BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီ Video တွေက ဒူဘိုင်းရေကြီးတဲ့...
သတင်းအတု

ဒီ Video တွေက ဒူဘိုင်းရေကြီးတဲ့ ဖြစ်စဉ်က မဟုတ်ပါ

ဒူဘိုင်းနိုင်ငံက ရေကြီးမှုကြောင့် ကားတွေ ရေစီးနဲ့ မျောပါသွားတယ်ဆိုတဲ့ Video တွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 April 2024 8:28 AM IST
  • ဒီ Video တွေက ဒူဘိုင်းရေကြီးတဲ့ ဖြစ်စဉ်က မဟုတ်ပါ

    အဆိုပါ Video တွေကို ဧပြီလ ၁၉ ရက်နေ့က လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံနှံ့ခဲ့တာ ဖြစ်ပြီး ဒူဘိုင်းနိုင်ငံမှာ ရေကြီးတဲ့ ဖြစ်စဉ်ကြောင့် ကားတွေ အရှိန်ပြင်းပြင်း မျှောပါသွားတယ်လို့ ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။ ဒီလို ဖြန့်ဝေရာမှာ မတူညီတဲ့ Video ၄ ပုဒ်ခန့်နဲ့ ရေးသားနေကြတာ ဖြစ်ပါတယ်။ Video တိုင်းရဲ့ အပေါ်မှာ ယနေ့ ဒူဘိုင်းမှာ လုံးဝ ရေကြီးနေတဲ့ဖြစ်စဉ်လို့ ရေးသားထားပါတယ်။ Video အသီးသီးရဲ့ အတွင်းမှာ ကားတွေ ရေစီးနဲ့ အရှိန်ပြင်းပြင်း မျှောပါနေတာကို တွေ့ရပါတယ်။

    မူရင်း ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video တွေကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် မှားယွင်း ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒူဘိုင်းနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေချိန် ကားတွေ ရေစီနဲ့ အရှိန်ပြင်းပြင်း မျှောပါသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဒူဘိုင်းနိုင်ငံက ဖြစ်စဉ်တွေ မဟုတ်တာကို တွေ့ရပါတယ်။

    ဒူဘိုင်းနိုင်ငံမှာ ကားတွေ ရေစီးနဲ့ မျှောပါနေတဲ့ Video တွေဟာ ၂၀၂၃ ခုနှစ် နဲ့ ယခုနှစ် အစောပိုင်း ကာလအတွင်း ဆော်ဒီနိုင်ငံက ရေကြီးစဉ်က Video တွေသာ ဖြစ်ပါတယ်။ ၄င်း Video တွေကို TikTok အသုံးပြုသူတွေက ဆော်ဒီနိုင်ငံမှာ ရေကြီးတဲ့ ဖြစ်စဉ်လို့ ဖြန့်ထားကြတာ ဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဒူဘိုင်းက Video တွေလို့ ပြန်လည် ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။

    ဒီ Video တွေနဲ့ ပတ်သက်ပြီး TikTok အသုံးပြုသူတွေ တင်ထားတဲ့ Video ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


    ဘူဒိုင်းနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေမယ့် ကားတွေ အရှိန်ပြင်းပြင်း မျှောပါလောက်တဲ့ ဖြစ်စဉ်မျိုးထိ ဖြစ်ပျက်ခဲ့တာ မရှိပါဘူး။ ဒီရက်ပိုင်း အတွင်းမှာ အခုသတင်းအမှားတွေလို ဆော်ဒီနိုင်ငံက Video အဟောင်းတွေ အသုံးပြုပြီး ဒူဘိုင်း သဲကန္တာရမှာ ရေကြီးပြီး တိရစ္ဆာန်တွေ မျောပါသွားတယ်ဆိုတဲ့ သတင်းအမှား တစ်ချို့လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

    Tags

    False newsold videosHeavy floodSaudi ArabiaDubaiဒူဘိုင်းရေကြီးVideo အဟောင်းသတင်းအမှား
    Read Full Article
    Claim :   ဒူဘိုင်းနိုင်ငံက ရေကြီးမှုကြောင့် ကားတွေ ရေစီးနဲ့ အရှိန်ပြင်းစွာမျောပါသွား
    Claimed By :  Facebook, Tiktok
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!