BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒဂုံမြို့သစ်တောင်ပိုင်းမှာ...
သတင်းအတု

ဒဂုံမြို့သစ်တောင်ပိုင်းမှာ မဲအပိုတွေကို UEC လက်ခံတယ်ဆိုတဲ့သတင်းအမှား

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲရုံတစ်ရုံမှာ ပိုမဲတွေကို ရွေးကောက်ပွဲကော်မရှင်က လက်မှတ်ထိုး အတည်ပြုပေးခဲ့တယ် ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ သတင်းအမှားတွေထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  10 Dec 2020 9:55 PM IST
  • ဒဂုံမြို့သစ်တောင်ပိုင်းမှာ မဲအပိုတွေကို UEC လက်ခံတယ်ဆိုတဲ့သတင်းအမှား

    ဒီဖြန့်ဝေမှုတွေကို ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ဖြန့်ဝေနေကြတာဖြစ်ပြီး ရေးသားချက်တွေထဲမှာ "ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) တွင် မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့သော်လည်း ကော်မရှင်မှ လက်မှတ်ထိုးကာ အတည်ပြုပေးခဲ့ကြောင်း၊ မဲရုံ(၁)တွင် မဲလာရောက်ပေးခဲ့သူ (၈၇၂)ဦးသာ ရှိသော်လည်း အမျိုးသားလွှတ်တော်အတွက်ဆန္ဒမဲလက်မှတ်(၈၇၇)နှင့် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ်(၈၇၇)စောင်ရှိရာ လွှတ်တော်နှစ်ရပ်အတွက် စုစုပေါင်း ၁၀ မဲ

    ပိုနေခဲ့သည်ကို ရွေးကောက်ပွဲကော်မရှင်မှ သိရှိပါသည်ဟုသာ လက်မှတ်ရေးထိုးခဲ့ပြီး အရေးယူဆောင်ရွက်မှု မရှိကြောင်း" ရေးသား ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုတွေဟာ သတင်းတု၊ သတင်းမှားတွေသာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ဖေစ့်ဘွတ်စာမျက်နှာမှာ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ကြေငြာထားပါတယ်။


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီဖြန့်ဝေမှုနဲ့ ပါတ်သတ်ပြီး သတင်းတု၊ သတင်းမှားဖြစ်ကြောင်း ပြောဆိုထားပေမယ့် ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ ဘယ်လိုအရေးယူခဲ့တယ် ဆိုတဲ့ ဖြစ်စဉ်အတိအကျကိုတော့ ပြောဆိုထားတာ မရှိပါဘူး။

    ထုတ်ပြန်ကြေငြာချက်ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Electionexcess votesfake newsvotersပိုလျှံမဲရွေးကောက်ပွဲကော်မရှင်
    Read Full Article
    Claim :   ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲရုံတရုံမှာ ပိုမဲတွေကို ရွေးကောက်ပွဲကော်မရှင်က လက်မှတ်ထိုး အတည်ပြုပေးခဲ့တယ် ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!