BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဓါတုဗုံးကိစ္စနဲ့...
သတင်းအတု

ဓါတုဗုံးကိစ္စနဲ့ ကချင်တပ်တွေပြည်မထဲဝင်မယ်ဆိုတဲ့ သတင်းမှားတွေ

လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ကချင်ပြည်နယ်က တိုက်ပွဲ သတင်းတွေနဲ့ ပတ်သက်ပြီး မှားယွင်းဖြန့်ဝေထားတဲ့ သတင်းအမှား ၂ ပုဒ် ထွက်ပေါ်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  11 May 2021 12:19 PM IST
  • ဓါတုဗုံးကိစ္စနဲ့ ကချင်တပ်တွေပြည်မထဲဝင်မယ်ဆိုတဲ့ သတင်းမှားတွေ

    ပထမ ထွက်ပေါ်လာတဲ့ သတင်းအမှားကို မေလ ၇ ရက် ည ၉ နာရီခန့်မှာ NBung Dat Kasa - Kachin Multimedia ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ရေးတင်ခဲ့တာ ဖြစ်ပြီး ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ပြည်တွင်းစစ်ကြီးသည် ပြည်မထဲ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း KIA မှ ရာဇသံပေး" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး ပြည်တွင်းစစ်က ပြည်မကြီးထဲ ဝင်လာဖို့ KIA က ရာဇသံပေးထားကြောင်း KIA က ပြောဆိုထားသယောင် ရေးသားထားပါတယ်။

    ည ၁၁ နာရီ ၇ မိနစ်ခန့်မှာတော့ အဆိုပါ ပေ့ချ်ဟာ နောက်ထပ် သတင်းအမှားတစ်ပုဒ် တင်ထားပါတယ်။ ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "KIA အား ကမ္ဘာမှ တားမြစ်ထားတဲ့ လေယာဉ်ဓါတုဗုံးများ အာဏာသိမ်း အကြမ်းဖက် လူသတ်စစ်ကောင်စီတပ် အသုံးပြု တိုက်ခိုက်လာ" လို့ ရေးသားထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ "KIA အား အာဏာသိမ်း အကြမ်းဖက် လူသတ်စစ်ကောင်စီတပ် ဂျက်လေယာဉ်မှ အသုံးပြု တိုက်ခိုက်လာတဲ့ လေယာဉ်ဗုံးများဟာ ကမ္ဘာမှ တားမြစ်ထားတဲ့ ဓါတုဗုံးများဖြစ်ကြောင်း သတင်းရရှိသည်။ ဓါတုဗုံးစ ထိမှန်သူများရဲ့ အရေပြားများ ကွာကျလာကြောင်း၊ အရေပြားနှင့် ဓါတ်ပြုကြောင်းလည်း သိရသည်။ ၎င်း လေယာဉ်သုံး ဓါတုဗုံးများ သုံးလာတာ (၃) ရက်ခန့်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မေလ ၇ ရက် ည ၁၁ နာရီ ၃၂ မိနစ်မှာတော့ Khit Thit Media က အဆိုပါ ဓါတုဗုံးကြဲတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    NBung Dat Kasa - Kachin Multimedia ဆိုတဲ့ Page မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ KIA က ပြောဆိုထားခြင်း မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်အကိုးအကားတွေမပါပဲရေးသားဖြန့်ဝေထားတာကိုတွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ သတင်းအမှားတွေ ဖြစ်တာကို တွေ့ရပါတယ်။

    ဒီလို လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတဲ့ အကြောင်း အရာ နှစ်ခုနဲ့ ပတ်သက်ပြီး KIO ရဲ့ တရားဝင်ထုတ်ပြန်ချက်များ မဟုတ်ကြောင်း ကေအိုင်အိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာတွေကို အတည်ပြု ဖြေကြားထားပါတယ်။

    ကချင်ပြည်နယ် အခြေစိုက် The 74 Media က ဗိုလ်မှူးကြီးနော်ဘူ ကို မေးမြန်းထားတဲ့ အင်တာဗျူးမှာ "မြို့ပေါ်မှာ တိုက်မယ်လို့ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပါဘူး၊ ရာဇသံပေးထားတာလည်း မရှိပါဘူး" လို့ ဖြေကြားထားပြီး ကချင်ပြည်နယ်မိုးမောက်မြို့နယ်မှာ စစ်တပ်က ဓာတုလက်နက်တွေ အသုံးပြုနေသည်ဆိုတဲ့ အကြောင်းအရာကိုလည်း "ဒီသတင်းက ကျွန်တော်တို့ရဲ့ စစ်ရုံးချုပ်က ထုတ်ပြန်တဲ့သတင်းမဟုတ်ဘူး၊ social media ကသတင်းပဲဖြစ်တယ်၊ အဲ့တာကြောင့် ဓာတုဗုံးက ကေအိုင်အို အနေနဲ့‌တော့ အတည်မပြုနိုင်သေးဘူး စိစစ်နေဆဲဖြစ်တယ်" လို့ ဖြေကြားထားပါတယ်။

    The 74 Media က သတင်းကို ဒီမှာ ဖတ်ပါ။

    အဆိုပါ Facebook Page ကို အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၅ ခုနှစ်ထဲက ဖွင့်ထားတဲ့ Page ဖြစ်တာကို တွေ့ရပြီး Page Name ၆ ကြိမ် ပြောင်းထားတာကို တွေ့ရပါတယ်။


    ဒီ သတင်း ၂ ပုဒ်ကို ရေးတင်တဲ့အခါမှာ KIA က အတည်ပြုထားတယ်လို့ ရေးသားထားပြီး သက်သေပြနိုင်တဲ့ အထောက်အထား တစ်စုံတစ်ရာ မပါဘဲ ဖော်ပြထားတာကို တွေ့ရပါတယ်။ KIA ကလည်း ဒီအကြောင်းအရာတွေကို ထုတ်ပြန် ဖြေကြားထားခြင်း မရှိဘူးလို့ အတည်ပြုထားပါတယ်။


    Tags

    fake newsKIAChemical BombCoupAir strikesသတင်းအမှားကချင်တိုက်ပွဲဓါတုလက်နက်
    Read Full Article
    Claim :   NBung Dat Kasa - Kachin Multimedia ဆိုတဲ့ Page မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!