BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပူတာအိုမှာ နဂါးတွေ့သလား
သတင်းအတု

ပူတာအိုမှာ နဂါးတွေ့သလား

ထိုင်းရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုရဲ့ ဗီဒီယိုအပိုင်းအစတစ်ခုကို ကူးယူပြီး ပူတာအို နတ်ကျွန်းဘက်က နဂါးအဖြစ်ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  13 July 2023 9:17 AM IST
  • ပူတာအိုမှာ နဂါးတွေ့သလား

    ဒီအကြောင်းအရာကို Lay May Moe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇူလိုင်လ ၉ ရက်နေ့မှာ ‘ပူတာအိုသား/သူများ စုံစည်းရာ’ ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ တောင်စောင်းတနေရာမှာ ပေါ်ထွက်လာတဲ့ နဂါးတစ်ကောင်ရဲ့ တစ်မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပူတာအို နတ်ကျွန်းဘက် ကလို့ပြောကြတယ် ဟုတ်မဟုတ်တော့ ကျနော်လည်း အတိကျတော့ မသိရပါဘူးဗျား’ ဆိုပြီး ရေးသားဖြန့်ဝေ ထားတာပါ။

    အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း ‘ကွီး စိုး’ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ‘နဂါး ‌တဲ့ မြင်ဖူးကြလား’ လို့ ရေးသားဖြန့်ဝေခဲ့ပါသေးတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် တမင်လုပ်ကြံရေးသားထားတာ တွေ့ရပါတယ်။

    ပိုစ့်အောက်က မှတ်ချက်ပေးသူအများစုက ဒီဖြန့်ဝေမှုကို နောက်ပြောင်ဖြန့်ဝေမှု အဖြစ်သာ မြင်ကြတယ်ဆိုပေမယ့် အချို့အင်တာနက် အသုံးပြုသူတွေကြားမှာတော့ ဒီဗီဒီယိုကို ဖြန့်ဝေပါ‌က လာဘ်လာဘ ကောင်းစေတယ်၊ ကံကောင်းစေတယ်ဆိုပြီး ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    တကယ်တော့ ဒီဗီဒီယိုဖိုင်ဟာ King of Naga ဆိုတဲ့ ထိုင်းရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတစ်နေရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းကို TikTok နဲ့ Youtube ပေါ်မှာလည်း နဂါးဆိုပြီး နောက်ပြောင်ဖြန့်ဝေမှု အများအပြား ရှိပါတယ်။


    ဒီဗီဒီယိုထဲက နဂါးဟာ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေသာ ဖြစ်ပြီး မြန်မာနိုင်ငံ ပူတာအို ဘက်ကလည်း မဟုတ်ပါဘူး။ ရုပ်ရှင်ဇာတ်ဝင်ခန်း တစ်ခုသာ ဖြစ်ပါတယ်။

    အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    Tags

    နဂါးထိုင်းရုပ်ရှင်Video clipThai MovieKing of NagaFakevideo
    Read Full Article
    Claim :   ထိုင်းရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုကို ကူးယူဖြန့်ဝေကာ ပူတာအိုက နဂါးလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!