BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UEC ဥက္ကဌ နဲ့ပတ်သက်တဲ့...
သတင်းအတု

UEC ဥက္ကဌ နဲ့ပတ်သက်တဲ့ ပြောစကားအမှား ကာယကံရှင် ပြောဆိုထားခြင်းမရှိ

ရွှေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်းလုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုထဲက အချို့စကားများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောကြားခဲ့ခြင်း မရှိကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  26 Sept 2020 7:13 PM IST
  • UEC ဥက္ကဌ နဲ့ပတ်သက်တဲ့ ပြောစကားအမှား ကာယကံရှင် ပြောဆိုထားခြင်းမရှိ

    "ဦးသန်းဌေးနှင့်အပေါင်းအပါများကိုUEC ပြောပြီ" ဆိုပြီး အစချီကာ "ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရန်မရှိကြောင်းUEC နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲမှာ ဦးမြင့်နိုင်က ပြောဆိုလိုက်ပါပြီ" ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေ ရှိခဲ့ပါတယ်။

    ဖြန့်ဝေမှုတွေထဲမှာ ရေးသားထားတာက "ရွှေးကောက်ပွဲ ဘယ်တော့လုပ်မှာလဲ? ရွှေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း မဖြစ်မနေ လုပ်ပါ ဆိုပြီးပြောတာလည်း ဒီပါတီတွေပဲ။ ဒါက တစ်တိုင်းပြည်လုံးအတွက်အရေးကြီးတဲ့ အစိုးရ ရွှေးချယ်ပွဲကြီးပါ။ ဒါကလေးကစားသလို ကစားနေရမယ့်ကိစ္စမဟုတ်ဘူး။ ခုလည်း ရွှေးကောက်ပွဲနောက်ကျမှကျင်းပဖြစ်မယ်ဆိုရင် ကာလုံ ခေါ်ရမယ် ဆိုပြီးဖြစ်လာပြန်တယ်။ ကျနော်အပြတ်ပြောလိုက်မယ်။ အစိုးရက ကာလုံမခေါ်ဘူး။ရွှေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း အတိအကျလုပ်မယ်။ ကာလုံခေါ်ပါဆိုတဲ့သူတွေ ...မကြေနပ်လျှင် ဝင်မပြိုင်လို့ရတယ်နော် ...ကျနော်စကားကိုဖင်တခွန်း ခေါင်းတစ်ခွန်းမပြောဘူး.....ဒါပါပဲ" ဆိုပြီး ဖြန့်ဝေနေတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လက်ရှိလူမှုမီဒီယာ ဖေစ့်ဘွတ်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဒီဖြန့်ဝေမှုတွေမှာ ရေးသားထားတဲ့စာသားတွေအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း အတိအကျ လုပ်မယ်လို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားကိုသာ ပြောကြားခဲ့ခြင်းဖြစ်ပြီး "မကျေနပ်ရင် ဝင်မပြိုင် လို့ရတယ်။ ကျွန်တော်စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်း မပြောဘူး။" လို့ ပြောကြားခဲ့ခြင်း မရှိဘူးလို့ UEC ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၂ ရက်နေ့က ကြေငြာထားပါတယ်။ ကြေငြာချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    အဆိုပါပြောကြားချက်အပြည့်အစုံကို ဗွီဒီယိုဖိုင် ကို ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်။

    Tags

    electionspre-electionfakenews2020 Myanmar ElectionUSDPannouncement
    Read Full Article
    Claim :   ရွှေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်းလုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook,
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!