BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်စုကို အချုပ်ထောင်ပို့တဲ့...
သတင်းအတု

ဒေါ်စုကို အချုပ်ထောင်ပို့တဲ့ ပုံအဖြစ်ဖြန့်ဝေထားတဲ့ ဓါတ်ပုံအဟောင်း

ဒေါ်အောင်ဆန်းစုကြည် အာဏာရစဉ်က ပွဲလမ်းတစ်ခုမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံ အဟောင်းတစ်ပုံကို အသုံးပြုပြီးအဆိုပါပုံဟာ လက်ရှိအချုပ်ထောင်ပို့ဆောင်စဉ် ရိုက်ကူးထားတဲ့ ပုံအဖြစ်ဖြန့်ဝေထားတဲ့အကြောင်းအရာတချို့လူမှုကွန်ယက်မှာပျံ့နှံံလာပါတယ်။

By - Boom Live Myanmar |
Published -  25 Jun 2022 11:15 PM IST
  • ဒေါ်စုကို အချုပ်ထောင်ပို့တဲ့ ပုံအဖြစ်ဖြန့်ဝေထားတဲ့ ဓါတ်ပုံအဟောင်း

    အဆိုပါ ဓါတ်ပုံကို ဇွန်လ ၂၃ ရက်နေ့က လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြတာဖြစ်ပြီး ဒီကနေ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေကြပါတယ်။ ဓါတ်ပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အနောက်ဘက်ကနေ အပေါ်စည်းရိုက်ကူးထားတာ ဖြစ်ပြီး လက်ရှိဖြန့်ဝေတဲ့ပုံထဲမှာ ဦးခေါင်းတဝိုက်ကိုသာကွက်ပြီးဖြတ်တောက်ထားတာဖြစ်လို့ ဆံပင်ဖြူတွေလိုလို ဦးရေပြားမှာ ဆံသားတွေ ပါးနေသလိုလို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီဓါတ်ပုံနဲ့အတူ ခေါင်းစဉ်ရေးသားရမှာလည်း "ခုလက်ရှိ ပုံလို့သိရပါတယ်။ ယနေ့ နေ့လည် (၂)နာရီခန့်ကနေပြည်တော် အချုပ်ထောင်ပို့ဆောင်လိုက်ပါပီ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ကို ပြောင်းရွေ့ထားစဉ် ရိုက်ကူးထားတယ်ဆိုတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၉ ခုနှစ် ဓါတ်ပုံ အဟောင်းဖြစ်တာကို တွေ့ရပါတယ်။ ဒီဓါတ်ပုံဟာ လက်ရှိသူမကို ဖမ်းဆီးညီ့းနောက်ပိုင်း ရိုက်ကူးထားတဲ့ ဓါတ်ပုံ မဟုတ်ပါဘူး။ မူရင်းပုံဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၄ ရက် သင်္ကြန်အကြိုနေ့မှာ နေပြည်တော်က တိုက်ချီတို ရေကစားမဏ္ဍပ်မှာ ရေးကစားစဉ်က ရိုက်ကူးထားတဲ့ဓါတ်ပုံတစ်ပုံသာဖြစ်ပါတယ်။


    ၂၀၁၉ ခုနှစ်က တိုက်ချီတို ရေကစားမဏ္ဍပ်မှာ ဒေါ်အောင်ဆန်းစုကြည် ရေကစားနေတဲ့ သတင်းကို ဒီနေရာ ကြည့်ပါ။ ဒီဓါတ်ပုံကို စတင်ဖြန့်ဝေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ Page တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsold photoMilitaryCoupArrestဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိဓါတ်ပုံ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!