BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒီဓာတ်ပုံဟာ ရန်ကုန်ရွှေတောင်ကြားက...
      သတင်းအတု

      ဒီဓာတ်ပုံဟာ ရန်ကုန်ရွှေတောင်ကြားက ပုံမဟုတ်ပါ

      လမ်းဘေး ရေနုတ်မြောင်းအတွင်းမှာ ငါးတွေ ကူးခတ်နေတဲ့ ဓာတ်ပုံကို အသုံးပြုပြီး ရန်ကုန် ရွှေတောင်ကြားရပ်ကွက်က ရေမြောင်းပုံဆိုပြီး နောက်ပြောင်ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  10 Sept 2024 7:13 PM IST
    • ဒီဓာတ်ပုံဟာ ရန်ကုန်ရွှေတောင်ကြားက ပုံမဟုတ်ပါ

      ဒီဓာတ်ပုံကို Khun Htunz Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ လမ်းဘေး တနေရာ သန့်ပြန်နေတဲ့ ရေနုတ်မြောင်းထဲမှာ ကူးခတ်နေတဲ့ ရောင်စုံငါးတွေရဲ့ ပုံကို အသုံးပြုပြီး ‘ရန်ကုန် ရွှေတောင်ကြားရပ်ကွက်က ရေမြောင်းပါ’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ နောက်ပြောင်ဖြန့်ဝေထားတဲ့ အချက်အလက်မှားသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဓာတ်ပုံဟာ ဂျပန်နိုင်ငံ Kyushu ကျွန်းပေါ်က Shimabara မြို့လေး တနေရာက ဂျပန် Koi Fish ခေါ် ရောင်စုံငါးကြင်း တွေကို ရိုက်ယူထားတဲ့ ပုံပဲ ဖြစ်ပါတယ်။

      Shimabara မြို့မှာရှိတဲ့ ရေနုတ်မြောင်းတွေဟာ သန့်ရှင်းသပ်ရပ်ပြီး ရောင်စုံငါးကြင်းတွေရဲ့ နေထိုင်ရာ နေရာ ဖြစ်လာတာရဲ့ အစကတော့ လူပေါင်း တစ်သောင်းခွဲကျော် သေဆုံးစေခဲ့တဲ့ ၁၇၉၂ ခုနှစ် Unzen ငလျင်နှင့် ဆူနာမီကြောင့် ဖြစ်ပါတယ်။

      ဒီဖြစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်းမှာ ရေချိုစမ်းရေ အများအပြား ထွက်ပေါ်လာပြီး မြို့ရဲ့ ရေနုတ်မြောင်းတွေက တဆင့် သန့်ရှင်းတဲ့ ရေတွေ စီးဆင်းနေတာဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ အာဏာပိုင်တွေက မီတာ ၁၀၀ ရှည်လျားတဲ့ ရေမြောင်းထဲမှာ ရောင်စုံငါးကြင်းတွေလွှတ်ပြီး ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။


      Koi fish ခေါ် ဂျပန်ရောင်စုံငါးကြင်းတွေ ရှင်သန်ကြီးထားဖို့ အထူးသန့်ရှင်းတဲ့ ရေ လိုအပ်ပါတယ်။ ဒီလို မြောင်းတွေထဲမှာ ဒီငါးတွေ ရှင်သန်နေတာဟာ ဒီဒေသက ရေတွေရဲ့ သန့်ရှင်းမှုကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။

      Shimabara မြို့ အကြောင်းနဲ့ ဒီမြို့က ရောင်စုံငါးကြင်းတွေ အကြောင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ခုဖြန့်ဝေနေတာတွေဟာ နောက်ပြောင်ဖြန့်ဝေထားတဲ့ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။

      Tags

      ရောင်စုံငါးကြင်းရေမြောင်းFalse imageFakenewsKyushu ကျွန်းClean Drains
      Read Full Article
      Claim :   သန့်ပြန်နေတဲ့ ရေနုတ်မြောင်းထဲက ရောင်စုံငါးတွေရဲ့ ပုံဟာ ရွှေတောင်ကြားကပုံလို့ ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!