BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကမ္ဘာ့ အင်အားအကြီးဆုံးမုန်တိုင်း...
သတင်းအတု

ကမ္ဘာ့ အင်အားအကြီးဆုံးမုန်တိုင်း ဆိုတဲ့ ဗီဒီယိုဖိုင်အတု

ဂြိုလ်တုတစ်ခုပေါ်ကနေ မုန်တိုင်းတစ်ခုကို ရိုက်ကူးထားသယောင် ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ဝေပြီး အမေရိကန်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ ကမ္ဘာ့ အင်အားအကြီးဆုံးမုန်တိုင်း ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  20 Oct 2024 8:28 PM IST
  • ကမ္ဘာ့ အင်အားအကြီးဆုံးမုန်တိုင်း ဆိုတဲ့ ဗီဒီယိုဖိုင်အတု

    ဒီအကြောင်းအရာကို Soe Koko ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ခန့်သာရှိတဲ့ ဗီဒီယိုကလစ်တစ်ခုနဲ့အတူ 'ကမ္ဘာ့ အင်အားအကြီးဆုံးမုန်တိုင်း US' လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူ များအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာ ဖန်တီးထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။

    ဖြန့်ဝေနေတဲ့ ဗီဒီယိုကလစ်ထဲက ပုံရိပ်တွေဟာ AI နဲ့ ဖန်တီးထားတဲ့ မုန်တိုင်းပုံတွေကို ဖြတ်ညှပ်ဆက်ကာ ဗီဒီယိုဖိုင်အဖြစ် ဖန်တီးထားတာသာ ဖြစ်ပါတယ်။

    ဒီလို AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို Freepik နဲ့ Vecteezy တို့လို ဝက်ဘ်ဆိုက်တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။


    ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့ပါ။

    National Hurricane Center ရဲ့ အချက်အလက်ကို ကိုးကားပြီး AP သတင်းဌာနမှာ အောက်တိုဘာလ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ အချက်အလက်တွေအရ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း မီလ်တန်ရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီကို ၁၈၀ မိုင်အောက်သာ ရှိခဲ့ပါတယ်။ အတိအကျ ဆိုရရင် လေတိုက်နှုန်းဟာ တစ်နာရီကို ၁၇၃ မိုင်အထိသာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ကမ္ဘာပေါ်မှာ အင်အားအပြင်းဆုံးမုန်တိုင်းဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    AP သတင်းဌာနမှာ ဖော်ပြထားတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် ရဲ့ လေတိုက်နှုန်းအကြောင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အမေရိကန်နိုင်ငံ ပြည်နယ်အချို့ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ အဆင့် ၄ မုန်တိုင်း ဟာရီကိန်း ဟယ်လင် ဝင်ရောက် တိုက်ခတ်ပြီး သီတင်းနှစ်ပတ်အတွင်း နောက်တစ်ကြိမ် အဆင့် ၅ မုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    Tags

    strongest stormအင်အားအကြီးဆုံးမုန်တိုင်းfake videoAI generatedfake images
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!