BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကန့်ဘလူက အကြွင်းအကျန်တွေလာစားတဲ့...
      သတင်းအတု

      ကန့်ဘလူက အကြွင်းအကျန်တွေလာစားတဲ့ ငေါင်းသတ္တဝါဆိုတဲ့ သတင်းအမှား

      ကန့်ဘလူမှာ လေကြောင်းတိုက်ခိုက်ခံမှုက သေဆုံးသွားတဲ့ အရပ်သားတွေရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို ငေါင်းလို့ အမည်ရတဲ့ သတ္တဝါတစ်ကောင်က လာစားတယ်ဆိုတဲ့ Video အတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  21 April 2023 11:32 AM IST
    • ကန့်ဘလူက အကြွင်းအကျန်တွေလာစားတဲ့ ငေါင်းသတ္တဝါဆိုတဲ့ သတင်းအမှား
      Listen to this Article

      အဆိုပါ Video ကို God Ronin ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး 17 မိနစ်ကျော် ကြာမြင့်တဲ့ Live Video တစ်ပုဒ်ကို တင်ထားပါတယ်။ Video အတွင်းမှာ အမွှေးရှည်ရှည် သတ္တဝါငယ်လေးတစ်ကောင်ပါဝင်ပြီး Effect တွေနဲ့ ဝါးအောင် ပြုလုပ်ထားပါတယ်။ Video ရဲ့ နောက်ခံမှာတော့ ငေါင်း သတ္တဝါအကြောင်းကို နောက်ခံအသံရွတ်ဆိုထားပြီး လူမှုကွန်ယက်ပေါ်မျှဝေရာမှာတော့ “ကန့်ဘလူကိစ္စအပြီးကျန်ခဲ့တဲ့အစအနတွေကိုလာစားတဲ့ ငေါင်းသတ္တဝါတစ်ကောင်ကိုအရှင်ဖမ်းမိတဲ့ Video” လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို like လုပ်ထားသူ ၁၇၀၀၀ ကျော်ရှိကာ ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သန်းကျော်ရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားပါတယ်။

      သတင်းဆန်းစစ်ချက်

      ကန့်ဘလူက အကြွင်းအကျန်တွေ လာစားတဲ့ ငေါင်းသတ္တဝါလို့ ဖြန့်ထားတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဒီ Video ဟာ ကန့်ဘလူဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ကန့်ဘလူဖြစ်စဉ်မဖြစ်ခင်ထဲက ထွက်ပေါ်လာတဲ့ Video ဖြစ်ပြီး ကချင်ပြည်နယ်၊ ပူတာအိုမှာ တွေ့ခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါလေးကို The Rvwang ဆိုတဲ့ Page မှာ ဖော်ပြခဲ့တဲ့ Video ဖြစ်ပြီး “အများစုက ငေါင်း (နထော်) လို့ ပြောကြတယ်။ ဘာအကောင်ဖြစ်မလဲဗျ” လို့ ရေးသားထားပါတယ်။

      ပူတာအိုမှာ တွေ့ခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါလေးကို ဖော်ပြထားတဲ့ video ကို ဒီနေရာမှာ ကြည့်ပါ။


      သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupAirstrikesKant Balu townshipClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်းကန့်ဘလူးလေကြောင်းတိုက်ခိုက်မှုငေါင်းသတ္တဝါ
      Read Full Article
      Claim :   ကန့်ဘလူကိစ္စအပြီးကျန်ခဲ့တဲ့အစအနတွေကိုလာစားတဲ့ ငေါင်းသတ္တဝါတစ်ကောင်ကိုအရှင်ဖမ်းမိ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!