BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရွေးကောက်ပွဲရလဒ်ကို ကုလသမဂ္ဂ...
သတင်းအတု

ရွေးကောက်ပွဲရလဒ်ကို ကုလသမဂ္ဂ အတည်ပြုတယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်မည့်နိုင်ငံမရှိ အတည်ပြုကြောင်း UN ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေ ဒီရက်ပိုင်းအတွင်းပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  20 Sept 2021 7:29 PM IST
  • ရွေးကောက်ပွဲရလဒ်ကို ကုလသမဂ္ဂ အတည်ပြုတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ စတင်ရေးသားဖြန့်ဝေနေတာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။ ဒီလိုဖြန့်ဝေရာမှာ "အောင်မြင်မှုကြီးတစ်ခု။ မကြာခင်ဤသတင်းသည်ပြန့်နှံ့လာလိမ့်မည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်မည့်နိုင်ငံမရှိအတည် ပြုကြောင်း ယနေ့ UN ဆုံးဖြတ်လိုက်သည်" ဆိုပြီး ဖြန့်ဝေနေတာပါ။

    မူရင်းဖြန့်ဝေနေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံတယ်လို့ EU နဲ့ ပြင်သစ်သံရုံးက စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် ရွေးကောက်ပွဲရလဒ်ကို အတည်ပြုကြောင်း UN ဆုံးဖြတ်တယ်ဆိုတာကတော့ သတင်းအမှား ဖြစ်ပါတယ်။


    ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အမေရိကန်နဲ့ ဗြိတိန် သံရုံးအသီးသီးက အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး EU နှင့် ပြင်သစ်သံရုံး ထုတ်ပြန်ချက်တွေမှာတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

    ထုတ်ပြန်ချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိအချိန်မှာ စက်တင်ဘာ ၁၄ ရက်နေ့ကစတင်ပြီး ၇၆ ကြိမ်မြောက် ကုလအထွေထွေညီလာခံကို ကျင်းပနေတာဖြစ်ပြီး ညီလာခံအတွက် စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အကြား ကုလသမဂ္ဂ ကိုယ်စားပြုမှုဆိုင်ရာ အပြိုင်တင်သွင်းခဲ့ရာမှာ ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ကုလသမဂ္ဂဆိုင်ရာ လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် အထွေထွေညီလာခံကာလအတွင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးအလိုက် မိန့်ခွန်းပြောမယ့်စာရင်းထဲမှာ မြန်မာနိုင်ငံဟာ စက်တင်ဘာလ ၂၇ ရက်နေ့ အစီအစဉ်ထဲမှာ ပါဝင်ပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောခွင့်ရမရဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဦးကျော်မိုးထွန်းကို ယာယီဆက်ထားဘို့ တရုတ်အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအကြား သဘောတူညီမှုသာ ဖြစ်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ် ဆုံးဖြတ်ရေးကော်မတီရဲ့ မြန်မာကိုယ်စားလှယ်နေရာ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ အလွန်မှာ ပြန်လည်စဉ်းစားဖွယ်ရှိတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    အထက်ပါ အချက်တွေကေို ကြည့်ရင် UN အနေနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပါတ်သတ်ပြီး တစ်စုံတရာ ဆုံးဖြတ် အတည်ပြုခြင်း မပြုလုပ်ရသေးဘူး ဆိုတာကို သိရမှာပါ။ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်နေရာနဲ့ ပါတ်သတ်ပြီး ရေးသားထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    UNUnited Nationsရွေးကောက်ပွဲရလဒ်election resultMyanmar Election2020 Myanmar Electionကုလသမဂ္ဂ ကိုယ်စားပြုမှု
    Read Full Article
    Claim :   မြန်မာနိုင်ငံ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်မည့်နိုင်ငံမရှိ အတည်ပြုကြောင်း UN ဆုံးဖြတ်လိုက်တယ်လို့ ရေးသားဖြန့် ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!