BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တူရကီကစားသမား ဒီမာဘေက...
သတင်းအတု

တူရကီကစားသမား ဒီမာဘေက အမျိုးသမီးပွဲစဉ်မှာ ကစားသမား ၈ ယောက်အထိ ထုတ်ပယ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသမီး ဒိုင်လူကြီးကို ပြစ်တင်ပြောဆိုမှုနဲ့ အမျိုးသမီး ဘောလုံးပွဲစဉ်တစ်ခုမှာ ဒိုင်လုပ်ပေးဖို့ အပြစ်ပေးခံရတဲ့ တူရကီကစားသမား ဒီမာဘေဟာ အဆိုပါပွဲစဉ်အတွင်း ကစားသမား (၈) ယောက်အထိ အနီကဒ်ပြသ ထုတ်ပယ်ခဲ့တဲ့အပြင် အမျိုးသမီးတွေဟာ ထမင်းပဲ ချက်နေသင့်တယ်လို့ ထပ်မံပြောဆိုခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Jun 2023 10:42 AM IST
  • တူရကီကစားသမား ဒီမာဘေက အမျိုးသမီးပွဲစဉ်မှာ ကစားသမား ၈ ယောက်အထိ ထုတ်ပယ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Football Diary ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၁၁ ရက်နေ့ကတည်းက စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ယခုချိန်အထိ ထပ်မံဖြန့်ဝေမှုတွေ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘ပွဲစဉ်တစ်ခုမှာ ဂျာမန် အမျိုးသမီး ဒိုင်လူကြီးရဲ့ ထုတ်ပယ်ခံရတဲ့အတွက် ဒီမာဘေဟာ ကွင်းထဲက မထွက်ခင်မှာ ဒိုင်လူကြီးရှေ့တည့်တည့်ကိုသွားပြီး မိန်းမတွေက ဒီနေရာမှာ ရှိမနေသင့်ပဲ မီးဖိုချောင်မှာပဲ ရှိနေသင့်တယ်လို့ ပြောဆိုကြောင်း၊ ဂျာမန် အမျိုးသမီးဒိုင်လူကြီးဟာ အဆိုပါကိစ္စကို အစီရင်ခံစာတင်ခဲ့တဲ့အတွက် ဒီမာဘေကို (၅) ပွဲပယ် ပြစ်ဒဏ်ကျခံစေခဲ့တဲ့အပြင် အမျိုးသမီး ပွဲစဉ်တစ်ပွဲလည်း ကိုင်တွယ်ခိုင်းခဲ့ကြောင်း၊ အမျိုးသမီးပွဲစဥ် ကိုင်တွယ်တဲ့ပွဲမှာ ဒီမာဘေဟာ ကစားသမား (၈) ယောက်အထိ အနီကဒ်ပြသပြီး ထုတ်ပယ်ခဲ့ကြောင်း၊ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အနီကဒ်တွေ အများအပြား ပြသခဲ့တဲ့အပေါ် သတင်းထောက်တွေရဲ့ မေးခွန်းကို သူက အမျိုးသမီးတွေအနေနဲ့ ထမင်းသာ ချက်နေသင့်တယ်လို့ ပြောဆိုခဲ့ကြောင်း’ တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမျိုးသမီးပွဲစဉ်မှာ ဒိုင်အဖြစ် ကိုင်တွယ်စဉ် ဒီမာဘေက ကစားသမား (၈) ယောက်အထိ အနီကဒ်ပြသ ထုတ်ပယ်ခဲ့ပြီး အမျိုးသမီးတွေဟာ ထမင်းပဲ ချက်နေသင့်ကြောင်း ပြောဆိုခဲ့တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်းက ဂျာမာန် FA ဘောလုံးပွဲစဉ်တစ်ခုမှာ တူရကီကစားသမား ဒီမာဘေဟာ အမျိုးသမီးကွင်းလယ်ဒိုင်ရဲ့ ထုတ်ပယ်ခြင်း ခံရမှုအပေါ် အဆိုပါဒိုင်လူကြီးကို အမျိုးသမီးတွေဟာ ဘောလုံးပွဲတွေမှာ ရှိမနေသင့်ဘူးလို့ ဝေဖန် ပြောဆိုခဲ့တဲ့အတွက် ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB) က ဒီမာဘေကို ငါးပတ်ကြာ ပွဲမထွက်ရပြစ်ဒဏ်နဲ့အတူ သူ့ရဲ့ကလပ်အသင်းကိုလည်း ယူရို ၁၀,၀၀၀ ဒဏ်ငွေရုက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီမာဘေကို အမျိုးသမီးပွဲစဉ်မှာ ဒိုင်အဖြစ် ကိုင်တွယ်ဖို့ပါ ပြစ်ဒဏ်ပေးခဲ့ပါတယ်။

    ဒီအတွက် ဒီမာဘေက သူဝေဖန်ခဲ့တဲ့ အမျိုးသမီးဒိုင် မစ္စစတိန်းဟော့စ်ကို ထပ်တလဲလဲ တောင်းပန်ခဲ့တဲ့အပြင် သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာလည်း သူဒီလို မပြောသင့်တဲ့အကြောင်း၊ ဒီပြောခဲ့မှုဟာ အမျိုးသမီးတွေအပေါ် သူဒီလိုမြင်လို့ ပြောခဲ့တာ မဟုတ်တဲ့ အကြောင်းတွေ ပြောကြားခဲ့တာပါ။


    အခုဖြန့်ဝေနေတဲ့အကြောင်းအရာမှာပါသလို ဒီမာဘေက အမျိုးသမီးပွဲစဉ်မှာ ကစားသမား ၈ ဦးထုတ်ပယ်ပြီး အမျိုးသမီးတွေဟာ ထမင်းပဲ ချက်နေသင့်တယ်ဆိုတဲ့ပြောဆို လုပ်ဆောင်မှုမျိုးကတော့ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှာပါဝင်ခဲ့ခြင်း မရှိပါဘူး။ပြစ်ဒဏ်နဲ့ ပက်သက်ပြီး ရေးသားထားတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Turkish footballerDemirbaysexist remark to refereeပွဲပယ်ပြစ်ဒဏ်အမျိုးသမီးဒိုင်female refFakenews
    Read Full Article
    Claim :   တူရကီကစားသမား ဒီမာဘေက အမျိုးသမီးပွဲစဉ်အတွင်း ကစားသမား (၈) ယောက်အထိ အနီကဒ်ပြသ ထုတ်ပယ်ခဲ့ပြီး အမျိုးသမီးတွေဟာ ထမင်းပဲ ချက်နေသင့်တယ်လို့ ပြောဆိုခဲ့တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!