စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို သီတဂူဆရာတော် Live လွှင့်ပြီး ဝေဖန်တယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို သီတဂူဆရာတော်က Live လွှင့်ပြီး ဝေဖန်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Namcheav Pakonkeang ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းကို 'မင်းအောင်လှိုင် လုပ်ရပ်တွေကို သီတဂူဆရာတော် Live လွှင့်ပြီး ဝေဖန်' လို့ ရေးသားကာ ဆယ်မိနစ်နီးပါး ကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ရင် စစ်ခေါင်းဆောင်ကို သဒ္ဒါပညာနဲ့ ပြည့်စုံတဲ့မင်းဆိုပြီး လူသိရှင်ကြား ချီးကျူးခဲ့တဲ့အပေါ် လူအများ ဝိုင်းဝန်းပြစ်တင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာအပါအဝင် သီတဂူဆရာတော်ရဲ့ အကြောင်းတွေကိုသာ နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာထဲမှာ မင်းအောင်လှိုင် လုပ်ရပ်တွေကို ဝေဖန်တယ်ဆိုတဲ့ အကြောင်းလည်း ပါဝင်ခြင်းမရှိပါဘူး။

ဒီဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင်ဖန်တီးဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

လက်ရှိမှာ သီတဂူဆရာတော်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ ဆက်ဆံရေး အထူးကောင်းမွန်နေတဲ့အတွက် ပြည်သူအများစု ဝေဖန်ခံနေရတာဖြစ်ပါတယ်။

Claim :   စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို သီတဂူဆရာတော်က Live လွှင့်ပြီး ဝေဖန်
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.