေခဲ့ကြပါသေးတယ်။

    ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး BBC Brasil က ဒေသခံရွာသူတွေကို မေးမြန်းခဲ့တာမှာ ဒီသတင်းတွေဟာ အခြေအမြစ်မရှိကြောင်း၊ ရွာမှာ လူဦးရေ ၃၀၀ ခန့်ရှိ‌ပြီး အမျိုးသမီးနဲ့ အမျိုးသားတွေ နေထိုင်တာဖြစ်ကြောင်း ဖြေကြားထားပါတယ်။ ဒီထဲက တစ်ဦးက သူမရဲ့ ခင်ပွန်းဟာ အနီးအနားက Belo Horizonte ဆိုတဲ့ မြို့မှာ အလုပ်လုပ်နေတာဖြစ်ကြောင်းနဲ့ ရွာမှာယောက်ျားရှားပါးလို့ ဘယ်သူမှ စိတ်ပျက်နေသူ မရှိဘူးလို့ ဘီဘီစီကို ပြောထားပါတယ်။

    ဒါ့အပြင် ဒေသခံတွေက ဒီလိုသတင်းတွေ ထွက်နေတာ မဟုတ်တဲ့အကြောင်း ဖြေရှင်းပေးဖို့ တောင်းဆိုတာတွေလည်း လုပ်ခဲ့ပါသေးတယ်။

    ဒီရွာနဲ့ ပက်သက်တဲ့ ကောလဟလတွေကို Factly ဆိုတဲ့ သတင်းဌာနက BBC Brasil နဲ့ ဘရာဇီးအခြေစိုက် fact-checking ဝက်ဆိုက်ဖြစ်တဲ့ E-Farsas.com ကို့ကို အခြေခံပြီး သတင်းဆန်းစစ်ချက် လုပ်ထားပါသေးတယ်။


    သတင်းဆန်းစစ်ချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ဘရာဇီးနိုင်ငံက Nolva Do Cordeiro ဆိုတဲ့ ရွာလေးမှာ မိန်းကလေးတွေ သီးသန့်နေထိုင်တာ မဟုတ်သလို၊ ယောက်ျားရှားလို့ လက်ထပ်ဖို့အသည်းအသန် လိုက်ရှာနေတာလည်း မဟုတ်ပါ။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    Women
    Read Full Article
    Claim :   ဘရာဇီးနိုင်ငံ Nolva Do Cordeiro ဆိုတဲ့ ရွာဟာ ယောင်္ကျားမယူချင်လို့ အိမ်ကထွက်လာတဲ့ မိန်းကလေးတွေသာ နေထိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!