BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဓါတ်ပုံထဲက ကလေးဟာ...
သတင်းအတု

ဒီဓါတ်ပုံထဲက ကလေးဟာ ကျောက်တုံးတွေအောက် ပိမိနေတာ မဟုတ်ပါ

ကလေးငယ်တစ်ဦး အုတ်ပုံအောက် ပိတ်မိနေပုံပေါက်တဲ့ ဓါတ်ပုံကို အသုံးပြုပြီး လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ဖြစ်ပျက်နေသယောင် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 March 2025 10:06 AM IST
  • ဒီဓါတ်ပုံထဲက ကလေးဟာ ကျောက်တုံးတွေအောက် ပိမိနေတာ မဟုတ်ပါ

    ဒီအကြောင်းအရာကို လူမှုမီဒီယာတွေပေါ်မှာ မတ်လ ၂၉ ရက် နေ့လည်ပိုင်း မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အုတ်ပုံအပေါက်ကနေ ခြောင်းကြည့်နေတဲ့ ကလေးဓါတ်ပုံကို အသုံးပြုပြီး 'အသက်လုနေတဲ့ ကလေးလေး။ မိဘတွေတော့ ရင်ကွဲပါပြီ။ အားတင်ထား ခလေး' လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကလေးငယ်တစ်ဦး အုတ်ပုံအောက် ပိတ်မိနေပုံပေါက်တဲ့ ဓါတ်ပုံကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီကလေး ဗီဒီယိုကလစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက လူမှုမီဒီယာတွေပေါ်မှာ ‘ဂါဇာမှာ အစ္စရေးတွေ ပစ်ခတ်မှု ကြောင့် အပျက်အစီးများအောက်မှာ ပိတ်မိနေတဲ့ ပါလက်စတိုင်း ကလေးငယ်တစ်ဦး’ ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    တကယ်တော့ ဒီကလေးဟာ ဂါဇာက ပါလက်စတိုင်းကလေးငယ် မဟုတ်သလို အပျက်အစီးများအောက်မှာ ပိတ်မိ နေတာလည်း မဟုတ်ပါဘူး။

    Tiktok အသုံးပြုသူတစ်ဦးက ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ယူပြီး လုပ်ကြံရေးသား ဖြန့်ဝေနေတာပါ။

    အကောင့်ဖျက်လိုက်ပြီး ဖြစ်တဲ့ ဒီ Tiktok အသုံးပြုသူဟာ ဒီလို နံရံတဘက် အပေါက်ကနေ ကလေးတွေကို ရိုက်ကူးထားတဲ့ ပုံစံတူ ဗီဒီယိုဖိုင် အများအပြားလည်း တင်ခဲ့ပါတယ်။


    Tal Hagin ဆိုတဲ့ X ဆိုရှယ်မီဒီယာ အကောင့်ပိုင်ရှင်ကလည်း ဒီဗီဒီယိုဟာ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့ ကလေး မဟုတ်ဘူး လို့လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းမှာ ဖြန့်ဝေထားပါသေးတယ်။

    ဖြန့်ဝေထားတဲ ဗီဒီယိုဖိုင်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီလို ကလေးငယ်တွေကို နံရံတဘက် အပေါက်ကနေ ရိုက်ကူးဖြန့်ဝေထားတဲ့ Tiktok ဗီဒီယိုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာလည်း ကြည့်ရှု့နိုင်ပါတယ်။

    Tags

    FakevideoFake imagesဓာတ်ပုံအတုဓာတ်ပုံအမှားearthquakeသဘာဝဘေးအန္တရာယ်
    Read Full Article
    Claim :   ကလေးငယ်တစ်ဦး အုတ်ပုံအောက် ပိတ်မိနေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!