BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီ Video က ၂၀၁၉ ခုနှစ်က ဖြစ်စဉ်ပါ
သတင်းအတု

ဒီ Video က ၂၀၁၉ ခုနှစ်က ဖြစ်စဉ်ပါ

Video အဟောင်းတစ်ပုဒ်ကို အသုံးပြုပြီး ချီလီနိုင်ငံမှာ နေကြတ်တယ်လို့ ဖြန့်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 April 2024 1:02 PM IST
  • ဒီ Video က ၂၀၁၉ ခုနှစ်က ဖြစ်စဉ်ပါ

    အဆိုပါ သတင်းအတုကို ပြီးခဲ့တဲ့ ရက်ပိုင်းက နေကြတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားနေစဉ် လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပြန်လည် ဖြန့်ဝေထားကြတဲ့ Video တစ်ပုဒ် ဖြစ်ပါတယ်။ အဆိုပါ Video ဟာ စက္ကန့် ၃၀ ခန့်ကြာမြင့်ပြီး ကမ်းခြေမှာ လူအုပ်စုလိုက်ကြီးက နေကြတ်တာကို ကြည့်နေကြတာ ဖြစ်ပါတယ်။ ဒီ Video ထဲမှာ နေကြတ်တဲ့ ဖြစ်စဉ်ကို တွေ့မြင်နေရပြီး ဖုန်းနဲ့ Video ရိုက်ကူးနေကြတာကိုလည်း မြင်ရပါတယ်။ ဒီ Video ကို ဖြန့်ဝေရာမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ချီလီနိုင်ငံက နောကြတ်တဲ့ ဖြစ်ဖြစ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်စာမျက်နှာအပြင် တစ်ခြား Social Media ပလတ်ဖောင်းတွေအပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ချီလီနိုင်ငံမှာ နေကြတ်တဲ့ ဖြစ်စဉ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Video အဟောင်းတစ်ပုဒ်ကို ပြန်လည် ဖြန့်ဝေထားကြတာ ဖြစ်ပါတယ်။

    ၂၀၂၄ ခုနှစ် နေကြတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားတဲ့အချိန်မှာ ၂၀၁၉ ခုနှစ်က Video အဟောင်းတစ်ပုဒ်ကို လူမှုကွန်ယက်ပေါ် ပြန်လည် ဖြန့်ဝေနေကြတာ ဖြစ်ပြီး လူမှုကွန်ယက် အသုံးပြုသူတွေက ယခုအမေရိကန်မှာ နေကြတ်တဲ့ ဖြစ်စဉ်အဖြစ် နားလည်မှုလွဲမှားစွာ ထပ်ဆင့်ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

    မူရင်း Video ဟာ အမေရိက တောင်ပိုင်း ချီလီနိုင်ငံက ၂၀၁၉ ခုနှစ်က ဖြစ်စဉ်ဖြစ်ပြီး မူရင်း Video ကို ဒီနေရာမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။


    ဒီ Video ဟာ နိုင်ငံတကာ လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ပျံနှံ့ခဲ့ပြီး Boom India က အချက်အလက် စစ်ဆေးထားတဲ့ သတင်းကိုလည်း ဒီနေရာမှာဖတ် နိုင်ပါတယ်။




    Tags

    Fake newssolar eclipseOld videoသတင်းအမှားနေကြတ်ရုပ်သံအဟောင်း
    Read Full Article
    Claim :   solar eclipse filmed in chile on 8 April 2024
    Claimed By :  Facebook, Instagram, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!