BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဗီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံက...
သတင်းအတု

ဒီဗီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံက အဖြစ်အပျက် မဟုတ်ပါ

ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်နေချိန် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုပြီး တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ မုန်တိုင်းဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  14 Sept 2024 4:23 PM IST
  • ဒီဗီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံက အဖြစ်အပျက် မဟုတ်ပါ

    ဒီအကြောင်းအရာကို ဖေစ့်ဘွတ်နဲ့ Threads လူမှုကွန်ရက်တွေပေါ်မှာ စက်တင်ဘာလ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုတိုက်ခတ်နေချိန် ရိုက်ယူထားတဲ့ ၃ မိနစ်နီးပါး ကြာမြင့်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လက်ရှိ china ရဲ့ အခြေအနေ။ Sept 7(11:40)am' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ တမင်လုပ်ကြံ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်သာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံအချို့မှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းတိုင်ဖွန်း Yagi (ရာဂီ) ရဲ့ သတင်းတွေနဲ့အတူ ဒီဗီဒီယိုဖိုင်အတုကို တမင်လုပ်ကြံဖြန့်ဝေလာခြင်းဖြစ်ပါတယ်။

    တိုင်ဖွန်းမုန်တိုင်း Yagi ကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေမှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၆၀ ဦး ဝန်းကျင် သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    ဒီဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မက္ကဆီကိုနိုင်ငံရဲ့ ပစ္စိဖိတ်ကမ်းခြေဒေသမှာ တိုက်ခိုက်ခဲ့တဲ့ အော်တစ် ဟာရီကိန်းမုန်တိုင်းရဲ့ ဖြစ်စဉ်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖြစ်ပါတယ်။

    ခုဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲက အချို့အရုပ်ကတ်တွေ ပါဝင်တဲ့ ဗီဒီယိုကလစ်တွေ ဖြန့်ဝေထားမှုကို အောက်ပါပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒီဖြန့်ဝေမှုမှာလည်း အက္ကာပယ်လ်ကို ကို အော်တစ်ဟာရီကိန်းမုန်တိုင်း တိုက်ခတ်စဉ် အခိုက်အတန့် လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ 'Moment when Hurricane Otis arrived in Acapulco' ရေးသားထားတာ တွေ့နိုင်ပါတယ်။

    ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ဟာရီကိန်းမုန်တိုင်းFalse videoStorm in Chinaတရုတ်တိုင်ဖွန်းမုန်တိုင်းရာဂီFakenewsအပူပိုင်းမုန်တိုင်း
    Read Full Article
    Claim :   ဒီဗီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံက အဖြစ်အပျက် မဟုတ်ပါ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!