BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဥရုချောင်းကို ရိုက်ယူထားတဲ့...
သတင်းအတု

ဥရုချောင်းကို ရိုက်ယူထားတဲ့ ဓာတ်ပုံမဟုတ်ပါ

ကြည်လင်နေတဲ့ ရေပြင်ပေါ်က လှေငယ်တစ်စီးပါဝင်တဲ့ ဓာတ်ပုံကို ဖြန့်ဝေကာ တချိန်က ဥရုချောင်းဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 May 2024 9:14 AM IST
  • ဥရုချောင်းကို ရိုက်ယူထားတဲ့ ဓာတ်ပုံမဟုတ်ပါ

    ဒီအကြောင်းအရာကို Beautiful in Kachin State ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေ ခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အလွန်တရာ ကြည်လင်နေတဲ့ ရေပြင်ပေါ်က လှေငယ်တစ်စီးပါဝင်တဲ့ ဓာတ်ပုံနဲ့ အမှိုက်သရိုက်တွေ အပါအဝင် အဝါရောင်ရေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၂ ပုံကို ယှဉ်ပြထားပြီး 'တချိန်က ဥရုချောင်း၊ ယခု ဥရုချောင်း' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဓာတ်ပုံ ၂ ပုံမှာ အမှိုက်သရိုက်တွေ အပါအဝင် အဝါရောင်ဖြစ်နေတဲ့ ဓာတ်ပုံဟာ ဥရုချောင်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဟုတ်၊ မဟုတ် ဆိုတာကို သေချာမသိရှိရပေမယ့် ကြည်လင်နေတဲ့ ရေပြင်ပေါ်က လှေငယ်တစ်စီးပါဝင်တဲ့ ဓာတ်ပုံကတော့ အိန္ဒိယနိုင်ငံ Meghalaya ပြည်နယ်ရှိ Umngot မြစ်ထဲက လှေငယ်တစ်စီးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

    ဒီပုံကို အိန္ဒိယနိုင်ငံ ရေအရင်းအမြစ်ဦးစီးဌာနရဲ့ X အကောင့် (ယခင်တွစ်တာ) မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ဖြန့်ဝေထားတာ ဖြစ်ပါတယ်။


    ဒါကြောင့် ဒီပုံဟာ ဥရုချောင်းမှာ ရိုက်ကူးထားတဲ့ ပုံမဟုတ်ပါဘူး။

    အိန္ဒိယနိုင်ငံ ရေအရင်းအမြစ်ဦးစီးဌာနက ဖော်ပြထားတဲ့ မူရင်းပုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဥရုချောင်းဟာ ကချင်ပြည်နယ် ဟူးကောင်းလွင်ပြင်ကနေ စတင် မြစ်ဖျားခံပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထွက်ဝကျေးရွာမှာ ချင်းတွင်းမြစ်အတွင်းကိုစီးဝင်သွားတာဖြစ်ပါတယ်။

    ဖားကန့်မြို့ကို ဖြတ်သန်းစီစဉ်သွားတဲ့ ဥရုချောင်းရေဟာ ထုံးတွေဖျော်ထားသလို ခဲရောင်ပေါက်လာပြီး သိသိသာသာ အရောင်ပြောင်း နေတယ်လို့ People's Spring သတင်းဌာနက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းမှာ ဖော်ပြထားခဲ့ပါသေးတယ်။


    သတင်းထဲမှာ ဖားကန့်မြို့ကို ဖြတ်သန်းစီစဉ်သွားတဲ့ ဥရုချောင်းရေဟာဒီရက်ပိုင်းမှာ ထုံးတွေဖျော်ထားသလို ခဲရောင်ပေါက်လာပြီး သိသိ သာသာ အရောင်ပြောင်းနေကြောင်း၊ ဥရုချောင်းအထက်ပိုင်းက ရွှေ တူးဖော်ရေးလုပ်ကွက်တွေကနေ ရွှေတူးစဉ်မှာ သုံးတဲ့ သတ္တုရည်တွေ မျောပါလာတာလို့ ဒေသခံတွေကယူဆနေကြောင်း၊ ယခင်က ကြည်လင်နေတဲ့ ဥရုချောင်းရေဟာ စစ်အစိုးရလက်ထက် ကစပြီး ​ကျောက်စီမ်းနဲ့ ရွှေတွေ အလွန်အကျွံတူး‌ဖော် ခဲ့တာ​တွေကြောင့် နောက်ကျိသွားခဲ့ပြီး ​ကော်ဖီ​ရောင်ပြောင်းလဲလာကြောင်း၊ အခုအခါမှာ အခြေအနေပိုဆိုးလာပြီး ခဲရောင်ဖြစ်လာတာ ဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ ဖားကန့်​ဒေသမှာ ​ကျောက်စိမ်းနဲ့ ​ရွှေတူး​ဖော်မှုဟာ အထိန်းအကွပ်မရှိ​တော့ပဲ အလွန်အကျွံတူး​ဖော်​နေကြောင်း ဖော်ပြထားပါတယ်။

    People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    clean riverdirty riverFakenewsfalse imagesရွှေတူး​ဖော်မှုရေအရင်းအမြစ်
    Read Full Article
    Claim :   တချိန်က ဥရုချောင်းကို ရိုက်ယူထားတဲ့ ဓာတ်ပုံလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!