BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဗီဒီယိုကလစ်တွေဟာ ဒူဘိုင်းမှာ...
သတင်းအတု

ဒီဗီဒီယိုကလစ်တွေဟာ ဒူဘိုင်းမှာ လက်ရှိဖြစ်နေတဲ့ ရေလွှမ်းမှုဖြစ်စဉ်က ရုပ်သံဖိုင်တွေ မဟုတ်ပါ

ဒူဘိုင်းမှာ မုန်တိုင်းကျပြီး ရေကြီးတဲ့ ဖြစ်စဉ်က မြင်ကွင်းတွေဆိုပြီး ဖြစ်စဉ်အဟောင်းက ဗီဒီယိုကလစ်တွေကို ပြန်လည်ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  23 April 2024 8:31 AM IST
  • ဒီဗီဒီယိုကလစ်တွေဟာ ဒူဘိုင်းမှာ လက်ရှိဖြစ်နေတဲ့ ရေလွှမ်းမှုဖြစ်စဉ်က ရုပ်သံဖိုင်တွေ မဟုတ်ပါ

    ဒီဗီဒီယိုဖိုင်ကို Drizzle’s Vlog ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီ ၁၇ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှု့သူ သိန်းကျော်ရှိနေပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် တစ်မိနစ် ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ '16-April-2024 ဒူဘိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ သဘာဝဘေးအန္တရာယ် … ၁၂နာရီအတွင်း ၁နှစ်စာ မိုးရွာချခဲ့တယ်တဲ့…လေယာဉ်တွေလည်းရေထဲမျောလို့' လို့ ရေးသားထားပါတယ်။

    ဗီဒီယိုမှာ ‘Dubai storm and flood. April 2024’ လို့ ရေးထားပြီး လေမုန်တိုင်း တိုက်ခတ်နေတဲ့ မြင်ကွင်းတွေ၊ ရေကြီးနေတဲ့ မြင်ကွင်းတွေ ပါဝင်တဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။

    ရုပ်သံဖိုင်ထဲမှာ လူအချို့ အော်သံတွေအပြင် သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရပါတယ်။

    ဒူဘိုင်း မုန်တိုင်းတိုက် ရေကြီးတာနဲ့ ပက်သတ်ပြီး အချို့ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေမှာလည်း အလားတူ ‘Dubai storm and flood. April 2024’ ဆိုတဲ့ စာရေးသားထားတဲ့ ရုပ်သံဖိုင်ထဲမှာ ကားတွေရေနစ်မြုပ်နေမှု၊ တိုနေးဒိုးမုန်တိုင်း တိုက်ခတ်နေပုံနဲ့ လေယာဉ်တွေ ရေနစ်မြုပ်နေတဲ့ ရုပ်သံဖိုင်တွေ ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုဖိုင်အတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေနေတဲ့ ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒူဘိုင်းအပါအဝင် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသက နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ စံတင်ချိန် မိုးသည်းထန်စွာ ရွာခဲ့တဲ့ ဖြစ်စဉ်က ရုပ်သံမှတ်တမ်းတွေနဲ့ ရောပြီး ယခင်ကဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို စာတမ်းထိုးပြီး ဖြန့်ဝေနေတာတာတွေ ဖြစ်ပါတယ်။

    အောက်မှဖော်ပြထားတဲ့ ဗီဒီယိုကို Al-Hidayah TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

    ဒီဗီဒီယိုဖိုင်ထဲက အချို့ အပိုင်းတွေကိုလည်း ဖြတ်ယူပြီး ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ထည့်သွင်းထားတာ တွေ့နိုင်ပါတယ်။


    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အချို့ ရုပ်သံအပိုင်းတွေကိုကို Dragonrijder3000 ဆိုတဲ့ Youtube ချန်နယ်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက “Giant Monster Attacks City,” ဆိုပြီး ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်အတိုထဲက ဖြတ်ယူထားတာတွေလည်း ရှိပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


    မူရင်း ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဗီဒီယိုဖိုင်ရဲ့ အချို့အပိုင်းတွေမှာတော့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ အပိုင်းတွေလည်း ပါဝင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတာဖြစ်ပါတယ်။

    Tags

    သဘာဝဘေးအန္တရာယ်ဒူဘိုင်းDubai Storm 2024Dubai floodမိုးသည်းထန်Fake videoဒူဘိုင်းမုန်တိုင်းextreme weatherFloodsVideos
    Read Full Article
    Claim :   ဒူဘိုင်း ရေလွှမ်းမှုဖြစ်စဉ်က ရုပ်သံဖိုင်တွေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!