BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဓါတ်ပုံတွေက မြန်မာပလာဇာက မဟုတ်ပါ
သတင်းအတု

ဒီဓါတ်ပုံတွေက မြန်မာပလာဇာက မဟုတ်ပါ

မြန်မာပလာဇာမှာ ရေမွေးဝယ်ဖို့ လူပေါင်းများစွာ ၃ နာရီလောက် တန်းစီနေရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  8 Jun 2024 6:15 AM IST
  • ဒီဓါတ်ပုံတွေက မြန်မာပလာဇာက မဟုတ်ပါ

    အဆိုပါ သတင်းအတုကို Shwe Phone Mo ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက မေလ ၁၆ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ လူပေါင်းများစွာ တန်းစီနေတဲ့ဓါတ်ပုံရယ် ရေမွှေးပုလင်း ဓါတ်ပုံတွေကို ဖော်ပြထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ “ပြောရမှာတောင်ပျင်းဖို့ကောင်းတယ်။ Myanmar Plaza မှာ OUD AL SULTAN ရေမွှေးတစ်ပုလင်းကို 69,000 ကျပ်လျှော့ဈေးနဲ့ ဝယ်ဖို့ ၃ နာရီကြာလောက်် တန်းစီခဲ့လိုက်ရပါတယ်။ဝယ်လဲပြီးရော ဆိုင်ကသူတို့ရဲ့ website ကနေလဲအွန်လိုင်း အရောင်း ဖွင့်ပေးမယ်ဆိုပြီး ကြေညာလိုက်ပါတယ်….” (မူရင်းဖော်ပြထားသည့်အတိုင်း) ရေးသားထားပါတယ်။ ၎င်းပိုစ့်ထဲမှာ Website တစ်ခုရဲ့ link ကိုပါ ဖော်ပြထားပြီး ကြော်ငြာထားတဲ့ ရေမွှေးကို မှာယူရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ အကြောင်းအရာကို like လုပ်ထားသူ ၅၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာပလာဇာမှာ ရေမွှေးဝယ်ဖို့ လူပေါင်းများစွာ ၃ နာရီလောက် တန်းစီခဲ့ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တစ်ခြားနိုင်ငံက ဓါတ်ပုံအဟောင်းတွေသုံးပြီးဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    သတင်းအမှားထဲမှာ ပါဝင်တဲ့ မူရင်းဓါတ်ပုံတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်က Global Times သတင်းဌာနက ဖော်ပြခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဇိမ်ခံပစ္စည်းရောင်းဝယ်ရေး စျေးကွက်ဟာ ကမ္ဘာအကြီးဆုံးအဆင့်ထိ မြင့်တက်လာပြီလို့ ဖော်ပြထားတဲ့ သတင်းမှာ အသုံးပြုထားတဲ့ပုံဖြစ်ပါတယ်။

    Global Times က ဖော်ပြခဲ့တဲ့ ဓါတ်ပုံကို ဒီနေရာမှာ ကြည့်ပါ။


    အခုလို သတင်းအမှားမျိုးဟာ နိုင်ငံအသီးသီးမှာ ဘာသာစကား အမျိုးမျိုးနဲ့ မကြာခဏထွက်ပေါ်လေ့ရှိပြီး Google Translate အသုံးပြုကာ အကောင့်တုတွေဖွင့်ပြီး လိမ်လည်လေ့ရှိတဲ့ သတင်းအမှားမျိုးသာ ဖြစ်ပါတယ်။

    Tags

    Fake newsOld photosOnline Scamသတင်းအတုအွန်လိုင်းလိမ်ညာမှုဓါတ်ပုံအဟောင်း
    Read Full Article
    Claim :   မြန်မာပလာဇာမှာ ရေမွေးဝယ်ဖို့ လူပေါင်းများစွာ ၃ နာရီလောက် တန်းစီနေရတယ်ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!