မြန်မာကစားသမားအဖြစ် ဖြန့်ဝေနေတဲ့ MMA ပွဲ ဗွီဒီယိုဖိုင်
တတ်တူးထိုးထားတဲ့ MMA ဖိုက်တာတစ်ဦးနဲ့ နောက်တစ်ဦးရဲ့ ဗွီဒီယိုဖိုင်အကို အသုံးပြုပြီး မြန်မာလက်ဝှေ့ကစားသမားအဖြစ် ရေးသားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပိုစ့်အဟောင်းကို လက်ရှိအချိန်အထိဖြန့်ဝေမှုတွေ ရှိနေပါတယ်။
![မြန်မာကစားသမားအဖြစ် ဖြန့်ဝေနေတဲ့ MMA ပွဲ ဗွီဒီယိုဖိုင် မြန်မာကစားသမားအဖြစ် ဖြန့်ဝေနေတဲ့ MMA ပွဲ ဗွီဒီယိုဖိုင်](https://www.boommyanmar.com/h-upload/2021/06/30/951940-mma.webp)
ဒီဖြန့်ဝေမှုကို Koko Kokozawko Zawko ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ၂၀၁၅ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ယနေ့အချိန်ထိ ထပ်ဆင့်ဖြန့်ဝေနေမှုပေါင်း နှစ်ထောင့်ငါးရာကျော်ရှိနေပါတယ်။
ဖြန့်ဝေရာမှာ "တို့မြန်မာကိုအထင်သေးတဲ့ကောင် တစ်ချီတောင်မပြည့်ဘူး" လို့ ရေးသားထားပါတယ်။ ဗွီဒီယိုထဲမှာတော့ ခန္ဓာကိုယ်အပြည့် တတ်တူထိုးထားတဲ့ MMA ဖိုက်တာက ပွဲမတိုင်မီပြုလုပ်တဲ့ လူချင်းတွေ့ဆုံပွဲမှာ တဘက်ကစားသမားကို ရင့်ရင့်သီးသီးပြုမူထားပြီး တကယ်ကစားချိန်မှာ ပထမအချီမပြည့်မီ အလဲထိုးခံလိုက်ရတဲ့ ဗွီဒီယိုဖြစ်ပါတယ်။
ဒါကို ပိုစ့်ထဲမှာ အလဲထိုးလိုက်တဲ့ သူဟာ မြန်မာကစားသမားပါဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
ဒီပိုစ့်ကို ၂၀၁၅ ခုနှစ်ကတည်းက ဖြန့်ဝေခဲ့တာဆိုပေမယ့် ယနေ့အချိန်အထိလည်း ထပ်မံဖြန့်ဝေနေတာတွေ ရှိပါတယ်။
သတင်းဆန်းစစ်ချက်
ဒီပွဲဟာ ၂၀၁၄ ခုနှစ်အစောပိုင်းက သြစတြေးလျနိုင်ငံမှာ ကျင်းပခဲ့တဲ့ Nitro 11 ပြိုင်ပွဲမှာ ထိုးသတ်ခဲ့တဲ့ Ben Nguyen နဲ့ Julian Wallace တို့ရဲ့ ပွဲဖြစ်ပြီး ဒီပွဲမှာ Ben Nguyen က တူးအပြည့်နဲ့ တဘက်ကစားသမားကို ပထမအချီ အတွင်းမှာပဲ အလဲထိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းကို "Fight News Australia" ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၁၅ ခုနှစ် မတ်လမှာ ဖော်ပြခဲ့တာဖြစ်ပြီး ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
Ben Nguyen ဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထိုင်းနိုင်ငံ မွေထိုင်းနဲ့ MMA ပညာသင်ဆုအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အဲ့နောက် သြစတြေးလျနိုင်ငံကို သွားရောက်ခဲ့ပြီး ကစားခဲ့တာ ဖြစ်ပါတယ်။ သူ့အကြောင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။