BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တွေက...
သတင်းအတု

PDF တွေက နို့တိုက်မိခင်တစ်ဦးကိုတိုက်ခိုက်တယ်ဆိုတာ မဟုတ်ပါ

ဓါတ်ပုံအတုတွေအသုံးပြုပြီး PDF တွေက ကလေးမိခင်တစ်ဦးကို PDF ခေါင်းရိုက်ခွဲတယ်ဆိုကာဖြန့်ဝေထားတဲ့ သတင်းအတုတွေ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  6 Oct 2021 6:29 PM IST
  • PDF တွေက နို့တိုက်မိခင်တစ်ဦးကိုတိုက်ခိုက်တယ်ဆိုတာ မဟုတ်ပါ

    အဆိုပါ သတင်းအမှားကို Ko Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၅၇ မိနစ်မှာ ရေးသားဖြန့်ဝေ ခဲ့တာဖြစ်ပြီးဖြန့်ဝေထားတဲ့ ဓါတ်ပုံထဲမှာ ကလေးငယ် တစ်ဦးကို ချီထားပြီး ဦးခေါင်းက သွေးတွေစီးကျနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ဓါတ်ပုံကို အသုံးပြုထားပါတယ်။

    အဲ့ဒီဓါတ်ပုံနဲ့အတူ "ရန်ကုန်၊ခရမ်းမြိုနယ် က လေးနိုတိုက် နေ သော မိခင်အား အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍ သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့် ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ" (မူရင်းဖော်ပြထားသည့် အတိုင်း)လို့ ရေးသားထားပါတယ်။ နောက်ထပ် Kyaw Hninsoe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အထက်ဖော်ပြပါ ဓါတ်ပုံကို အသုံးပြုပြီး "ခရမ်းမြို့ အိမ်းထဲကလေးနို့တိုက်တဲ့မိခင်ကို စစ်တပ်က ဝင်ရောက်ရိုက်နှက် စစ်ဖိနပ်အောက်က သွေးစက် စစ်တပ်မကောင်းဆိုးဝါးကောင်ရဲ့ ရက်စက်မှုက လက်နက်မဲ့မိခင်မေတ္တာကို အနိုင်မယူနိုင်ခဲ့ပါဘူ" ဆိုတဲ့စာသားအသုံးအနှုန်းတွေနဲ့ ရေးသားဖြန့်ဝေထားပါသေးတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    အဆိုပါ ဓါတ်ပုံကိုအသုံးပြုပြီး စာသားအမျိုးမျိုးနဲ့ လူမှုကွန်ယက်ပေါ်ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ် ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေနေကြတဲ့ ဦးခေါင်းကွဲပြီးသွေးထွက်နေတဲ့ ကလေးမိခင်တစ်ဦးရဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တခြားနိုင်ငံက ဓါတ်ပုံဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီဓါတ်ပုံဟာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မိခင်က ဦးခေါင်းမှ သွေးတွေထွက်နေပြီး ကလေးငယ်ကို ချီထားတဲ့ထားပြီး နို့တိုက်နေတဲ့ပုံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်ကောင်စီရော၊ PDF နဲ့ရော မသက်ဆိုင်ပါဘူး။၎င်းဓါတ်ပုံကို ထိုင်းနိုင်ငံက လူမှုကွန်ယက်သုံးစွဲသူတွေရှိတဲ့ Group ထဲကို ဖြန့်ဝေထားတာကို တွေ့ရပြီး အိမ်တွင်း အကြမ်းဖက်မှုပြုလုပ်တက်တဲ့ အမျိုးသားတွေကို ရှောင်ကျဉ်ဖို့ ရေးသားထားတဲ့စာ ဖြစ်ပါတယ်။

    ပြည်တွင်းမှာတော့ ဒီ ဓါတ်ပုံကို ပြန်အသုံးချပြီး ဝါဒဖြန့်ချင်တဲ့ စာသားတွေနဲ့ ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။


    Tags

    Fake newsphotosMilitaryCoupသတင်းအတုဝါဒဖြန့်သတင်းPDFစစ်ကောင်စီ
    Read Full Article
    Claim :   ဓါတ်ပုံပါအကြောင်းအရာထဲက PDF တွေက အမျိုးသမီးကိုခေါင်းရိုက်ခွဲတယ်ဆိုတာဟာ နိုင်ငံခြားကဓါတ်ပုံအဟောင်းတစ်ခုကိုအသုံးပြုပြီးဖြန့်ဝေထားတဲ့ သတင်းအတုသာဖြစ်ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!