BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီ Video က ကိုင်ရိုလေဆိပ်...
သတင်းအတု

ဒီ Video က ကိုင်ရိုလေဆိပ် မီးလောင်တဲ့ ဖြစ်စဉ်မဟုတ်ပါ

အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ် မီးလောင်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 Jun 2024 9:07 PM IST
  • ဒီ Video က ကိုင်ရိုလေဆိပ် မီးလောင်တဲ့ ဖြစ်စဉ်မဟုတ်ပါ

    အဆိုပါ Video ကို ဇွန်လ ၁၄ ရက် ဝန်းကျင်ခန့်မှာ လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ဝေထားတာဖြစ်ပြီး မီးခိုးတွေ အူထွက်ကာအကြီးအကျယ်မီးလောင်နေတဲ့ Video တစ်ပုဒ်တင်ထားပြီး Breaking News လို့ ခေါင်းစဉ်တပ်ကာ အီဂျစ်နိုင်ငံ Salam မြို့က ကိုင်ရိုလေဆိပ် မီးလောင် နေတယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ် မီးလောင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မှားယွင်းဖြန့်ဝေနေတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ဒီ Video ဟာ အခုရက်ပိုင်း လပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က video အဟောင်း တစ်ပုဒ်သာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့ ၂၀၂၀ ခုနှစ်က ဆီပိုက်လိုင်း ပေါက်ကာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ ဖြစ်စဉ်က ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီမီးလောင်ကျွမ်းမှုဟာ လေဆိပ်မီးလောင်ကျွမ်းတာ မဟုတ်ဘဲ အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းပေါ်က ကိုင်ရိုမြို့နဲ့ Ismailia ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ ဆီပိုက်လိုင်းပေါက်ကာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ၎င်း မီးလောင်ကျွမ်းမှု ဖြစ်စဉ်အကြောင်း မူရင်း သတင်းကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



    Tags

    Fake newsOld videoBurningFireCairo airportကိုင်ရိုလေဆိပ်မီးလောင်သတင်းအတု
    Read Full Article
    Claim :   အီဂျစ်နိုင်ငံ ကိုင်ရို လေဆိပ် မီးလောင်
    Claimed By :  Facebook, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!