BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီ Video တွေက မြန်မာနိုင်ငံက...
သတင်းအတု

ဒီ Video တွေက မြန်မာနိုင်ငံက မဟုတ်ပါ

လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ မေမြို့ ခေါ် ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တဲ့ဖြစ်စဉ်ကVideo အဖြစ်ဖြန့်ဝေထားတဲ့အကြာင်းအရာတစ်ခုပေါ်ထွက်လာပါတယ်။

By - Boom Live Myanmar |
Published -  15 April 2024 9:09 PM IST
  • ဒီ Video တွေက မြန်မာနိုင်ငံက မဟုတ်ပါ

    ဒီ Video ကို သပိတ်အင်အားစု Page တစ်ခုအပါအဝင် တစ်ခြား ဖေ့စ်ဘွတ်အသုံးပြုသူတွေကပါ ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားကြတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ဒုံးကျည်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်နေတဲ့ မတူညီတဲ့ Video ပုဒ်ကို ဖြန့်ထားကြတာ ဖြစ်ပါတယ်။ ပထမ Video ထဲမှာ ဒုံးကျည်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်နေတဲ့ပုံကို တာဝါတိုင်လို့ ယူဆရတဲ့နေရာ တစ်ခုနားက ရိုက်ကူးထားတာဖြစ်ပြီး အဆောက်အဦးတစ်ခုကိုလည်း မီးရောင်တွေထဲက မြင်နေရပါတယ်။ ဒုတိယ Video ထဲမှာတော့ ဒုံးတွေနဲ့ ပစ်ခတ်နေတာကို အဝေးက မြင်နေရတာဖြစ်ပြီး မီးရောင်တွေသာ မြင်နေရပါတယ်။ ဒီ Video ၂ ပုဒ်ကိုသုံးပြီး မေမြို့ခေါ် ပြင်ဦးလွင်မြို့ကို လျှော့တိုက်ဒုံးနဲ့ ပစ်နေတာ ဖြစ်တယ်လို့ ဖြန့်ထားကြတာ ဖြစ်ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဧပြီလ ၁၄ ရက်နေ့ညက မေမြို့ခေါ် ပြင်ဦးလွင်မြို့ကို လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ Video ၂ ပုဒ်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဒီ Video တွေက မြန်မာနိုင်ငံက ဖြစ်စဉ်တွေ မဟုတ်တာကို တွေ့ရပါတယ်။

    ဒီ Video ၂ ပုဒ် စလုံးဟာ မြန်မာနိုင်ငံနဲ့ မသက်ဆိုင်ပါဘူး။ ပထမ တစ်ပုဒ်ဟာ အီရန်က အစ္စရေးနိုင်ငံကို ပဲ့ထိန်းစနစ်နဲ့ ပစ်ခတ်တဲ့ အတွဲလိုက်ဒုံးနဲ့ ပစ်ခတ်တဲ့ Video ဖြစ်ပြီး အီရန်က အစ္စရေးကို တိုက်ခိုက်တဲ့အချိန်မှာ လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာ အဖွဲ့ကလည်း အစ္စရေးဘက်ကို ဒုံးကျည်အစင်းပေါင်းများစွာနဲ့ ပစ်ခတ်တဲ့ Video files တွေသာ ဖြစ်ပါတယ်။

    မူရင်း Video တွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို ရောက်နေစဉ်မှာ တော်လှန်ရေးအင်အားစုတွေက လျှော့တိုက်ဒုံး အလုံး ၃၀ ခန့်နဲ့ ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီလို ပစ်ခတ်မှုကြောင့် ပြင်ဦးလွင် စစ်တက္ကသိုလ် သင်္ကြန်မှာ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်က ပြန်သွားခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေ အပေါ်ကိုလည်း ကျရောက်ခဲ့ပြီး ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိထားပါတယ်။ စစ်တက္ကသိုလ်ထဲ ကျရောက်ပေါက်ကွဲတဲ့ သတင်းတွေကိုတော့ စစ်တပ်ဖက်က ဖုံးဖိထားတဲ့အတွက် အထိအခိုက် အပျက်အဆီးတစ်စုံတစ်ရာကို မသိရပါဘူး။ ဒီ ဖြစ်စဉ်ဖြစ်ပေါ်နေတဲ့အချိန်မှာ အီရန် နဲ့ ဟစ္စဘိုလာတို့က အစ္စရေးကို ပစ်ခတ်တဲ့ Video တွေကို အသုံးပြုထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

    Tags

    Fake newsDSAMilitaryMissileIranIsraelအီရန်အစ္စရေးလျှော့တိုက်ဒုံးစစ်ကောင်စီပြင်ဦးလွင် စစ်တက္ကသိုလ်မင်းအောင်လှိုင်
    Read Full Article
    Claim :   မေမြို့ခေါ် ပြင်ဦးလွင်မြို့ကို လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ရုပ်သံ
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!