BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မွေးနေ့မှာ ရိုက်ကူးထားတယ်ဆိုတဲ့...
သတင်းအတု

မွေးနေ့မှာ ရိုက်ကူးထားတယ်ဆိုတဲ့ ဒေါ်စုဗီဒီယို အဟောင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သွားရောက် တွေ့ဆုံထားတယ်ဆိုတဲ့ Video တစ်ပုဒ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လူမျုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး အဆိုပါဗီဒီယိုဟာ ၂၀၁၉ ခုနှစ်က ရိုက်ကူးထားတဲ့ Video တစ်ခုကို ပြန်လည်ဖြတ်တောက်ပြင်ဆင်ပြီးဖြန့်ဝေထားတာသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Jun 2022 11:23 PM IST
  • မွေးနေ့မှာ ရိုက်ကူးထားတယ်ဆိုတဲ့ ဒေါ်စုဗီဒီယို အဟောင်း

    အဆိုပါ Video ကို Cele Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဆုံးမစကားပြောနေတဲ့ စကားတချို့ပါဝင်ပါတယ်။ဒီ Video ဟာ ၄ မိနစ်အတိ ကြာမြင့်ပြီးတော့ Video ရဲ့အပေါ်မှာ "ဒီနေ့ အမေစုမွေးနေ့မှာ သွားရောက် တွေ့ဆုံခဲ့" လို့ ရေးသားထားပါတယ်။ ၎င်း Video နဲ့အတူ "ခနလေး တွေ့ ခွင့်ရတောင် သူ့ ပြည်သူတွေကို စိတ်ပူနေတာတဲ့ ချစ်လိုက်တာ အမေရယ်" ဆိုတဲ့စာသားနဲ့ တွဲဖက်ဖြန့်ဝေထားတာဖြစ်ပါတယ်။

    မူရင်း ဖြန့်ဝေထားတဲ့ Video တွေကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Cele Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတဲ့ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၁ သန်းခွဲခန့်ရှိပြီး Like လုပ်ထားသူ ၂ သိန်းခွဲခန့်ရှိကာ မှတ်ချက်ရေးသားသူ ၈ ထောင်ကျော်ရှိနေပါတယ်။ ဒါ့အပြင် တစ်ခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြလျက်ရှိပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ သွားရောက်တွေ့ဆုံထားတယ်ဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က Video အဟောင်းကို ပြန်လည်ဖြန့်ဝေထားတာ တွေ့ရပါတယ်။

    အခု ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည်မွေးနေ့ ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက် မည်သူမှ သွားရောက်တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပါဘူး။ မွေးနေ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇွန်လ ၂၀ ရက်နေ့မှာတော့ နေပြည်တော် အထူးတရားရုံးမှာ သူမရဲ့ ရှေ့နေတွေယူဆောင်လာတဲ့ ကိတ်မုန့်နဲ့ မွေးနေ့ကျင်းပခဲ့ပါတယ်။ နေပြည်တော် အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပခဲ့တဲ့ အကြောင်းကို ဒီ Link မှာ ဖတ်ပါ။


    Cele Myanmar ဆိုတဲ့ ပေ့ချ်က တင်ထားတဲ့ Video ဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က သူမမွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဆုံးမ စကားပြောကြားခဲ့တဲ့ Video အဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ မူရင်း Video ကို အောင်ဆန်းသွေးဆိုတဲ့ ဖေ့စ်ဘွတ်က ၂၀၁၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြောကြားခဲ့တဲ့ အကြောင်းအရာကို တင်ထားတာ ဖြစ်ပါတယ်။ မူရင်း Video ဟာ ၉ မိနစ်နဲ့ ၄၃ စက္ကန့်ကြာမြင့်ပြီး Cele Myanmar page က ၄ မိနစ်ကို ဖြတ်ပြီး တင်ထားတာ တွေ့ရပါတယ်။ အောင်ဆန်းသွေးဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတဲ့ မူရင်း Video ကို ဒီနေရာမှာ ကြည့်ပါ။





    Tags

    old videoDaw Aung San Suu Kyi
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ သွားရောက် တွေ့ဆုံခဲ့
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!